0 Shares 171 Views

အာကာသကေန ေၾကာ္ညာ Billboard ျပသမယ့္ Pepsi

Apr 15, 2019
0 171

ရုရွား အေျခစုိက္ StartRocket က အရြယ္ေသး ၿဂိဳလ္တုမ်ားနဲ႔ အာကာသမွာ ေၾကာ္ညာမ်ား ျပသေပးဖို႔ စီစဥ္ေနပါတယ္။ ညအခ်ိန္မွာ အာကာသက ေၾကာ္ညာမ်ားကို ကမာၻေျမကေန ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ ၿဂိဳလ္တုမ်ားနဲ႔ ျပဳလုပ္ထားတဲ့ ေၾကာ္ညာ Billboard မ်ား ျဖစ္ပါတယ္။ StartRocket ရဲ႕ ပထမဆံုး ေဖာက္သည္က Pepsi ျဖစ္ပါတယ္။

CubeSats လို႔ အမည္ေပးထားတဲ့ ၿဂိဳလ္တုငယ္ေလးမ်ားဟာ ၾကယ္အတုေလးမ်ား အသြင္နဲ႔ ေၾကာ္ညာမ်ားကို ျပသေပးမွာ ျဖစ္ပါတယ္။ ရုရွားမွ ပက္စီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Olga Mangova က StartRocket နဲ႔ ပူးေပါင္းမႈအား Futurism ကို အတည္ျပဳလိုက္ၿပီး ပက္စီဟာ StartRocket ကို ယံုၾကည္မႈ ရွိတယ္လို႔ ေျပာပါတယ္။ သူမက ကမာၻပတ္လမ္းေၾကာင္းထဲက ေၾကာ္ညာ Billboard မ်ားဟာ ထူးျခားဆန္းသစ္တဲ့ ေၾကာ္ညာမ်ား ျဖစ္လာမွာပါလို႔ ေျပာပါတယ္။

StartRocket က ၂၀၂၀ ခုႏွစ္မွာ အာကာသထဲသို႔ ေၾကာ္ညာမ်ားလႊင့္တင္ဖို႔ လိုအပ္တဲ့ ကိရိယာမ်ား အဆင္သင့္ ျဖစ္ၿပီလို႔ ယခုႏွစ္ အေစာပိုင္းက ေျပာပါတယ္။ ဒါေပမယ့္ အခုေတာ့ ကုမၸဏီက ၂၀၂၁ ခုႏွစ္က်မွသာ လႊင့္တင္ဖို႔ စီစဥ္ေနတယ္လို႔ ေျပာပါတယ္။ အာကာသမွာ ေၾကာ္ညာမ်ားကို ၈ နာရီျပသရင္ ေဒၚလာ ၂၀ ၀၀၀ ေလာက္ ကုန္က်မွာ ျဖစ္ပါတယ္။

ပက္စီက သူ႔ရဲ႕ Adrenaline Rush ထုတ္ကုန္ရဲ႕ ေၾကာ္ညာကို အာကာသကေန ျပသမွာ ျဖစ္ပါတယ္။ ကမာၻေျမရဲ႕ အထက္ ၂၅၀ ကေန ၃၁၀ မိုင္မွာ ေၾကာ္ညာမ်ားကို ျပသမွာ ျဖစ္ပါတယ္။ ၿဂိဳလ္တု နည္းပညာမ်ားဟာ တိုးတက္လာၿပီး ကုန္က်စားရိတ္ သက္သာလာတာေၾကာင့္ အခုလို အာကာသကေန ေၾကာ္ညာမ်ား ျပသႏုိင္တာပါ။

Ref : digitaltrends

[Unicode]

အာကာသကနေ ကြော်ညာ Billboard ပြသမယ့် Pepsi

ရုရှား အခြေစိုက် StartRocket က အရွယ်သေး ဂြိုလ်တုများနဲ့ အာကာသမှာ ကြော်ညာများ ပြသပေးဖို့ စီစဉ်နေပါတယ်။ ညအချိန်မှာ အာကာသက ကြော်ညာများကို ကမ္ဘာမြေကနေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဂြိုလ်တုများနဲ့ ပြုလုပ်ထားတဲ့ ကြော်ညာ Billboard များ ဖြစ်ပါတယ်။ StartRocket ရဲ့ ပထမဆုံး ဖောက်သည်က Pepsi ဖြစ်ပါတယ်။

CubeSats လို့ အမည်ပေးထားတဲ့ ဂြိုလ်တုငယ်လေးများဟာ ကြယ်အတုလေးများ အသွင်နဲ့ ကြော်ညာများကို ပြသပေးမှာ ဖြစ်ပါတယ်။ ရုရှားမှ ပက်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ Olga Mangova က StartRocket နဲ့ ပူးပေါင်းမှုအား Futurism ကို အတည်ပြုလိုက်ပြီး ပက်စီဟာ StartRocket ကို ယုံကြည်မှု ရှိတယ်လို့ ပြောပါတယ်။ သူမက ကမ္ဘာပတ်လမ်းကြောင်းထဲက ကြော်ညာ Billboard များဟာ ထူးခြားဆန်းသစ်တဲ့ ကြော်ညာများ ဖြစ်လာမှာပါလို့ ပြောပါတယ်။

StartRocket က ၂၀၂၀ ခုနှစ်မှာ အာကာသထဲသို့ ကြော်ညာများလွှင့်တင်ဖို့ လိုအပ်တဲ့ ကိရိယာများ အဆင်သင့် ဖြစ်ပြီလို့ ယခုနှစ် အစောပိုင်းက ပြောပါတယ်။ ဒါပေမယ့် အခုတော့ ကုမ္ပဏီက ၂၀၂၁ ခုနှစ်ကျမှသာ လွှင့်တင်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ အာကာသမှာ ကြော်ညာများကို ၈ နာရီပြသရင် ဒေါ်လာ ၂၀ ၀၀၀ လောက် ကုန်ကျမှာ ဖြစ်ပါတယ်။

ပက်စီက သူ့ရဲ့ Adrenaline Rush ထုတ်ကုန်ရဲ့ ကြော်ညာကို အာကာသကနေ ပြသမှာ ဖြစ်ပါတယ်။ ကမ္ဘာမြေရဲ့ အထက် ၂၅၀ ကနေ ၃၁၀ မိုင်မှာ ကြော်ညာများကို ပြသမှာ ဖြစ်ပါတယ်။ ဂြိုလ်တု နည်းပညာများဟာ တိုးတက်လာပြီး ကုန်ကျစားရိတ် သက်သာလာတာကြောင့် အခုလို အာကာသကနေ ကြော်ညာများ ပြသနိုင်တာပါ။

Ref : digitaltrends

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category