0 Shares 184 Views

ကမာၻ႕ အႀကီးဆံုး ေလယာဥ္ကို ပထမဆံုး အႀကိမ္ ပ်ံသန္း

Apr 14, 2019
0 184

ၿပီးခဲ့တဲ့ စေနေန႔က ကမာၻ႕ အႀကီးဆံုး ေလယာဥ္ပ်ံကို ပထမဆံုး အႀကိမ္ ပ်ံသန္းလိုက္ပါတယ္။ သူ႔ကို ဒံုးပ်ံမ်ား ထုတ္လုပ္တဲ့ Stratolaunch က တည္ေဆာက္ထားတာပါ။ သူ႔ရဲ႕ အေလးခ်ိန္ဟာ ေပါင္ ၅၀၀ ၀၀၀ နဲ႔ ေတာင္ပံအရွည္ဟာ ၃၈၅ ေပ ရွိပါတယ္။ ကယ္လီဖိုးနီးယား ျပည္နယ္ Mojave ရဲ႕ Mojave Air and Space Port ကေန စမ္းသပ္ပ်ံသန္းလိုက္တာပါ။ မိနစ္ ၁၅၀ ၾကာ ပ်ံသန္းခဲ့ၿပီး ေဘးကင္းစြာ ဆင္းသက္ႏုိင္ခဲ့ပါတယ္။

ေလယာဥ္ဟာ အျမင့္ေပ ၃၅ ၀၀၀ မွာ ပ်ံသန္းဖို႔ ဒီဇုိင္းထုတ္ထားပါတယ္။ ကမာၻပတ္ လမ္းေၾကာင္းထဲမွာေတာင္ ပ်ံသန္းႏိုင္ပါတယ္။ ကုမၸဏီက Northrop Grumman ရဲ႕ Pegasus XL Rocket မ်ားကို အာကာသထဲ လႊတ္တင္ဖို႔ ေလယာဥ္ကို အသံုးျပဳမွာ ျဖစ္ပါတယ္။

Stratolaunch ရဲ႕ စီအီးအို ျဖစ္သူ Jean Floyd က “ အဲဒီ ေလယာဥ္ႀကီး ပ်ံတက္သြားတာကို ၾကည့္ရတာ စိတ္လႈပ္ရွားစရာ ေကာင္းပါတယ္။ “ လို႔ ေျပာပါတယ္။ ေလယာဥ္ဟာ ရည္မွန္းထားသလိုပဲ တစ္နာရီလွ်င္ ၁၇၅ မိုင္ႏႈန္းနဲ႔ အျမန္ဆံုး ပ်ံသန္းႏုိင္ပါတယ္။ အျမင့္ေပ ၁၅ ၀၀၀ အထိ ေရာက္ခဲ့ပါတယ္။

အဲဒီ ေလယာဥ္အတြက္ စမ္းသပ္မႈမ်ားကို လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကတည္းက ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ အင္ဂ်င္ စမ္းသပ္မႈကို ျပဳလုပ္ခဲ့ပါတယ္။

Ref : theverge

[Unicode]

ကမ္ဘာ့ အကြီးဆုံး လေယာဉ်ကို ပထမဆုံး အကြိမ် ပျံသန်း

ပြီးခဲ့တဲ့ စနေနေ့က ကမ္ဘာ့ အကြီးဆုံး လေယာဉ်ပျံကို ပထမဆုံး အကြိမ် ပျံသန်းလိုက်ပါတယ်။ သူ့ကို ဒုံးပျံများ ထုတ်လုပ်တဲ့ Stratolaunch က တည်ဆောက်ထားတာပါ။ သူ့ရဲ့ အလေးချိန်ဟာ ပေါင် ၅၀၀ ၀၀၀ နဲ့ တောင်ပံအရှည်ဟာ ၃၈၅ ပေ ရှိပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ် Mojave ရဲ့ Mojave Air and Space Port ကနေ စမ်းသပ်ပျံသန်းလိုက်တာပါ။ မိနစ် ၁၅၀ ကြာ ပျံသန်းခဲ့ပြီး ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။

လေယာဉ်ဟာ အမြင့်ပေ ၃၅ ၀၀၀ မှာ ပျံသန်းဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ ကမ္ဘာပတ် လမ်းကြောင်းထဲမှာတောင် ပျံသန်းနိုင်ပါတယ်။ ကုမ္ပဏီက Northrop Grumman ရဲ့ Pegasus XL Rocket များကို အာကာသထဲ လွှတ်တင်ဖို့ လေယာဉ်ကို အသုံးပြုမှာ ဖြစ်ပါတယ်။

Stratolaunch ရဲ့ စီအီးအို ဖြစ်သူ Jean Floyd က “ အဲဒီ လေယာဉ်ကြီး ပျံတက်သွားတာကို ကြည့်ရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ “ လို့ ပြောပါတယ်။ လေယာဉ်ဟာ ရည်မှန်းထားသလိုပဲ တစ်နာရီလျှင် ၁၇၅ မိုင်နှုန်းနဲ့ အမြန်ဆုံး ပျံသန်းနိုင်ပါတယ်။ အမြင့်ပေ ၁၅ ၀၀၀ အထိ ရောက်ခဲ့ပါတယ်။

အဲဒီ လေယာဉ်အတွက် စမ်းသပ်မှုများကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အင်ဂျင် စမ်းသပ်မှုကို ပြုလုပ်ခဲ့ပါတယ်။

Ref : theverge

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category