လက်ကိုမျက်နှာပြင်အဖြစ်ပြောင်းလဲမည့်စမတ်နာရီကို Samsung ထုတ်လုပ်ရန်ရှိ

စမတ်နာရီတွေထုတ်လုပ်မှုဟာ အောင်မြင်တယ်လို့ပြောလို့ရပေမယ့် သူတို့ရဲ့အကြီးမားဆုံးအခက်အခဲကတော့ သေးငယ်ကျဉ်းမြောင်းတဲ့ မျက်နှာပြင်ကိုထုတ်လုပ်ဖို့ အကန့်အသတ်ရှိတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Samsung ကဒါကို ပြောင်းလဲဖို့ အစီအစဉ်ပြုလုပ်နေပါပြီ။ တောင်ကိုရီးယားအခြေစိုက် ကုမ္ပဏီအနေနဲ့ နောက်ပိုင်းထွက်မယ့် စမတ်နာရီမျိုးဆက်တွေကို အသုံးပြုသူတွေရဲ့ လက်ကိုမျက်နှာပြင်အဖြစ်ချဲ့ထွင်အသုံးပြုနိုင်မယ့် နည်းပညာတစ်မျိုးကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

Samsung ဟာ ဒီလိုလက်ကို Projector လိုရောင်ခြည်ကျရောက်ပြီး သုံးစွဲသူတွေကို ပိုမိုကြီးမားတဲ့မျက်နှာပြင်မှာ ထိန်းချုပ်နိုင်ပြီး သတင်းအချက်အလက်တွေ ပြသနိုင်မယ့် လုပ်ဆောင်ချက်ကို အမေရိကန် မူပိုင်ခွင့်နှင့်ကုန်ပစ္စည်းအမှတ်တံဆိပ် ရုံးမှာ မူပိုင်ခွင့်တင်ထားခဲ့ပါတယ်။ စမတ်နာရီထဲမှာ ကင်မရာထည့်ထားမှာဖြစ်ပြီး တခြားလက်တစ်ဖက်နဲ့ မျက်နှာပြင်ကို ဘယ်လိုပြုလုပ်နေတယ်ဆိုတာကို ရှာဖွေဖော်ထုတ်ပြသပေးမှာပါ။

မျက်နှာပြင်ရဲ့လုပ်ဆောင်ချက်တစ်ခုကို ဥပမာပြောရမယ်ဆိုရင် စမတ်နာရီထဲက အသေးစိတ်မပြသနိုင်တဲ့ မြေပုံအချက်အလက်တွေကို လက်မှာပြသမယ့် မျက်နှာပြင်မှာ အသေးစိတ် Zoom View အနေနဲ့ ပြသပေးမှာပါ။ ဒါဟာတကယ် စိတ္တဇဆန်တဲ့ စိတ်ကူးတစ်ခုလို့ဆိုရမှာဖြစ်ပြီး ဘက်ထရီသက်တမ်း အကန့်အသတ်ရှိတဲ့ အခက်အခဲလိုမျိုး အခက်အခဲများစွာရှိနိုင်ပြီး Samsung အနေနဲ့ ဖြစ်နိုင်အောင်ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လုပ်ဆောင်နိုင်ခဲ့ရင်တော့ ဒီနည်းလမ်းဟာ စမတ်နာရီတွေကို ယခုသုံးစွဲနေတာထက် ပိုမိုအသုံးကျလာမယ့် နည်းလမ်းတစ်ရပ်ပေါ်ထွက်လာမှာပါ။

သင့်ရဲ့လက်ကို ဒုတိယမျက်နှာပြင်အဖြစ်ပြောင်းလဲနိုင်ခဲ့ရင် သင့်အနေနဲ့စမတ်နာရီကနေ email တွေကို စာပြန်တာတွေ၊ ဂိမ်းဆော့တာတွေ နဲ့ ဗီဒီယိုကြည့်တာတွေကိုတောင်ပြုလုပ်နိုင်တော့မှာဖြစ်ပြီး စမတ်နာရီတွေရဲ့ မျက်နှာပြင်သေးငယ်မှုကအခက်အခဲတစ်ခုမဟုတ်တော့ပဲ ဖုန်းတွေလိုခေတ်စားလာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref: Techno Buffalo

%d bloggers like this: