Huawei P30 Pro ရဲ့ အကြမ်းခံစမ်းသပ်မှု ဗီဒီယိုထွက်လာ

နာမည်ကြီး စမတ်ဖုန်းများရဲ့ အကြမ်းခံမှု စွမ်းရည်ကို စမ်းသပ်တဲ့ နေရာမှာ JerryRigEverything မှ Zack က နာမည်ကြီးပါတယ်။ သူက သိပ္ပံနည်းကျကျ စမ်းသပ်လေ့ ရှိပါတယ်။ သူ့ရဲ့ စမ်းသပ်မှုမှာ ဖုန်းကို ကွေးချိုးခြင်း၊ ဓါးနဲ့ ခြစ်ခြင်း၊ မီးရှို့ခြင်းများ ပါဝင်ပါတယ်။ အခုတော့ သူက ဒီနှစ်ရဲ့ စွမ်းရည်မြင့် ဖုန်း တစ်လုံး ဖြစ်တဲ့ Huawei P30 Pro ကို စမ်းသပ်ပြလိုက်ပါတယ်။ အဲဒီ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

Huawei P30 Pro ဟာ အကြမ်းခံ စမ်းသပ်မှုမှာ အလွန်ကို အမှတ်ကောင်းခဲ့ပါတယ်။ ကြံ့ခိုင်မာကျောတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ကွေးချိုး စမ်းသပ်မှုမှာ ယခင်နှစ်ထုတ် P20 Pro ထက် သူကပိုကောင်းလာပါတယ်။ P30 Pro ဟာ ကွေးချိုးမှုကို ခံနိုင်ရည်ရှိတာကို မြင်ရပါတယ်။ အားနဲ့ ချိုးတာတောင် အနည်းငယ်သာ ကွေးသွားတာကို မြင်ရပါတယ်။ ဒါဟာ Curved Glass ရဲ့ စွမ်းရည်ကြောင့် ဖြစ်ပါတယ်။

ဓါးနဲ့ ခြစ်ရာမှာတော့ ပြိုင်ဖက် စွမ်းရည်မြင့် စမတ်ဖုန်းများမှာလိုပဲ အဆင့် ၆ မတိုင်ခင်အထိ ခြစ်ရာများမထင်တာကို မြင်ရပါတယ်။ Zack က မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာရဲ့ အထက်မှ ဖန်သားကိုတောင် ခြစ်ပြခဲ့ပါတယ်။ လက်ဗွေရာ ကိရိယာက အလုပ်ကောင်းကောင်းလုပ်နေသေးတာက အထင်ကြီးစရာ ဖြစ်ပါတယ်။

Ref : androidpolice

Huawei P30 Pro ရဲ့ အကြမ်းခံစမ်းသပ်မှု ဗီဒီယိုထွက်လာ

%d bloggers like this: