ချစ်သူနဲ့ Kissing ဆွဲနေချိန်မှာ ဆဲလ်ဖီးများ အလိုလို ရိုက်ပေးမယ့် Google Pixel 3

Selfie ဆွဲတဲ့ အချိန်မှာ စိတ်ရှုပ်စရာတစ်ခုက Shutter Button ကို နှိပ်ရတာပါ။ အဲဒီခလုတ်ကို သတိထားနှိပ်နေရတဲ့ အတွက် Mood ပျက်သွားတတ်ပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ အတွက် Timer များ၊ ပြုံးလိုက်တာနဲ့ အလိုလို ဆဲလ်ဖီး ဆွဲပေးတဲ့ လုပ်ဆောင်ချက်များကို ဖန်တီးလာကြပါတယ်။ အခုတော့ Google ရဲ့ ဉာဏ်ရည်တု နည်းပညာက ချစ်သူနဲ့ ကစ်စင်ဆွဲနေတာကို သိပြီး ဆဲလ်ဖီးများ အလိုလို ရိုက်ပေးနိုင်ပြီ ဖြစ်ပါတယ်။

အဲဒီ လုပ်ဆောင်ချက် ပါတဲ့ Photobooth Mode ကို လက်ရှိမှာ Pixel 3 မှာသာ ထည့်ထားပေးပါတယ်။ Camera App Version 6.2 ကို ဒေါင်းလုပ်လုပ်ပြီး သင့် Pixel Device မှာ ထည့်သွင်း၍ သုံးလို့ ရ၊ မရ စမ်းသပ်နိုင်ပါတယ်။

သူငယ်ချင်းများနဲ့ အတူ ဆဲလ်ဖီးဆွဲရင်လည်း အလိုလို ရိုက်ပေးတဲ့ လုပ်ဆောင်ချက် ပါလာပါတယ်။ ကင်မရာနဲ့ လူတွေဟာ ငြိမ်နေပြီး လူတွေရဲ့ မျက်နှာ အမူအယာဟာ ဓါတ်ဖမ်းဖို့ အဆင့်သင့် ဖြစ်နေတာကို ဆော့ဖ်ဝဲက နားလည်လာပါပြီ။ ဂူဂယ်က ဆော့ဖ်ဝဲဟာ ဓါတ်ဖမ်းဖို့ အဆင်သင့် ဖြစ်နေတဲ့ မျက်နှာရဲ့ အဓိက Expression ငါးခုကို နားလည်တယ်လို့ ပြောပါတယ်။

Photobooth ကို အသုံးပြုဖို့ အတွက် Pixel 3 ရဲ့ Camera App ထဲကို သွားပါ။ Photobooth ကို On ပြီး ကြယ်ပုံသဏ္ဍာန် Shutter Button ကို နှိပ်ပါ။ ပြီးရင်တော့ ပို့စ်ပေးလိုက်ရုံပါပဲ။ ကင်မရာက အကောင်းဆုံး အနေအထားရရင် ဆဲလ်ဖီးများ ရိုက်ပေးမှာ ဖြစ်ပါတယ်။

Ref : theverge

ချစ်သူနဲ့ Kissing ဆွဲနေချိန်မှာ ဆဲလ်ဖီးများ အလိုလို ရိုက်ပေးမယ့် Google Pixel 3

%d bloggers like this: