0 Shares 2223 Views


Apr 16, 2019
0 2223





Ref : gsmarena

[Unicode]

Xiaomi Mi 9 SE ရဲ့ Global Edition ကို ရောင်းပြီ

Xiaomi Mi 9 SE Global Edition ကို ရောင်းချပေးလိုက်ပါပြီ။ နယ်သာလန်မှာ ဝယ်ယူနိုင်ပါပြီ။ 128GB Version ကိုသာ ရောင်းချပေးထားပြီး ယူရို ၃၉၉ ကျသင့်ပါတယ်။ သူဟာ Storage တူတဲ့ Mi 9 ထက် ယူရို ၁၀၀ ဈေးသက်သာပါတယ်။

တရုတ်မှာ Mi 9 SE ရဲ့ 64GB Storage Model ကို ယွမ် ၂၀၀၀ နဲ့ 128GB Storage Model ကို ယွမ် ၂၃၀၀ သတ်မှတ်ထားပါတယ်။ ၃၀၀ နဲ့ ၃၄၅ ဒေါ်လာ အသီးသီးတန်ကြေးရှိပါတယ်။ Mi 9 SE ဟာ Snapdragon 712 Chipset အသစ် သုံးထားတဲ့ ပထမဆုံး ဖုန်း ဖြစ်တယ်လို့ ဆိုပါတယ်။ သူဟာ Mi 9 ထက် ဈေးပိုနည်းပေမယ့် Mi 9 SE မှာလည်း Sony IMX586 sensor သုံး 48-megapixel နဲ့ ကျောကင်မရာ သုံးလုံးကို ဆက်လက်အသုံးပြုထားသလို၊ မျက်နှာပြင်အောက်လက်ဗွေရာဖတ်စနစ်လည်း ပါဝင်ပါသေးတယ်။

Mi 9 SE မှာ အဓိက လျှော့လိုက်တာတွေက Display နဲ့ Chipset ဖြစ်ပါတယ်။ Display က Mi 9 ထက် အနည်းငယ်သေးသွားပြီး၊ ၅.၉၇ လက်မ ဖြစ်သွားပါတယ်။ ရေစက်ပုံစံ Notch၊ AMOLED Display တော့ အတူတူပါပဲ။ ဒါ့အပြင် ဖုန်းအောက်ဘက်မှာလည်း ဘောင်လေး မဆိုစလောက် ပိုထူလာပါတယ်။ Snapdragon 712 Chipset ကို 6GB RAM နဲ့ ထုတ်ပေးထားပြီး၊ Storage ကိုတော့ 64GB နဲ့ 128GB တွေ ရွေးချယ်နိုင်မှာပါ။

Snapdragon 712 ဟာ Snapdragon 710 ထက် CPU အနည်းငယ် ပိုမြန်လာတာကလွဲရင် သိသိသာသာ ကွာခြားမှု မရှိပါဘူး။ Bluetooth 5.0, dual LTE စတာတွေ သုံးနိုင်ဦးမှာ ဖြစ်ပါတယ်။ ကျောကင်မရာ သုံးလုံးမှာ 48MP main sensor, ၁၂၃ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်မယ့် Super Wide 13MP sensor နဲ့ 8MP Telephoto sensor တို့ ပါရှိပါတယ်။ USB Type-C, NFC, IR Blaster စတာတွေလည်း Mi 9 နည်းတူ ပါရှိမှာပါ။ ဘက်ထရီကတော့ 3,070mAh ဖြစ်သွားပြီး၊ 18W အားအမြန်သွင်းစနစ်နဲ့ ဖြစ်သွားပါတယ်။ ဒါ့အပြင် 3.5mm Audio Jack လည်း မပါလာတော့ပါဘူး။

Ref : gsmarena

You may be interested

အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ
NEWS, Science, Tech Update
0 shares0 views

အမျိုးသမီးများအတွက် Viagra ကို FDA က ခွင့်ပြုလိုက်ပြီ

Ko Thuya - Jun 26, 2019

အမေရိကန် အစားအစာနဲ့ ဆေးဝါး ကွပ်ကဲမှုဌာနက ပြီးခဲ့တဲ့ သောကြာနေ့မှာ အမျိုးသမီးများရဲ့ လိင်စိတ်ဆန္ဒကို မြှင့်တင်ပေးတဲ့ ဆေးဝါး အသစ်တစ်ခုကို ခွင့်ပြုလိုက်ပါတယ်။ ဆေးရဲ့ အမည်က Vyleesi ဖြစ်ပြီး Bremelanotide လို့လည်း သိကြပါတယ်။ လိင်စိတ်ဆန္ဒ နည်းပါးနေတဲ့ အမျိုးသမီးများကို ကူညီပေးနိုင်မှာ…

Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ
Android, Huawei, HUBS
0 shares7 views

Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာ

Ko Thuya - Jun 26, 2019

Huawei က EMUI 9.1 ရမယ့် Device များကို ကြေညာလိုက်ပါတယ်။ အရင်ကလည်း ဖုန်း ၄၉ လုံးကို ကြေညာခဲ့ပြီးပါပြီ။ အဲဒီ ၄၉ လုံးဟာလည်း Incremental Update ကို ရရှိမှာပါ။ EMUI 9.1 ကို…

Gaming Smartphone ဖန်တီးနေတဲ့ Samsung
Android, Gaming, HUBS
0 shares16 views

Gaming Smartphone ဖန်တီးနေတဲ့ Samsung

Ko Thuya - Jun 25, 2019

ဆမ်ဆောင်းက Gaming Phone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီ သတင်းဟာ မတူညီတဲ့ အခြား တစ်နေရာက ထွက်ပေါ်လာပါတယ်။ Ice Universe က ၀ီဘိုမှာ ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပါတယ်။ ဆမ်ဆောင်းက…

Leave a Comment

Most from this category