0 Shares 247 Views


Apr 13, 2019
0 247





Ref : theverge

[Unicode]

အင်္ဂလန်က နွားတွေ 5G ရသွားပြီ

အမေရိကန်နဲ့ တောင်ကိုရီးယားက ပြည်သူပြည်သားများက 5G ရတဲ့ ပထမဆုံး လူသားများ ဖြစ်လာကြပါတယ်။ သူတို့နဲ့ တန်းတူ 5G ရသွား သူများလည်း ရှိကြပါတယ်။ အဲဒါကတော့ အင်္ဂလန်က နွားများ ဖြစ်ပါတယ်။

Cisco က ကမ္ဘာအဝန်းမှာ 5G ကို ဝန်ဆောင်မှုပေးဖို့ စမ်းသပ်နေပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးမှာလည်း 5G ကို စမ်းသပ်နေပါတယ်။ ကုမ္ပဏီက အင်္ဂလန်ရဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသ ၃ ခုမှ စိုက်ပျိုးမွေးမြူရေး သမားများအတွက် 5G ကို ပံ့ပိုးပေးထားပါတယ်။ လယ်သမားများက နွားများမှာ 5G ပါတဲ့ လည်ပတ်များကို ဝတ်ဆင်ပေးပြီး နွားများရဲ့ တည်နေရာကို ထောက်လှမ်းခြင်း၊ သူတို့ရဲ့ အလေ့အထများကို လေ့လာခြင်းများကို ပြုလုပ်နိုင်ပါတယ်။

အဲဒီ ဒေသ ၃ ခုထဲက ၁ ခုဟာ အင်္ဂလန်ရဲ့ အနောက်တောင်ဘက်မှ မြို့ငယ်လေး Shepton Mallet မှ Agricultural Engineering Precision Innovation Centre, or Agri-EPI Centre ဖြစ်ပါတယ်။ အဲဒီက မွေးမြူရေးခြံမှ နွားပေါင်း ၁၈၀ မှာ 5G ပါတဲ့ လည်ပတ်များ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

5G စမတ် လည်ပတ်များဟာ စက်ရုပ် နို့ညှစ်စနစ်ကိုလည်း ဆက်သွယ်အလုပ်လုပ်နိုင်တဲ့ အတွက် နွားနို့ညှစ်တဲ့ အလုပ်ကို ကူညီပေးနေပါတယ်။ “ ဒါဟာ 5G က စိုက်ပျိုးမွေးမြူရေးအတွက်လည်း ကူညီပေးနိုင်တယ်ဆိုတာကို သက်သေပြနေပါတယ်။ နွား အားလုံးနဲ့ ဆက်သွယ်မှုများ ရနေပါပြီ။ “ လို့ Cisco ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Ref : theverge

You may be interested

Triple Rear Cameras များပါမယ့် Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras များပါမယ့် Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ့ Exynos Chipset ပါတာ One Vision တစ်လုံးထဲ မဟုတ်တော့ပါဘူး။ Motorola ရဲ့ နောက်ထုတ်မယ့် One Action မှာလည်း ပါလာတော့မှာပါ။ အဲဒီ One Phone ၂ လုံးမှာ တူညီချက်များစွာ…

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
NEWS, Science, Softwares & Application
0 shares0 views

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်

Ko Thuya - Jun 16, 2019

ဂျပန်မှ Advanced Industrial Science and Technology, or AIST က နေအိမ် တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သူဟာ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုမှာ သူဟာ နံရံများကို…

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Jun 16, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို စုစည်းပေးလိုက်ပါတယ်။ 10/6/2019 Huawei က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ဖို့ စာချုပ်ချုပ်ပြီးပြီ အမေရိကန်နဲ့ ပူးပေါင်းတဲ့ နည်းပညာ ကုမ္ပဏီများအား နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ တရုတ် သတိပေး 11/6/2019 “Honor က ဒီနှစ်မှာ…

Leave a Comment

Most from this category