၈၅ ဒေါ်လာသာ ရှိတဲ့ Realme C2

Realme 3 Pro နဲ့အတူ Realme C2 ကိုပါ ကြေညာလိုက်ပါတယ်။ C2 ဟာ တန်ဖိုးနည်း ဖုန်း ဖြစ်ပေမယ့် စွမ်းရည်သင့် လုပ်ဆောင်ချက်များ ပါပါတယ်။ သူ့မှာ 12nm Helio P22 Chipset မောင်းနှင်ထားပါတယ်။ ၈၅ ဒေါ်လာသာ ရှိတာက အရမ်းကိုလန်းပါတယ်။

သူ့မှာ ၆.၁ လက်မ HD Screen ပါပြီး အရွယ်သေး Notch ပါလာပါတယ်။ 2/16GB နဲ့ 3/32GB များ ရွေးချယ်နိုင်ပါတယ်။ microSD Card စိုက်နိုင်ပါတယ်။ ပင်မကင်မရာက Realme C1 (2019) နဲ့ တူညီပြီး 13MP+2MP များကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ အရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။

Android Pie အခြေပြု Color OS 6.0 မောင်းနှင်ထားပါတယ်။ ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံများ ဖမ်းယူပေးနိုင်တဲ့ Chroma Boost လုပ်ဆောင်ချက် ပါပါတယ်။ 480p 80 fps Slow-mo Video များ ရိုက်ကူးနိုင်ပါတယ်။ C2 ရဲ့ User Interface မှာ ကြော်ညာများ မထည့်ထားပါဘူး။

Diamond Blue နဲ့ Diamond Black အရောင်များ ထုတ်လုပ်ပေးထားပါတယ်။ မေလ ၁၅ ရက်မှာ Flipkart ကနေ ရောင်းချမှာ ဖြစ်ပါတယ်။ 3/32GB ကို ၁၁၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Realme India ရဲ့ စီအီးအို Madhav Sheth က ရူပီး ၅၃၀၀ သာရှိတဲ့ အတွက် အလကား ပေးထားသလိုပါပဲလို့ ပြောပါတယ်။

Ref : gsmarena

၈၅ ဒေါ်လာသာ ရှိတဲ့ Realme C2

%d bloggers like this: