ယာဉ်ကြော ပိတ်ဆို့မှု အနည်းပါးဆုံး လမ်းကြောများကို ပြသပေးမယ့် Waze

Waze ဟာ ယာဉ်မောင်းသူများကြားမှာ လမ်းပိတ်ဆို့မှု အခြေအနေတွေကို မျှဝေကြတာ ဖြစ်ပါတယ်။ အဲဒီအတွက် ယာဉ်မောင်းသူများအနေဖြင့် အချိန်ကုန်ဆုံးမှု သက်သာသလို လောင်စာဆီကိုလည်း သက်သာစေပါတယ်။ Waze ကို ဖွင့်လိုက်တာနဲ့ လမ်းပိတ်ဆို့မှု၊ ယာဉ်မတော်တဆမှု၊ တည်ဆောက်ရေး လုပ်ငန်းခွင်၊ ရဲများရဲ့ တည်နေရာတို့နဲ့ အတူ အနီးအနားမှ Waze အသုံးပြုသူများရဲ့ တည်နေရာကို မိမိရဲ့ တည်နေရာနဲ့ တကွ မြေပုံမှာ ပြသပေးမှာ ဖြစ်ပါတယ်။

2D နဲ့ 3D Map Views များကို ရွေးချယ်နိုင်ပြီး အမြန်ဆုံးနဲ့ အတိုဆုံးလမ်းကြောင်းများကို တွေ့နိုင်ပါတယ်။ ယာဉ်ကြောပိတ်ဆို့မှု နည်းပါးတဲ့ လမ်းကြောင်းများကို အချိန်နဲ့ တစ်ပြေးညီ ပြောင်းလဲ ပြသပေးပါတယ်။ Waze မှာ စားသောက်ဆိုင်များ၊ အရောင်းဆိုင်များကိုလည်း ရှာဖွေနိုင်ပြီး Business ကို နှိပ်ရင် သူ့ရဲ့ တည်နေရာ၊ ဖုန်းနံပါတ်၊ ဝက်ဆိုက်လိပ်စာနဲ့ တည်နေရာညွှန်ပြမှုများကို တွေ့နိုင်ပါတယ်။ Waze မှာ သင့်ရဲ့ အိမ်နဲ့ ရုံးတို့ရဲ့ တည်နေရာများကို သတ်မှတ်နိုင်ပါတယ်။

Navigation Screen မှာ ကားရဲ့ အမြန်နှုန်းကို တွေ့နိုင်ပါတယ်။ ( အမြန်နှုန်းကို ပြသဖို့ Settings မှာ ရွေးချယ်ရမှာပါ။ ) သွားချင်တဲ့ တည်နေရာကို ထည့်သွင်းလိုက်ရင် ကြာချိန်၊ အကွာအဝေးတို့ကို ပြသပေးမှာ ဖြစ်ပါတယ်။ Waze ကို Voice Commands များနဲ့ ခိုင်းစေနိုင်တဲ့ အတွက် နေအိမ်၊ ရုံးခန်းအတွက် လမ်းညွှန်ချက်နဲ့ ကားပိတ်ဆို့မှုအခြေအနေများကို မေးမြန်းရာမှာ အသုံးဝင်ပါတယ်။

Download

ယာဉ်ကြော ပိတ်ဆို့မှု အနည်းပါးဆုံး လမ်းကြောများကို ပြသပေးမယ့် Waze

%d bloggers like this: