0 Shares 216 Views

၁၅ လက်မ Chromebook ကို ပြသလိုက်တဲ့ HP

Apr 21, 2019
0 216





Ref : theverge

[Unicode]

၁၅ လကျမ Chromebook ကို ပွသလိုကျတဲ့ HP

အရွယ်ကြီး Chromebook ပြိုင်ပွဲကတော့ ပွဲစည်လာပါပြီ။ HP က ၁၅.၆ လက်မ အရွယ်ရှိတဲ့ သူ့ရဲ့ ပထမဆုံး အရွယ်ကြီး Chromebook ကို ကြေညာလိုက်ပါတယ်။ Asus ကလည်း ပြီးခဲ့တဲ့ နှစ်မှာ ၁၅ လက်မ အရွယ် Chromebook ကို ထုတ်လုပ်ရောင်းချထားပါတယ်။ Acer နဲ့ Lenovo တို့ကလည်း ၁၅ လက်မ မော်ဒယ်များကို ထုတ်လုပ်ထားပါတယ်။

HP Chromebook 15 မှာ ၁၅.၆ လက်မ IPS Touchscreen ထည့်သွင်းထားပါတယ်။ သူ့မှာ 4GB RAM , Intel HD Graphics 610 GPU များ ထည့်သွင်းထားပါတယ်။ ၁၃ နာရီ ခံတဲ့ ဘက်ထရီ ထည့်သွင်းထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်မှာ 64GB Storage ပါပြီး ၄၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

ငွေနဲ့ အပြာရောင်များ ထုတ်လုပ်ထားပါတယ်။ မြင်ကွင်းကျယ် Webcam တစ်လုံးကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ မိုက်ကရိုဖုန်း ၂ လုံးပါပါတယ်။ Band & Olufsen ရဲ့စပီကာများ ထည့်သွင်းထားပါတယ်။ ၂ ဆ အပိုပါတဲ့ eMMC Storage နဲ့ ပိုမြန်တဲ့ Intel Core i5 Processor ကို ရွေးရင် ၄၄၉ ဒေါ်လာထက် ပိုများမှာ ဖြစ်ပါတယ်။

Chromebook များဟာ တန်ဖိုးသက်သာပြီး Specs များက ကောင်းမွန်ပါတယ်။ အခြား Laptop များထက် ဈေးချိုသာပါတယ်။ ကျောင်းသားများအတွက် ရည်ရွယ်ဖန်တီးပေးထားတာ ဖြစ်ပေမယ့် လုပ်ငန်းသုံးဖို့လည်း အဆင်ပြေပါတယ်။

Ref : theverge

You may be interested

Elon Musk က စိတ်နဲ့ ကွန်ပြူတာများကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို ဖန်တီးနေ
NEWS, Tech Update
0 shares0 views

Elon Musk က စိတ်နဲ့ ကွန်ပြူတာများကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို ဖန်တီးနေ

Ko Thuya - Jul 21, 2019

သိပ္ပံပညာရှင်များက ကွန်ပြူတာများကို စိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ နည်းပညာများကို ဖန်တီးနေကြပါတယ်။ အဲဒီ နည်းပညာဟာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများအတွက် အရမ်းကို အသုံးဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြား ကဏ္ဍများမှာလည်း ဒီနည်းပညာကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ နည်းပညာကို ဖန်တီးနေတဲ့ ကုမ္ပဏီများထဲမှာ…

iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ
Android, Apple, HUBS
0 shares35 views

iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ

Ko Thuya - Jul 21, 2019

စမတ်ဖုန်း အဟောင်းများကို အသစ်များနဲ့ လဲလှယ်ပေးတဲ့ BankMyCell ရဲ့ ဒေတာများအရ iPhone ကနေ Samsung Phone ပြောင်းကိုင်မှု များပြားနေတယ်လို့ သိရပါတယ်။ iPhone အဟောင်း ပိုင်ရှင်များဟာ iPhone အသစ်များနဲ့ လဲလှယ်ခြင်း မရှိတော့ဘဲ အခြား ဘရန်းများကို…

Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ
HUBS, NEWS, Storage Devices
0 shares52 views

Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ

Ko Thuya - Jul 21, 2019

Redmi က စမတ်ဖုန်းများ အပြင် ပါဝါဘန့်များကို ထုတ်လုပ်ရောင်းချလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး ပါဝါဘန့်များ ဖြစ်ပါတယ်။ 10000mAh နဲ့ 20000mAh Power Bank များ ဖြစ်ပြီး ၅၉ ယွမ်နဲ့ ၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။…

Leave a Comment

Most from this category