Drone တွေကို ပစ်ချမယ့် လက်နက် တပ်ဆင်ထားတဲ့ Drone

Shotgun တပ်ဆင်ထားတဲ့ ဒရုန်းရဲ့ ဗီဒီယိုတစ်ခု ထွက်လာပါတယ်။ လူတွေကို ပစ်ဖို့တော့ မဟုတ်ပါဘူး။ ဗီဒီယိုမှာ ရုရှား စကားပြောနေတာကို ကြားရပါတယ်။ အခြား ဒရုန်းများနဲ့ လေယာဉ်ငယ်များကို ပစ်ချဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

သူ့ကို ၂၀၁၆ ခုနှစ်မှာ Moscow Aviation Institute မှ ကျောင်းသားများက စတင် ဖန်တီးခဲ့ပုံရပါတယ်။ ဒရုန်းများမှာ သေနတ်များ တပ်ဆင်ထားကြတဲ့ သတင်းများ ယခင်ကလည်း ကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒရုန်းကနေ သေနတ်ပစ်ဖို့ ဆိုတာ နည်းပညာ အရ အခက်အခဲများ ရှိပါတယ်။ ရုရှားမှ ကျောင်းသားများကတော့ ဒရုန်းကနေ တိကျစွာ ပစ်ခတ်နိုင်ဖို့ အဆင့်မြင့် Stabilizing နည်းပညာကို တီထွင်နိုင်ခဲ့ပြီလို့ ထင်ရပါတယ်။ ရုရှားရဲ့ လက်နက် ထုတ်လုပ်သူ Almaz-Antey က အဲဒီ အချိန်ကတည်းက အဲဒီ ဒီဇိုင်းကို မှတ်ပုံတင်ထားပြီး နမူနာ မော်ဒယ်ကို တီထွင်ခဲ့ပါတယ်။

ဒရုန်းမှာ ရုရှား လုပ် Vepr-12 Shotgun တပ်ဆင်ထားတာ ဖြစ်ပါတယ်။ လူတစ်ယောက်က ဒရုန်းကို ထိန်းချုပ် မောင်းနှင်ရတာပါ။ သူဟာ မြေပြင် ကနေ ဝေဟင်သို့ ဒေါင်လိုက် ပျံတက်နိုင်ပြီး မိနစ် ၄၀ လောက် ပျံသန်းနိုင်ပါတယ်။ ဗီဒီယိုမှာ သူ့ရဲ့ အလုပ်လုပ်ပုံကို မြင်ရပါတယ်။ သူဟာ ဘောလုံး ပစ်မှတ်များကို ပစ်ခတ်နေတာကို ပြသထားပါတယ်။ ရီမုကွန်ထရိုး လေယာဉ်ကိုလည်း ပစ်ချပြခဲ့ပါတယ်။

Ref : theverge

Drone တွေကို ပစ်ချမယ့် လက်နက် တပ်ဆင်ထားတဲ့ Drone

%d bloggers like this: