F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ မြန်ပါတယ်။ ဒါဟာ F-16 တိုက်လေယာဉ်ထက်တောင် မြန်တာပါ။ သူ့မှာ 120 kWh Battery ထည့်သွင်းထားပါတယ်။

သူ့ရဲ့ နမူနာမော်ဒယ်ကို ယခင်လက ပြသခဲ့ပြီး အခုတော့ နယူးယောက် နိုင်ငံတကာ ကားပြပွဲမှာ ထပ်မံ ပြသမှာ ဖြစ်ပါတယ်။ သူ့ကို တီထွင်သူများက “ သူဟာ ကမ္ဘာမှာ စွမ်းရည်အမြင့်ဆုံး ကား ဖြစ်ပါတယ်။ အီတလီမှာ တည်ဆောက်ထားပြီး လာမယ့်နှစ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ အားအပြည့်သွင်းထားရင် ၂၈၀ မိုင် မောင်းနှင်နိုင်ပါတယ်။ “ လို့ ပြောပါတယ်။

အဲဒီကားကို အစီးရေ ၁၅၀ သာ ထုတ်မှာ ဖြစ်ပြီး ၅၀ ကို အမေရိကန်မှာ ရောင်းချမှာပါ။ ၅၀ ကို ဥရောပနဲ့ အာရှအတွက် ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ စတင် ပို့ဆောင်ပေးဖို့ မျှော်လင့်ထားပါတယ်။ အဲဒီကားအတွက် ဒီဇိုင်းအပိုင်းမှာ မော်ဒယ် ၃ ခု ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ အီတလီရဲ့ မော်တော်ကား ဒီဇိုင်း ကုမ္ပဏီ Pininfarina ကို ၁၉၃၀ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Battista Pinin Farina ရဲ့ အမည်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ အဲဒီ ကုမ္ပဏီဟာ သက်တမ်း ၉၀ ပြည့်ပြီ ဖြစ်ပါတယ်။

အဲဒီကားကို ကာဘွန်ဖိုက်ဘာနဲ့ တည်ဆောက်ထားပြီး ဘီးတစ်လုံးစီအတွက် မော်တာ တစ်လုံးစီ ထည့်သွင်းထားပါတယ်။ အဲဒီကား ဝယ်သူများရဲ့ ၉၀ ရာခိုင်နှုန်းဟာ နေအိမ်မှာတင် အားသွင်းနိုင်အောင် ပံ့ပိုးပေးမှာပါ။ ၁၀ ရာခိုင်နှုန်းအတွက်လည်း အားသွင်းစက်များကို လမ်းများမှာ တည်ဆောက်ပေးမှာပါ။

Ref : dailymail

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

%d bloggers like this: