0 Shares 1138 Views

PUBG ကို နီေပါမွာ Ban ၿပီ

Apr 13, 2019
0 1138

Fornite နဲ႔ Apex Legends တို႔က PlayerUnknown’s Battlegrounds ကို ေက်ာ္တက္ေတာ့မွာ ျဖစ္ပါတယ္။ PUBG ဟာ အၾကမ္းဖက္မႈမ်ား ျဖစ္ပြားေစတဲ့ အတြက္ အခ်ိဳ႕ႏိုင္ငံမ်ားမွာ ပိတ္ပင္ေနပါတယ္။ အခုေတာ့ နီေပါကလည္း PUBG ကို ပိတ္ပင္လိုက္ၿပီး ကစားသူမ်ားကို ဖမ္းဆီးဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

မတ္လကလည္း The Times of India က Ahmedabad ၿမိဳ႕ Rakhial ေဒသ Urbannagar မွ ရဲမ်ားဟာ PUBG ကစားလို႔ အသက္ ၂၀ အရြယ္ လူငယ္တစ္ဦးကို ဖမ္းဆီးလိုက္တယ္လို႔ သတင္းေရးသားထားပါတယ္။ ၿပီးေတာ့ အျခား လူငယ္သံုးဦးကိုလည္း ဒီအမႈနဲ႔ ဖမ္းဆီးခဲ့ပါတယ္။ အဲဒီၿမိဳ႕မွာ အဲဒီ ဂိမ္းကို မကစားရဘူးလို႔ အမိန္႔ထုတ္ထားၿပီးေနာက္ ဖမ္းဆီးလုိက္တာပါ။

Ahmedabad မွာ PUBG လို တိုက္ခိုက္ျခင္း၊ အၾကမ္းဖက္ျခင္းမ်ား ပါတဲ့ ဂိမ္းမ်ားကို ပိတ္ပင္ထားပါတယ္။ အဲဒီလို ဂိမ္းမ်ားဟာ လူငယ္မ်ားရဲ႕ အျပဳအမူ၊ ေပါင္းသင္းဆက္ဆံေရးနဲ႔ ဖြံ႔ၿဖိဳုးတိုးတက္မႈကို ထိခိုက္ေစတယ္လို႔ ယူဆထားၾကတဲ့ အတြက္ အခုလို ပိတ္ပင္ထားတာ ျဖစ္ပါတယ္။

အိႏၵိယမွာ ဖမ္းဆီးလိုက္တဲ့ လူငယ္မ်ားကို ခံ၀န္ကတိေရးထိုးေစၿပီး ျပန္လည္လႊတ္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ အက်ဥ္းသား မွတ္တမ္းမ်ားမွာလည္း ထည့္သြင္းျခင္း မျပဳဘူးလို႔ ရဲဌာနက ေျပာပါတယ္။ အိႏၵိယရဲ႕ ေဒသ အခ်ိဳ႕မွာ Selfie ရိုက္ကူးတာကို ပိတ္ပင္ထားတာေတြ ရွိပါတယ္။ The Times of India က PUBG ကို ပိတ္ပင္ထားတဲ့ ေဒသမ်ားမွာ Momo Challenge Game ကိုလည္း ပိတ္ပင္ထားတယ္လို႔ ေျပာပါတယ္။

PUBG ကို ပိတ္ပင္ထားတဲ့ ေဒသမ်ားမွ PUBG Fans မ်ားဟာ အလားတူ ဂိမ္းမ်ိဳး ျဖစ္တဲ့ Fortnite ကို ေျပာင္းလဲ ကစားၾကမယ္လို႔ ထင္ရပါတယ္။ မၾကာခင္မွာ Fortnite ကိုလည္း ပိတ္ပင္ႏုိင္ပါတယ္။

Ref : androidpolice

[Unicode]

PUBG ကို နီပေါမှာ Ban ပြီ

Fornite နဲ့ Apex Legends တို့က PlayerUnknown’s Battlegrounds ကို ကျော်တက်တော့မှာ ဖြစ်ပါတယ်။ PUBG ဟာ အကြမ်းဖက်မှုများ ဖြစ်ပွားစေတဲ့ အတွက် အချို့နိုင်ငံများမှာ ပိတ်ပင်နေပါတယ်။ အခုတော့ နီပေါကလည်း PUBG ကို ပိတ်ပင်လိုက်ပြီး ကစားသူများကို ဖမ်းဆီးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မတ်လကလည်း The Times of India က Ahmedabad မြို့ Rakhial ဒေသ Urbannagar မှ ရဲများဟာ PUBG ကစားလို့ အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ သတင်းရေးသားထားပါတယ်။ ပြီးတော့ အခြား လူငယ်သုံးဦးကိုလည်း ဒီအမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီမြို့မှာ အဲဒီ ဂိမ်းကို မကစားရဘူးလို့ အမိန့်ထုတ်ထားပြီးနောက် ဖမ်းဆီးလိုက်တာပါ။

Ahmedabad မှာ PUBG လို တိုက်ခိုက်ခြင်း၊ အကြမ်းဖက်ခြင်းများ ပါတဲ့ ဂိမ်းများကို ပိတ်ပင်ထားပါတယ်။ အဲဒီလို ဂိမ်းများဟာ လူငယ်များရဲ့ အပြုအမူ၊ ပေါင်းသင်းဆက်ဆံရေးနဲ့ ဖွံ့ဖြိုုးတိုးတက်မှုကို ထိခိုက်စေတယ်လို့ ယူဆထားကြတဲ့ အတွက် အခုလို ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

အိန္ဒိယမှာ ဖမ်းဆီးလိုက်တဲ့ လူငယ်များကို ခံဝန်ကတိရေးထိုးစေပြီး ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ အကျဉ်းသား မှတ်တမ်းများမှာလည်း ထည့်သွင်းခြင်း မပြုဘူးလို့ ရဲဌာနက ပြောပါတယ်။ အိန္ဒိယရဲ့ ဒေသ အချို့မှာ Selfie ရိုက်ကူးတာကို ပိတ်ပင်ထားတာတွေ ရှိပါတယ်။ The Times of India က PUBG ကို ပိတ်ပင်ထားတဲ့ ဒေသများမှာ Momo Challenge Game ကိုလည်း ပိတ်ပင်ထားတယ်လို့ ပြောပါတယ်။

PUBG ကို ပိတ်ပင်ထားတဲ့ ဒေသများမှ PUBG Fans များဟာ အလားတူ ဂိမ်းမျိုး ဖြစ်တဲ့ Fortnite ကို ပြောင်းလဲ ကစားကြမယ်လို့ ထင်ရပါတယ်။ မကြာခင်မှာ Fortnite ကိုလည်း ပိတ်ပင်နိုင်ပါတယ်။

Ref : androidpolice

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category