၂၀၂၀ ခုနှစ်မှာ Apple ကို Qualcomm နဲ့ Samsung တို့က 5G Modem ရောင်းမည်

Intel က Apple အတွက် 5G Modem များ ထုတ်လုပ်မှာ မဟုတ်ဘူးလို့ မကြာခင်က ပြောကြားလိုက်ပါတယ်။ အဲဒီအတွက် Apple ဟာ 5G iPhone ထုတ်လုပ်ဖို့ အတွက် Qualcomm နဲ့ ပူးပေါင်းရတော့မှာ ဖြစ်ပါတယ်။ အခုတော့ ဆမ်ဆောင်းကလည်း Apple ကို ကူညီတော့မှာ ဖြစ်ပါတယ်။

Apple အရေးကျွမ်းကျင်တဲ့ Ming-Chi Kuo က Apple ဟာ Qualcomm အပြင် 5G Modem ထောက်ပံ့မယ့် ဒုတိယ ကုမ္ပဏီကို လိုက်ရှာနေတယ်လို့ ပြောပါတယ်။ အဲဒီ ကုမ္ပဏီဟာ ဆမ်ဆောင်း ဖြစ်ပါတယ်။ ဆမ်ဆောင်းသာ ပါလာရင်တော့ Apple ဟာ Qualcomm တစ်ခုထဲကို မှီခိုစရာ မလိုတော့ပါဘူး။ ၂၀၂၀ ခုနှစ်မှာ Qualcomm နဲ့ Samsung ရဲ့ Chips များပါတဲ့ 5G iPhone များ ထွက်လာနိုင်ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ 5G iPhone များ ထွက်လာမှာ မဟုတ်ပါဘူး။ 5G ကွန်ရက်များကလည်း ဒီနှစ်ထဲမှာ တစ်ကမ္ဘာလုံးမှာ အသုံးပြုလို့ မရသေးပါဘူး။ Ming-Chi Kuo က ၂၀၂၀ ခုနှစ်မှာ 5G ကြောင့် iPhone များရဲ့ ရောင်းအား ကောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။

Ref : gsmarena

၂၀၂၀ ခုနှစ်မှာ Apple ကို Qualcomm နဲ့ Samsung တို့က 5G Modem ရောင်းမည်

%d bloggers like this: