Microsoft က ၈၅ လက္မ Surface Hub 2 ကို ျပသ

Microsoft က အရြယ္ပိုႀကီးတဲ့ Surface Hub 2 Model အသစ္ကို ျပသလိုက္ပါတယ္။ နယူးေယာက္စီးတီးမွာ မိုက္ကရိုေဆာ့ဖ္က ၈၅ လက္မ Surface Hub 2 ကို ေၾကညာလိုက္တာပါ။ ယခင္ ၅၀ လက္မ ေမာ္ဒယ္မွာလို မဟုတ္ဘဲ အရြယ္ႀကီး ေမာ္ဒယ္မွာ 16:9 Display ထည့္သြင္းထားပါတယ္။

၈၅ လက္မ ေမာ္ဒယ္အသစ္ဟာ စကရင္ပိုႀကီးတာကို အလို ရွိတဲ့ စီးပြားေရး လုပ္ငန္းမ်ားအတြက္ ဖန္တီးထားတာ ျဖစ္ပါတယ္။ Surface ဌာနရဲ႕ အႀကီးအကဲ ျဖစ္သူ Panos Panay က ေမာ္ဒယ္ အသစ္ကို မိတ္ဆက္လိုက္တာပါ။ သူက လက္မ ၅၀ ေမာ္ဒယ္ ၂ ခု အၾကားမွာ ေမာ္ဒယ္ အသစ္ကို ျပသခဲ့ပါတယ္။ ကုမၸဏီက ေမာ္ဒယ္ အသစ္ရဲ႕ ေစ်းကို မေျပာေသးပါဘူး။ ၂၀၂၀ ခုနွစ္ထဲမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။

ကုမၸဏီက Surface Hub 2S Model ကို ေဒၚလာ ၉၀၀၀ နဲ႔ ေရာင္းခ်ေပးလိုက္ပါၿပီ။ သူ႔အတြက္ ျဖဳတ္၊ တပ္ႏိုင္တဲ့ ေဒါက္တိုင္လည္း ထည့္ထားပါတယ္။ လာမယ့္ ႏွစ္ထုတ္ ၈၅ လက္မေမာ္ဒယ္အတြက္ ေဒါက္တိုင္ကို အဆင့္ျမွင့္ေပးထားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ CPU, RAM , GPU မ်ားကလည္း အဆင့္ျမင့္လာမွာပါ။ Operating System အသစ္ကိုလည္း ထည့္သြင္းထားမွာပါ။

Ref : theverge

[Unicode]

Microsoft က ၈၅ လက်မ Surface Hub 2 ကို ပြသ

Microsoft က အရွယ်ပိုကြီးတဲ့ Surface Hub 2 Model အသစ်ကို ပြသလိုက်ပါတယ်။ နယူးယောက်စီးတီးမှာ မိုက်ကရိုဆော့ဖ်က ၈၅ လက်မ Surface Hub 2 ကို ကြေညာလိုက်တာပါ။ ယခင် ၅၀ လက်မ မော်ဒယ်မှာလို မဟုတ်ဘဲ အရွယ်ကြီး မော်ဒယ်မှာ 16:9 Display ထည့်သွင်းထားပါတယ်။

၈၅ လက်မ မော်ဒယ်အသစ်ဟာ စကရင်ပိုကြီးတာကို အလို ရှိတဲ့ စီးပွားရေး လုပ်ငန်းများအတွက် ဖန်တီးထားတာ ဖြစ်ပါတယ်။ Surface ဌာနရဲ့ အကြီးအကဲ ဖြစ်သူ Panos Panay က မော်ဒယ် အသစ်ကို မိတ်ဆက်လိုက်တာပါ။ သူက လက်မ ၅၀ မော်ဒယ် ၂ ခု အကြားမှာ မော်ဒယ် အသစ်ကို ပြသခဲ့ပါတယ်။ ကုမ္ပဏီက မော်ဒယ် အသစ်ရဲ့ ဈေးကို မပြောသေးပါဘူး။ ၂၀၂၀ ခုနှစ်ထဲမှာ ရောင်းချမှာ ဖြစ်ပါတယ်။

ကုမ္ပဏီက Surface Hub 2S Model ကို ဒေါ်လာ ၉၀၀၀ နဲ့ ရောင်းချပေးလိုက်ပါပြီ။ သူ့အတွက် ဖြုတ်၊ တပ်နိုင်တဲ့ ဒေါက်တိုင်လည်း ထည့်ထားပါတယ်။ လာမယ့် နှစ်ထုတ် ၈၅ လက်မမော်ဒယ်အတွက် ဒေါက်တိုင်ကို အဆင့်မြှင့်ပေးထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် CPU, RAM , GPU များကလည်း အဆင့်မြင့်လာမှာပါ။ Operating System အသစ်ကိုလည်း ထည့်သွင်းထားမှာပါ။

Ref : theverge

%d bloggers like this: