0 Shares 122 Views


Apr 15, 2019
0 122





Ref : gsmarena

[Unicode]

၆.၃၉ လက်မ မျက်နှာပြင် ပါလာမယ့် Realme 3 Pro

Geekbench ကနေ Realme 3 Pro ရဲ့ Specs အချို့ ထွက်လာပါတယ်။ သူ့မှာ Snapdragon 710 CPU , 6GB RAM များ ပါပါတယ်။ ၆.၃ လက်မ FHD+ Display ထည့်ထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာလည်း ပါပါတယ်။ ဘက်ထရီက 3960mAh ဖြစ်ပါတယ်။ Color OS Version 6.0 မောင်းနှင်ထားပြီး Android 9 Pie အခြေပြု ဖြစ်နိုင်ပါတယ်။

Realme 3 Pro ရဲ့ ဆဲလ်ဖီးကင်မရာဟာ 12MP နဲ့ 25MP အကြားမှာ ရှိတယ်လို့ အရင်က Teaser က ဖော်ပြထားပါတယ်။ အနောက်ကင်မရာ ၂ လုံး ပါလာနိုင်ပြီး ၁ လုံးမှာ 48MP ဖြစ်ပါတယ်။ သူဟာ 48MP+5MP Dual Camera များ ပါတဲ့ Redmi Note 7 Pro ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Realme ရဲ့ စီအီးအို Madhav Sheth က Fortnite ကစားနေတဲ့ Realme 3 Pro ရဲ့ ဓါတ်ပုံကို မကြာခင်က ပြသလိုက်ပါတယ်။ သူ့ရဲ့ Tweet မှာ စွမ်းရည်မြင့် Chipset ပါမယ်လို့ အရိပ်အမြွက် ပြောထားပါတယ်။ 60fps Mode နဲ့ ဂိမ်းများ ကစားနိုင်မယ်လို့ ထင်ရပါတယ်။

Realme 3 Pro ကို ကြေညာမယ့်နေ့ကိုလည်း ကုမ္ပဏီက အတည်ပြုလိုက်ပါပြီ။ ဖိတ်စာမှာ Speed Awakens စာသားကို ရေးသားထားပါတယ်။ အိန္ဒိယမှ Delhi University Stadium မှာ ပွဲ ကျင်းပမှာပါ။ ဒီလ ၂၂ ရက်နေ့မှာ ကြေညာမှာပါ။

Ref : gsmarena

You may be interested

Triple Rear Cameras များပါမယ့် Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras များပါမယ့် Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ့ Exynos Chipset ပါတာ One Vision တစ်လုံးထဲ မဟုတ်တော့ပါဘူး။ Motorola ရဲ့ နောက်ထုတ်မယ့် One Action မှာလည်း ပါလာတော့မှာပါ။ အဲဒီ One Phone ၂ လုံးမှာ တူညီချက်များစွာ…

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
NEWS, Science, Softwares & Application
0 shares0 views

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်

Ko Thuya - Jun 16, 2019

ဂျပန်မှ Advanced Industrial Science and Technology, or AIST က နေအိမ် တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သူဟာ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုမှာ သူဟာ နံရံများကို…

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Jun 16, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို စုစည်းပေးလိုက်ပါတယ်။ 10/6/2019 Huawei က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ဖို့ စာချုပ်ချုပ်ပြီးပြီ အမေရိကန်နဲ့ ပူးပေါင်းတဲ့ နည်းပညာ ကုမ္ပဏီများအား နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ တရုတ် သတိပေး 11/6/2019 “Honor က ဒီနှစ်မှာ…

Leave a Comment

Most from this category