Notre Dame ဘုရားကျောင်း မီးလောင်ရာမှာ DJI Drone များကို သုံးပြီး မီးငြှိမ်းသတ်ခဲ့

ပဲရစ်မှ မီးသတ်သမားများဟာ Notre Dame ဘုရားကျောင်းမီးလောင်တဲ့ အခြေအနေကို စောင့်ကြည့်ဖို့နဲ့ မီးသတ်ပိုက်ခေါင်းများကို ဘယ်နေရာကို ဦးတည်ရမလဲ ဆိုတာ သိနိုင်ဖို့ DJI Drone များရဲ့ အကူအညီကို ရယူခဲ့ကြပါတယ်။ သူတို့က DJI Mavic Pro နဲ့ Matrice M210 Drone များကို ဘုရားကျောင်းအထက်ကနေ ပျံသန်းစေခြင်းဖြင့် မီးသတ်ဖို့ အရေးကြီးတဲ့ ဒေတာများကို ရယူနိုင်ခဲ့ကြပါတယ်။

မီးလောင်မှုကြောင့် ဘုရားကျောင်းရဲ့ အမိုးဟာ အတော်ကြီး ပျက်ဆီးသွားခဲ့ပါတယ်။ ရဲဌာနက မတော်တဆ မီးလောင်တာလို့ ပြောပါတယ်။ ဘုရားကျောင်းကို ပြင်ဆင်မွမ်းမံရာကနေ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

မီးသတ်ဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Gabriel Plus က ဒရုန်းများကြောင့် ဘုရားကျောင်းရဲ့ အစိတ်အပိုင်းများဟာ မီးကူးစက်မှု မရှိခဲ့တာလို့ ပြောပါတယ်။ သူက ဒရုန်းများကြောင့် ရေဖြန်းရမယ့် နေရာများကို သိနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မီးသတ်သမားများဟာ Mavic Pro ရဲ့ Light Camera , Optical , Electronic Zoom များကို အသုံးပြုခဲ့ကြတာပါ။

ဒရုန်းများမှာ ပါတဲ့ အပူချိန် ကင်မရာများဟာ ဒီလို အခြေအနေများမှာ အလွန် အသုံးဝင်ပေမယ့် ဘုရားကျောင်း မီးလောင်မှုမှာ မီးသတ်သမားများက ဒီနည်းပညာကို မသုံးခဲ့ကြပါဘူး။ ပဲရစ်မှာ ဒရုန်းများ ပျံသန်းခြင်းကို ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် ဒီလို အရေးပေါ် အခြေအနေမျိုးမှာတော့ ခွင့်တောင်းပြီး အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Ref : theverge

Notre Dame ဘုရားကျောင်း မီးလောင်ရာမှာ DJI Drone များကို သုံးပြီး မီးငြှိမ်းသတ်ခဲ့

%d bloggers like this: