0 Shares 216 Views

မ်က္လံုး အာရံုခံ စနစ္ကို ဖန္တီးေနတဲ့ Apple

Apr 14, 2019
0 216

Apple က ၂၀၁၇ ခုႏွစ္ စက္တင္ဘာလမွာ က်င္းပတဲ့ အိုင္ဖုန္း မိတ္ဆက္ပြဲမွာ Face ID ကို မိတ္ဆက္ခဲ့ပါတယ္။ ဒီစနစ္က မ်က္ႏွာနဲ႔ ဖုန္းကို Unlock ျပဳလုပ္ႏုိင္တာ ျဖစ္ပါတယ္။ အခုေတာ့ ဒီစနစ္ကို ပိုၿပီး အဆင့္ျမင့္ေအာင္ ျပဳလုပ္ေပးမယ့္ Patent တစ္ခုကို ကုမၸဏီက European Patent Office မွာ မွတ္ပံုတင္လိုက္ပါတယ္။ အဲဒါကေတာ့ မ်က္လံုးကို အာရံုခံတဲ့ နည္းပညာ ျဖစ္ပါတယ္။

Apple ရဲ႕ Face ID က အလြန္ အဆင့္ျမင့္မားၿပီး လံုျခံဳစိတ္ခ်ရပါတယ္။ ကုမၸဏီက အႀကိမ္တစ္သန္းမွာ တစ္ႀကိ္မ္သာ မွားယြင္းႏိုင္တယ္လို႔ ေျပာပါတယ္။ အမႊာမ်ားကိုေတာင္ ခြဲျခားႏုိင္ပါတယ္။ ပိုင္ရွင္ဟာ ႏႈတ္ခမ္းေမႊးမ်ား၊ မုတ္ဆိတ္ေမႊးမ်ား ေပါက္ေနရင္လည္း သူက သိပါတယ္။

မ်က္လံုး အာရံုခံ နည္းပညာကို ဖန္တီးတာ Apple ဟာ ပထမဆံုး မဟုတ္ပါဘူး။ ဆမ္ေဆာင္းက ၂၀၁၈ ခုႏွစ္ထုတ္ Galaxy S8 မွာ အဲဒီ နည္းပညာကို မိတ္ဆက္ခဲ့ပါတယ္။ Apple ကလည္း သူ႔ရဲ႕ ထုတ္ကုန္မ်ားမွာ လံုျခံဳေရး အလႊာတစ္ထပ္ကို ထပ္ျဖည့္ေပးခ်င္လို႔ ဒီနည္းပညာကို တီထြင္ေနတာ ျဖစ္ပါတယ္။

နည္းပညာ ကုမၸဏီမ်ားဟာ သူတို႔ရဲ႕ အိုင္ဒီယာမ်ားကို Patent မ်ား အျဖစ္မွတ္ပံုတင္ထားေလ့ ရွိပါတယ္။ ဒါေပမယ့္ အဲဒီ Patent အားလံုးဟာ တကယ့္ထုတ္ကုန္ အျဖစ္ မထြက္ရွိလာပါဘူး။ အဲဒီအတြက္ Apple ရဲ႕ မ်က္လံုး အာရံုခံ နည္းပညာဟာ သူ႔ရဲ႕ ထုတ္ကုန္မ်ားမွာ ပါလာမယ္ဆိုတာ ေသခ်ာေပါက္ မေျပာႏိုင္ပါဘူး။

Ref : digitaltrends

[Unicode]

မျက်လုံး အာရုံခံ စနစ်ကို ဖန်တီးနေတဲ့ Apple

Apple က ၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ကျင်းပတဲ့ အိုင်ဖုန်း မိတ်ဆက်ပွဲမှာ Face ID ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီစနစ်က မျက်နှာနဲ့ ဖုန်းကို Unlock ပြုလုပ်နိုင်တာ ဖြစ်ပါတယ်။ အခုတော့ ဒီစနစ်ကို ပိုပြီး အဆင့်မြင့်အောင် ပြုလုပ်ပေးမယ့် Patent တစ်ခုကို ကုမ္ပဏီက European Patent Office မှာ မှတ်ပုံတင်လိုက်ပါတယ်။ အဲဒါကတော့ မျက်လုံးကို အာရုံခံတဲ့ နည်းပညာ ဖြစ်ပါတယ်။

Apple ရဲ့ Face ID က အလွန် အဆင့်မြင့်မားပြီး လုံခြုံစိတ်ချရပါတယ်။ ကုမ္ပဏီက အကြိမ်တစ်သန်းမှာ တစ်ကြိမ်သာ မှားယွင်းနိုင်တယ်လို့ ပြောပါတယ်။ အမွှာများကိုတောင် ခွဲခြားနိုင်ပါတယ်။ ပိုင်ရှင်ဟာ နှုတ်ခမ်းမွှေးများ၊ မုတ်ဆိတ်မွှေးများ ပေါက်နေရင်လည်း သူက သိပါတယ်။

မျက်လုံး အာရုံခံ နည်းပညာကို ဖန်တီးတာ Apple ဟာ ပထမဆုံး မဟုတ်ပါဘူး။ ဆမ်ဆောင်းက ၂၀၁၈ ခုနှစ်ထုတ် Galaxy S8 မှာ အဲဒီ နည်းပညာကို မိတ်ဆက်ခဲ့ပါတယ်။ Apple ကလည်း သူ့ရဲ့ ထုတ်ကုန်များမှာ လုံခြုံရေး အလွှာတစ်ထပ်ကို ထပ်ဖြည့်ပေးချင်လို့ ဒီနည်းပညာကို တီထွင်နေတာ ဖြစ်ပါတယ်။

နည်းပညာ ကုမ္ပဏီများဟာ သူတို့ရဲ့ အိုင်ဒီယာများကို Patent များ အဖြစ်မှတ်ပုံတင်ထားလေ့ ရှိပါတယ်။ ဒါပေမယ့် အဲဒီ Patent အားလုံးဟာ တကယ့်ထုတ်ကုန် အဖြစ် မထွက်ရှိလာပါဘူး။ အဲဒီအတွက် Apple ရဲ့ မျက်လုံး အာရုံခံ နည်းပညာဟာ သူ့ရဲ့ ထုတ်ကုန်များမှာ ပါလာမယ်ဆိုတာ သေချာပေါက် မပြောနိုင်ပါဘူး။

Ref : digitaltrends

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category