Android မှာ မျက်စိရှုပ်စရာ ကြော်ညာတွေကို ဘယ်လိုပိတ်မလဲ?

Android မှာ ဘရောက်စာကနေ ဝက်ဆိုက်များကို ကြည့်တဲ့အခါမှာ Pop-Up Ads ခေါ် ကြော်ညာများ ပေါ်လာတတ်ပါတယ်။ ဒါ့အပြင် Apps များမှာလည်း ကြော်ညာများစွာ ပေါ်လာတတ်ကြပါတယ်။ ဒါဟာ စိတ်ပျက်စရာ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီ Pop-Up Ads များကို ပိတ်ပင်နိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။

Chrome

လူအများဆုံး အသုံးပြုကြတဲ့ Chrome မှာ Pop-Up များကို ပိတ်ပင်နိုင်တဲ့ စွမ်းဆောင်ချက် ပါပါတယ်။ Chrome ရဲ့ Settings> Site Settings> Pop-ups ထဲသွားပြီး Block လုပ်ပါ။

Firefox

Firefox မှာတော့ Pop-Up များကို ပိတ်ပင်နိုင်တဲ့ စွမ်းဆောင်ချက် မပါပါဘူး။ ဒါပေမယ့် သူ့မှာ Add-ons များကို အသုံးပြုနိုင်ပါတယ်။ uBlock Origin Add-on ကို အသုံးပြုရင် Pop-Up များကို ကာကွယ်ပေးနိုင်ပါတယ်။ သူ့ရဲ့ ကောင်းတဲ့ အချက်က သင့်ကိုယ်ပိုင် Rules များ ဖန်တီးခြင်း၊ Blacklists, Whitelists များ သတ်မှတ်ခြင်းများလို Customizations များကို ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ သူက Chrome ရဲ့ စွမ်းရည်ထက်တောင် Pop-Up များကို ပိုမို ထိန်းချုပ်နိုင်ပါတယ်။

Opera

Opera Mini ကလည်း စွမ်းဆောင်ချက်များစွာပါတဲ့ ဘရောက်စာ ဖြစ်ပါတယ်။ သူက Pop-Up များအပြင် AdBlocker လည်း ပါပါတယ်။ Chrome ထက်တောင် သူက မလိုလားအပ်တဲ့ အရာများကို ပိတ်ပင်ပေးနိုင်ပါတယ်။

သင့် ဖုန်းမှာ Malware များကို စစ်ဆေးပါ။

Malware များထဲမှာ Spyware, Ransomware, Adware များ ပါဝင်ပါတယ်။ Adware က ကြော်ညာများကို အလိုအလျှောက် ပြသပေးပြီး Pop-Up Ads များရဲ့ အဓိက လက်သည် ဖြစ်ပါတယ်။ သင့်ဖုန်းမှာ Antivirus ထည့်သွင်းထားရင် အလိုအလျှောက် Scan ပြုလုပ်ဖို့ သတ်မှတ်ထားပါတယ်။ သင့် Antivirus ရဲ့ Virus Definition များကိုလည်း အမြဲတမ်း Update လုပ်ပေးသင့်ပါတယ်။

အချို့ App များက Pop-Up များကို ဖြစ်စေပါတယ်။

သင့် ဖုန်းမှာ Pop-Up များ ပေါ်လာရင်တော့ အကြောင်းအရင်းတစ်ခုဟာ သင့်ဖုန်းမှ Apps များကြောင့် ဖြစ်နိုင်ပါတယ်။ All-in-one Cleaner Apps အချို့ကလည်း Pop-Up များကို ပြသတတ်ကြပါတယ်။ သင့် ဖုန်းမှာ Pop-Up များ မြင်တွေ့လာရရင်တော့ မကြာခင်က အင်စတောလုပ်ထားတဲ့ App ကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီ App ကို Uninstall လုပ်ပြီး Pop-Up များနောက်ထပ် ပေါ်လာခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ မရှိရင်တော့ ဒါဟာ အဲဒီ App ကြောင့် ဖြစ်ပါတယ်။ အဲဒီလို App မျိုးကို Play Store မှာ Bad Review ပေးသင့်ပါတယ်။

ref : maketecheasier

Android မှာ မျက်စိရှုပ်စရာ ကြော်ညာတွေကို ဘယ်လိုပိတ်မလဲ?

%d bloggers like this: