OPPO F11 Pro ရဲ့ Marvel’s Avengers Limited Edition ကို ကြေညာ

OPPO က F11 Pro ရဲ့ Marvel’s Avengers Limited Edition ကို ကြေညာလိုက်ပါတယ်။ သူ့ကို မလေးရှားမှ Marvel နဲ့ ပူးပေါင်းဖန်တီးထားတာ ဖြစ်ပါတယ်။ တောက်ပတဲ့ အပြာရောင် ဒီဇိုင်း ဖြစ်ပါတယ်။ OPPO ရဲ့ နာမည်ကျော် အရောင်ပြောင်း ဒီဇိုင်းနဲ့အတူ ဆဋ္ဌဂံ အကွက်အပြောက် Pattern များ ပါပါတယ်။ အနီရောင် Avengers Logo ကို ထည့်သွင်းထားပါတယ်။

သူ့မှာ Captain America Theme သုံးထားတဲ့ Case ထည့်ပေးထားပါတယ်။ Captain America ရဲ့ ဝိသေသဖြစ်တဲ့ ဒိုင်း ပါပါတယ်။ ဒိုင်းကို Phone Stand Holder အဖြစ် သုံးနိုင်ပါတယ်။ ဘူးခွံမှာ အပူနဲ့ ရေးထိုးထားတဲ့ Avengers Logo ပါပါတယ်။ ဒါ့အပြင် Collector’s Badge ပါတဲ့ အတွက် Marvel Fans များ သဘောကျကြမှာပါ။

အခြား Specs များက မူလမော်ဒယ်နဲ့ တူပါတယ်။ သူ့မှာ ၆.၅ လက်မ FHD+ Panaromic Screen ထည့်သွင်းထားပြီး Screen-to-body Ratio မှာ ၉၀.၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။ MediaTek Helio P70 12nm Processor , 6GB RAM , Android 9.0 Pie အခြေပြု ColorOS 6.0 , 48MP+5MP Dual Rear Camera, 16MP Front Camera, 4000mAh Battery (VOOC Flash Charge 3.0) များ ပါပါတယ်။

Marvel’s Avengers Limited Edition ရဲ့ 128GB Version ကို မလေးရှား ရင်းဂစ် ၁၃၉၉ သတ်မှတ်ထားပါတယ်။ ၃၃၈ ဒေါ်လာလောက် ကျသင့်ပါတယ်။ မေလ ၃ ရက်မှာ ရောင်းမှာပါ။

Ref : fonearena

OPPO F11 Pro ရဲ့ Marvel’s Avengers Limited Edition ကို ကြေညာ

%d bloggers like this: