0 Shares 265 Views

၂ နာရီေက်ာ္ၾကာ Down သြားတဲ့ Facebook

Apr 15, 2019
0 265

Facebook , Instagram နဲ႔ WhatsApp တို႔ဟာ ျမန္မာစံေတာ္ခ်ိန္ တနဂၤေႏြညေန ၅ နာရီေလာက္မွာ ကမာၻအ၀န္းတြင္ Down သြားတယ္လို႔ သိရပါတယ္။ Facebook နဲ႔ Instagram တို႔ရဲ႕ News Feed မ်ားဟာ Refresh ျပဳလုပ္လို႔ မရခဲ့ပါဘူး။ ပင္မ Facebook.com ကိုလည္း ၂ နာရီေက်ာ္ၾကာ သံုးလို႔ မရခဲ့ပါဘူး။ WhatsApp Message မ်ားကိုလည္း ေပးပို႔လို႔ မရခဲ့ပါဘူး။ Facebook, Instagram , WhatsApp တုိ႔ ျပႆနာ ျဖစ္ပြားေနၾကာင္းကို တြစ္တာမွာ ေရးသားေျပာဆိုေနၾကပါတယ္။ Facebook ရဲ႕ Chat Service ျဖစ္တဲ့ Messenger ဟာလည္း ၂ နာရီေက်ာ္ၾကာ Down သြားခဲ့ပါတယ္။

ယခု ျပႆနာမ်ားဟာ အျခား တည္ေနရာမ်ားမွာ ဆိုးရြားစြာ ျဖစ္ပြားခဲ့ၿပီး အခ်ိဳ႕ တည္ေနရာမ်ားမွာေတာ့ သိပ္မျဖစ္ခဲ့ပါဘူး။ “ Facebook နဲ႔ သူပိုင္တဲ့ ၀န္ေဆာင္မႈမ်ားမွာ ျပႆနာ ျဖစ္ပြားခဲ့ပါတယ္။ အဲဒီ ျပႆနာကို ေျဖရွင္းၿပီးပါၿပီ။ အဆင္မေျပမႈမ်ားအတြက္ ေတာင္းပန္ပါတယ္။ “ လို႔ Facebook ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

ၿပီးခဲ့တဲ့ တစ္လေလာက္ကလည္း Facebook ကို သံုးမရတဲ့ ျပႆနာဟာ ႀကီးႀကီးမားမား ျဖစ္ပြားခဲ့ပါတယ္။ Facebook, WhatsApp, Instagram တို႔ကို နာရီ အနည္းငယ္ေလာက္ သံုးမရ ျဖစ္ပြားခဲ့တာပါ။ Facebook က ၂၄ နာရီ မတိုင္ခင္မွာပဲ ဒီျပႆနာကို ေျဖရွင္းေပးခဲ့ပါတယ္။ ကုမၸဏီက ဆာဗာ ဆက္တင္ ေျပာင္းလဲမႈေၾကာင့္လို႔ ေျပာခဲ့ၿပီး စားသံုးသူမ်ားကို ေတာင္းပန္ခဲ့ပါတယ္။

Ref : theverge

[Unicode]

၂ နာရီကျော်ကြာ Down သွားတဲ့ Facebook

Facebook , Instagram နဲ့ WhatsApp တို့ဟာ မြန်မာစံတော်ချိန် တနင်္ဂနွေညနေ ၅ နာရီလောက်မှာ ကမ္ဘာအဝန်းတွင် Down သွားတယ်လို့ သိရပါတယ်။ Facebook နဲ့ Instagram တို့ရဲ့ News Feed များဟာ Refresh ပြုလုပ်လို့ မရခဲ့ပါဘူး။ ပင်မ Facebook.com ကိုလည်း ၂ နာရီကျော်ကြာ သုံးလို့ မရခဲ့ပါဘူး။ WhatsApp Message များကိုလည်း ပေးပို့လို့ မရခဲ့ပါဘူး။ Facebook, Instagram , WhatsApp တို့ ပြဿနာ ဖြစ်ပွားနေကြာင်းကို တွစ်တာမှာ ရေးသားပြောဆိုနေကြပါတယ်။ Facebook ရဲ့ Chat Service ဖြစ်တဲ့ Messenger ဟာလည်း ၂ နာရီကျော်ကြာ Down သွားခဲ့ပါတယ်။

ယခု ပြဿနာများဟာ အခြား တည်နေရာများမှာ ဆိုးရွားစွာ ဖြစ်ပွားခဲ့ပြီး အချို့ တည်နေရာများမှာတော့ သိပ်မဖြစ်ခဲ့ပါဘူး။ “ Facebook နဲ့ သူပိုင်တဲ့ ဝန်ဆောင်မှုများမှာ ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းပြီးပါပြီ။ အဆင်မပြေမှုများအတွက် တောင်းပန်ပါတယ်။ “ လို့ Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်လလောက်ကလည်း Facebook ကို သုံးမရတဲ့ ပြဿနာဟာ ကြီးကြီးမားမား ဖြစ်ပွားခဲ့ပါတယ်။ Facebook, WhatsApp, Instagram တို့ကို နာရီ အနည်းငယ်လောက် သုံးမရ ဖြစ်ပွားခဲ့တာပါ။ Facebook က ၂၄ နာရီ မတိုင်ခင်မှာပဲ ဒီပြဿနာကို ဖြေရှင်းပေးခဲ့ပါတယ်။ ကုမ္ပဏီက ဆာဗာ ဆက်တင် ပြောင်းလဲမှုကြောင့်လို့ ပြောခဲ့ပြီး စားသုံးသူများကို တောင်းပန်ခဲ့ပါတယ်။

Ref : theverge

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category