အင်္ဂါဂြိုလ်အတုကို ဖန်တီးလိုက်တဲ့ တရုတ်

တရုတ်က ကမ္ဘာလှည့်ခရီးသွားများကို စွဲဆောင်ဖို့နဲ့ အာကာသယာဉ်မှူးများ လေ့ကျင့်ဖို့အတွက် အင်္ဂါဂြိုလ်အတုကို ဖန်တီးလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Mars Base 1 Camp ဖြစ်ပြီး ဂန်စူးပြည်နယ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ တရုတ်ရဲ့ အနောက်မြောက်မှ ပြည်နယ် တစ်ခု ဖြစ်တဲ့ ဂန်စူးမှ အာဏာပိုင်များနဲ့ မီဒီယာ ကုမ္ပဏီ တစ်ခုတိုး ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အများပြည်သူ လေ့လာလို့ရအောင် သူ့ကို ဖွင့်လှစ်ပေးလိုက်ပါတယ်။ တရုတ် လူငယ် ၁၀၀ လောက်ဟာ အဲဒီမှာ ငါးနာရီကြာ လေ့လာခွင့်ရခဲ့ပါပြီ။ အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးက “ ဒီကိုလာရတာ အရမ်းကို စိတ်လှုပ်ရှားရပါတယ်။ အင်္ဂါဂြိုလ်ကို ရောက်နေရသလိုပါပဲ။ “ လို့ ပြောပါတယ်။

အဲဒီ အဆောက်အဦးမှာ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားတဲ့ ဖန်လုံအိမ်၊ လေထုဖိအား လျှော့ချပေးတဲ့ အခန်းများ ပါပါတယ်။ အခန်းများကို တစ်ခုနဲ့ တစ်ခု ဆက်ထားပါတယ်။ အမေရိကန် ဘောလုံးကွင်းရဲ့ ငါးပုံပုံတစ်ပုံလောက် ကျယ်ဝန်းပါတယ်။ ဒီစီမံကိန်းအတွက် ယွမ် ၂.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမှာ ဖြစ်ပြီး ၂၆ စတုရန်း မိုင် တိုးချဲ့တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

တရုတ်က စွမ်းအင်များစွာ ထုတ်လုပ်ပေးနိုင်မယ့် နေအတုကို ဖန်တီးထားတဲ့ သတင်းဟာလည်း မကြာခင်က တက်လာပါတယ်။ Experimental Advanced Superconducting Tokamak, or EAST အမည်ရ Nuclear Fusion Reactor ကို တရုတ်နိုင်ငံ ဟီဖိုင်မှာ တည်ဆောက်ထားပါတယ်။ သူဟာ နေထက် ၆ ဆ ပိုပူပါတယ်။ သူဟာ 10 Megawatts စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒီစွမ်းအင်ဟာ အမေရိကန်မှ နေအိမ် ၁၆၄၀ လုံးကို တစ်နှစ်ကြာ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပေးနိုင်အောင် လုံလောက်ပါတယ်။

Ref : theverge

အင်္ဂါဂြိုလ်အတုကို ဖန်တီးလိုက်တဲ့ တရုတ်

%d bloggers like this: