အလန်းစား ဓါတ်ပုံများ ဖန်တီးပေးမယ့် Photo Wonder

Photo Wonder ဟာ Android Device များအတွက် နာမည်ကြီးတဲ့ ဓါတ်ပုံ ပြုပြင်တဲ့ App ဖြစ်ပါတယ်။ စွမ်းရည်မြင့် Photo Editor ဖြစ်ပါတယ်။ စွမ်းရည်မြင့်မားပေမယ့် Google Play Store ကနေ အခမဲ့ ရယူနိုင်ပါတယ်။ Baidu HK က ဖန်တီးထားတာ ဖြစ်ပြီး သူ့ရဲ့ User Interface ဟာ ရိုးရှင်း လှပပါတယ်။ Filters နဲ့ Editing Tools များစွာပါရှိတဲ့အတွက် သင့်ဓါတ်ပုံများကို နှစ်သက်သလို ပြုပြင်နိုင်ပါတယ်။ Collage Photos များကိုလည်း လွယ်ကူစွာ ဖန်တီးနိုင်ပါတယ်။ Edit လုပ်ထားတဲ့ ဓါတ်ပုံများကို လူမှုကွန်ရက်များ၊ Messengers များကနေ လျှင်မြန်စွာ မျှဝေနိုင်ပါတယ်။

Selfie ဓါတ်ပုံများကိုလည်း Real Time Effects များ၊ Filters များဖြင့် ရိုက်ကူးနိုင်ပါတယ်။ အခြေခံ ဓါတ်ပုံ ပြုပြင်တဲ့ Tools များဖြစ်တဲ့ Crop, Rotate, Resize, Exposure, Contrast, Highlights, Shadows, Vibrancy , Saturation စတာတွေ ပါရှိပါတယ်။ ဒါ့အပြင် အရောင်များကို ထိန်းချုပ်စနစ်များ၊ အဖြူ၊ အမဲ ဓါတ်ပုံများနဲ့ Vintage Mode များလည်း ပါရှိပါတယ်။ ကြိုတင်ဖန်တီးပေးထားတဲ့ Effects များစွာ ပါတဲ့ အတွက် User က ကိုယ်တိုင် ပြုပြင်စရာမလိုဘဲ အဆင်သင့် အသုံးပြုနိုင်ပါတယ်။ Beauty Camera Filters များကို လက်ဖြင့် ပွတ်ဆွဲခြင်းဖြင့် ပြောင်းနိုင်ပါတယ်။

Instagram မှာ နာမည်ကြီးတဲ့ B&W , Vintage Photo များကိုလည်း ဖန်တီးနိုင်ပါတယ်။ ဓါတ်ပုံများမှာ ဆေးရောင်စုံ ခြယ်သူနိုင်တဲ့ Brush များလည်း ပါဝင်ပါတယ်။ မျက်ကွင်းညိုခြင်းနဲ့ မျက်နှာမှ အစက်အပြောက်များကို ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ကာကွယ်ပေးတဲ့ လုပ်ဆောင်ချက်လည်း ပါရှိပါတယ်။ သူက Skin Tones များကိုလည်း ချိန်ညှိပေးပါတယ်။ မျက်နှာကို သွယ်လျအောင် ပြုလုပ်ခြင်း၊ ရင်သားကို ကြီးမားအောင် ပြုလုပ်ခြင်းများလည်း ပါရှိပါတယ်။

Special Mosaic Brushes က သင့်ဓါတ်ပုံကို ထူးခြားဆန်းသစ်စေပါတယ်။ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ ဓါတ်ပုံများကို လှပစေတဲ့ Beautifying Effects စွမ်းဆောင်ချက်လည်း သူ့မှာ ပါရှိပါတယ်။ ဒါပေမယ့် Customization လုပ်နိုင်တဲ့ စွမ်းရည် များစွာ မပါရှိတာက အားနည်းချက်ဖြစ်ပါတယ်။ စမတ်ဖုန်းဖြင့် ဓါတ်ပုံရိုက်ကူးလေ့ရှိသူများအတွက်တော့ ဆောင်ထားသင့်တဲ့ Photo Editor တစ်ခုဖြစ်ပါတယ်။ Photo Wonder ကို နိုင်ငံပေါင်း ၂၁၈ နိုင်ငံမှာ အသုံးပြုသူ သန်း ၂၀၀ ကျော်ရှိနေပါပြီ။ နိုင်ငံပေါင်း ၂၀ ကျော်မှ Photo & Video Apps များထဲမှာ အဆင့် ၅ အဖြစ် ဆုချီးမြှင့်ခံခဲ့ရပါတယ်။

Download

အလန်းစား ဓါတ်ပုံများ ဖန်တီးပေးမယ့် Photo Wonder

%d bloggers like this: