0 Shares 69 Views


Apr 21, 2019
0 69





Ref : bbc

[Unicode]

လုံခြုံရေး အားနည်းတဲ့ 123456 ကို Password အဖြစ် သုံးနေကြ

UK ရဲ့ National Cyber Security Centre (NCSC) ရဲ့ စစ်တမ်း တစ်ခုအရ အွန်လိုင်း သုံးသူများဟာ ဆိုက်ဘာလုံခြုံရေး ဗဟုသုတများ အားနည်းနေတယ်ဆိုတာကို ဖော်ပြထားပါတယ်။ လူသန်းပေါင်းများစွာဟာ 123456 ကို Password အဖြစ် သုံးနေတယ်လို့ ဖော်ပြထားပါတယ်။ သူတို့က ဟက်ခံရတဲ့ အကောင့်များရဲ့ ဒေတာများကို စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။

123456 ကို အကောင့်ပေါင်း ၂၃ သန်းက အသုံးပြုထားပါတယ်။ ဒုတိယ လူသုံးအများဆုံးက 123456789 ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ဘောလုံး အသင်းများရဲ့ အမည်များကိုလည်း Password အနေနဲ့ သုံးကြပါတယ်။ အသုံးအများဆုံး အသင်းက လီဗာပူး ဖြစ်ပြီး နံပါတ် ၂ မှာ ချဲလ်ဆီး ဖြစ်ပါတယ်။ လူအမည်များကို Password အဖြစ် အသုံးပြုမှုအထဲမှာ Ashley , Michael , Daniel , Jessica နဲ့ Charlie များက အများဆုံး ဖြစ်ပါတယ်။

Password များဟာ ဟက်ကာများ ခိုးယူဖို့ ခက်ခဲအောင် ပြုလုပ်ထားသင့်ပါတယ်။ ရှည်လျားရှုပ်ထွေးပြီး အက္ခရာများ၊ နံပါတ်များ၊ အထူး သင်္ကေတများ ထည့်သွင်းထားသင့်ပါတယ်။ ဒါပေမယ့် မှတ်ရလွယ်အောင်လည်း ပြုလုပ်ထားသင့်ပါတယ်။

အခုခေတ်မှာ စွမ်းရည်မြင့်မားတဲ့ Password Manager များ ပေါ်လာပါပြီ။ သူတို့က အားကောင်းတဲ့ Password များကို ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် User Name, Password များစွာကို မှတ်သားထားနိုင်ပါတယ်။ အရေးကြီး မှတ်စုများ၊ ဘဏ်အကောင့်များကိုလည်း သိမ်းထားပေးနိုင်ပါတယ်။ နာမည် အကြီးဆုံး Password Manager တစ်ခုက LastPass ဖြစ်ပြီး အခမဲ့ အသုံးပြုနိုင်ပါတယ်။

Ref : bbc

You may be interested

iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ
Android, Apple, HUBS
0 shares0 views

iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ

Ko Thuya - Jul 21, 2019

စမတ်ဖုန်း အဟောင်းများကို အသစ်များနဲ့ လဲလှယ်ပေးတဲ့ BankMyCell ရဲ့ ဒေတာများအရ iPhone ကနေ Samsung Phone ပြောင်းကိုင်မှု များပြားနေတယ်လို့ သိရပါတယ်။ iPhone အဟောင်း ပိုင်ရှင်များဟာ iPhone အသစ်များနဲ့ လဲလှယ်ခြင်း မရှိတော့ဘဲ အခြား ဘရန်းများကို…

Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ
HUBS, NEWS, Storage Devices
0 shares44 views

Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ

Ko Thuya - Jul 21, 2019

Redmi က စမတ်ဖုန်းများ အပြင် ပါဝါဘန့်များကို ထုတ်လုပ်ရောင်းချလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး ပါဝါဘန့်များ ဖြစ်ပါတယ်။ 10000mAh နဲ့ 20000mAh Power Bank များ ဖြစ်ပြီး ၅၉ ယွမ်နဲ့ ၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။…

Pixel 4 ရဲ့ Screen ဓါတ်ပုံ ထွက်ပေါ်လာ
Android, Google, HUBS
0 shares15 views

Pixel 4 ရဲ့ Screen ဓါတ်ပုံ ထွက်ပေါ်လာ

Ko Thuya - Jul 21, 2019

Google Pixel 4 ရဲ့ ဓါတ်ပုံများ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ မျက်နှာပြင်ရဲ့ အထက်မှ ဘောင်ဟာ ကြီးမားတာကို မြင်ရပါတယ်။ Ice Universe က အဲဒီ ဓါတ်ပုံများကို မျှဝေလိုက်တာပါ။ S10 Plus , OnePlus 7…

Leave a Comment

Most from this category