0 Shares 30 Views


Apr 27, 2019
0 30




Download

[Unicode]

မကောင်းဆိုးဝါးတွေကို တိုက်ခိုက်ရမယ့် Vampire’s Fall: Origins

Vampire’s Fall: Origins ဟာ အသစ်ထွက်လာတဲ့ RPG Game ဖြစ်ပြီး Old-School Feel ကို ခံစားရမှာပါ။ Diablo နဲ့ Baldur’s Gate တို့လို Classic ဆန်တဲ့ ရှုခင်းများ ပါဝင်ပါတယ်။ သင်ဟာ မကောင်းဆိုးဝါးများရဲ့ အန္တရာယ်ကနေ သင့်ရွာကို ကာကွယ်ပေးရတဲ့ လူငယ်လေး နေရာကနေ ကစားရမှာ ဖြစ်ပါတယ်။

ကမ္ဘာအနှံ့ခြေဆန့်ပြီး အမှတ်များ စုဆောင်းရမှာ ဖြစ်ပါတယ်။ မကောင်းဆိုးဝါးများကို သတ်ရင် ရတနာများ ရရှိမှာဖြစ်ပြီး သင့်ရဲ့ စွမ်းရည်များနဲ့ လက်နက်များကို အဆင့်မြှင့်နိုင်ပါတယ်။ RPG Game ကြိုက်သူများအတွက်တော့ Vampire’s Fall: Origins ကို ညွှန်းပေးချင်ပါတယ်။ Play Store မှာလည်း သူဟာ ကောင်းမွန်တဲ့ ဝေဖန်သုံးသပ်မှုများ ရနေပါတယ်။

သူ့ကို အခမဲ့ ကစားနိုင်ပါတယ်။ In-app Purchase များ မပါပါဘူး။ Offline ကစားနိုင်ပါတယ်။ Multiplayer PvP ကိုတော့ အွန်လိုင်းမှသာ ကစားနိုင်ပါတယ်။ ကြော်ညာများ ကြည့်ပေးခြင်းဖြင့် ဂိမ်း ဖန်တီးသူကို ဝင်ငွေရအောင် သင်က ပြုလုပ်ပေးနိုင်ပါတယ်။ သူ့ကို Android 4.1 နဲ့ သူ့အထက်မှာ ကစားနိုင်ပါတယ်။

Download

You may be interested

Triple Rear Cameras များပါမယ့် Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras များပါမယ့် Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ့ Exynos Chipset ပါတာ One Vision တစ်လုံးထဲ မဟုတ်တော့ပါဘူး။ Motorola ရဲ့ နောက်ထုတ်မယ့် One Action မှာလည်း ပါလာတော့မှာပါ။ အဲဒီ One Phone ၂ လုံးမှာ တူညီချက်များစွာ…

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
NEWS, Science, Softwares & Application
0 shares0 views

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်

Ko Thuya - Jun 16, 2019

ဂျပန်မှ Advanced Industrial Science and Technology, or AIST က နေအိမ် တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သူဟာ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုမှာ သူဟာ နံရံများကို…

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Jun 16, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို စုစည်းပေးလိုက်ပါတယ်။ 10/6/2019 Huawei က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ဖို့ စာချုပ်ချုပ်ပြီးပြီ အမေရိကန်နဲ့ ပူးပေါင်းတဲ့ နည်းပညာ ကုမ္ပဏီများအား နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ တရုတ် သတိပေး 11/6/2019 “Honor က ဒီနှစ်မှာ…

Leave a Comment

Most from this category