0 Shares 508 Views


Apr 14, 2019
0 508





Ref : gsmarena

[Unicode]

EMUI 9 Update ရမယ့် Huawei ရဲ့ စမတ်ဖုန်းများ

Huawei က သူ့ရဲ့ Mate 20 Series များအတွက် Android Pie အခြေပြု EMUI 9.1 Beta ကို မကြာခင်က ကြေညာခဲ့ပါတယ်။ အခုတော့ ဟွာဝေးက Update ရမယ့် စမတ်ဖုန်း စာရင်းကို ကြေညာလိုက်ပါတယ်။ စုစုပေါင်း စမတ်ဖုန်း ၆ လုံး ဖြစ်ပြီး Honor 7X, Honor 9 Youth Edition, Honor 9i, Huawei Enjoy 7S, Huawei Enjoy 8 Plus, Huawei Enjoy 9 Plus တို့ ဖြစ်ကြပါတယ်။

EMUI 9 ကို အဲဒီ စမတ်ဖုန်းများမှာ ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် Enjoy 9 Plus အတွက်တော့ ဒီလ ၁၇ ရက်ကျမှသာ ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။ EMUI 9 ကို ရယူဖို့ အတွက် အဲဒီ စမတ်ဖုန်းများရဲ့ Member Serevice App မှာ Ealry Adopters Option ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

EMUI 9.0 မှာ GPU Turbo 2.0 အပါအဝင် လုပ်ဆောင်ချက် အသစ်များ ပါပါတယ်။ Huawei Mate 10 Pro အတွက် Android 9.0 Pie အခြေပြု EMUI 9.0 ကို ဖြန့်ချီပြီးနောက်မှာ Huawei က အခြား ဖုန်းများအတွက်လည်း Update ကို ပြီးခဲ့တဲ့ အောက်တိုဘာလက ဖြန့်ချီပေးလိုက်ပါတယ်။ အဲဒီ ဖုန်း အများစုဟာ ၂၀၁၇ ခုနှစ်ထုတ်များ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အစောပိုင်းထုတ် အနည်းငယ် ပါပါတယ်။

ဟွာဝေးက Update ကို တင်မယ့် ဖုန်းများဟာ နောက်ဆုံးထုတ် Software Version ကို အဆင့်မြှင့်ထားရမှာ ဖြစ်ပြီး Root မလုပ်ထားရဘူးလို့ ပြောပါတယ်။

Ref : gsmarena

You may be interested

Triple Rear Cameras များပါမယ့် Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras များပါမယ့် Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ့ Exynos Chipset ပါတာ One Vision တစ်လုံးထဲ မဟုတ်တော့ပါဘူး။ Motorola ရဲ့ နောက်ထုတ်မယ့် One Action မှာလည်း ပါလာတော့မှာပါ။ အဲဒီ One Phone ၂ လုံးမှာ တူညီချက်များစွာ…

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
NEWS, Science, Softwares & Application
0 shares0 views

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်

Ko Thuya - Jun 16, 2019

ဂျပန်မှ Advanced Industrial Science and Technology, or AIST က နေအိမ် တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သူဟာ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုမှာ သူဟာ နံရံများကို…

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Jun 16, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို စုစည်းပေးလိုက်ပါတယ်။ 10/6/2019 Huawei က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ဖို့ စာချုပ်ချုပ်ပြီးပြီ အမေရိကန်နဲ့ ပူးပေါင်းတဲ့ နည်းပညာ ကုမ္ပဏီများအား နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ တရုတ် သတိပေး 11/6/2019 “Honor က ဒီနှစ်မှာ…

Leave a Comment

Most from this category