Ford က မောင်းသူမဲ့ကားများဖြင့် အစားအစာများ ပို့ဆောင်ပေးနေ

ဖို့ဒ်က အမေရိကန် ပြည်ထောင်စု မီယာမီမှာ ယခုနှစ် အစောပိုင်းကတည်းက မောင်းသူမဲ့ ကားများကို စမ်းသပ်နေပါတယ်။ မကြာခင်ကလည်း ဖို့ဒ်ဟာ မောင်းသူမဲ့ ကားများဖြင့် အစားအစာများ သယ်ယူပို့ဆောင်ပေးဖို့ အတွက် Postmates နဲ့ ပူးပေါင်းခဲ့ပါတယ်။ ဖို့ဒ်က သူ့ရဲ့ Transit Vans များမှာ Touchpad ပါတဲ့ Locker များ ထည့်သွင်းထားပါတယ်။ လော့ကာများဟာ အစားအစာ၊ ကုန်ပစ္စည်း အမျိုးမျိုးထည့်သွင်းနိုင်အောင် အရွယ်အစား အမျိုးအစား များစွာ ရှိပါတယ်။

၀ယ်ယူသူထံ ကုဒ်တစ်ခုကို ပေးပို့ထားမှာ ဖြစ်ပြီး ကားရောက်လာချိန်မှာ အဲဒီ ကုဒ်ကို အသုံးပြု၍ လော့ကာကို ဖွင့်ရမှာဖြစ်ပါတယ်။ ဖို့ဒ်က မီယာမီနဲ့ မီယာမီ ကမ်းခြေများမှာ မောင်းသူမဲ့ ကားများဖြင့် အစားအစာပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုကို စမ်းသပ်နေပါတယ်။ စားသောက်ဆိုင်နဲ့ ဟာ့ဒ်ဝဲ အရောင်းဆိုင်များ အပါအဝင် လုပ်ငန်းပေါင်း ၇၀ ကျော်နဲ့ ပူးပေါင်းထားပါတယ်။

လက်ရှိမှာတော့ မောင်းသူမဲ့ ကားများမှာ လူတစ်ဦး လိုက်ပါ စောင့်ကြပ်မယ်လို့ သိရပါတယ်။ အောင်မြင်ရင်တော့ နောက်ပိုင်းမှာ လူများ မပါဘဲ ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဒီလို လုပ်ဆောင်ပေးနိုင်ဖို့ ဖို့ဒ်က ရည်မှန်းထားပါတယ်။ ဖို့ဒ်က စီးပွားရေး လုပ်ငန်းများနဲ့ စားသုံးသူများဟာ မောင်းသူမဲ့ ကားများဖြင့် အစားအစာများ သယ်ယူပို့ဆောင်တဲ့ ဝန်ဆောင်မှုကို ဘယ်လို တုန့်ပြန်မလဲဆိုတာကို လေ့လာမယ်လို့ ပြောပါတယ်။

ဖို့ဒ်ဟာ မီချီဂန် ပြည်နယ် Ann Arbor မှာ ဒိုမီနိုရဲ့ ပီဇာများကို မောင်းသူမဲ့ ကားများဖြင့် စမ်းသပ်ပို့ဆောင်ပေးခဲ့ဖူးပါတယ်။ ယခုလနှောင်းပိုင်းမှာ ဖို့ဒ်က ဒက်ထရွိုက်မှ Michigan Central Station မှာ စမ်းသပ်မယ့်အကြောင်းကို ကြေညာမှာပါ။

Ref : theverge

Ford က မောင်းသူမဲ့ကားများဖြင့် အစားအစာများ ပို့ဆောင်ပေးနေ

%d bloggers like this: