0 Shares 198 Views

Samsung Galaxy S10 5G မ်ား ဆက္သြယ္မႈ ျပႆနာမ်ား ျဖစ္ပြား

Apr 13, 2019
0 198

Samsung Galaxy S10 5G ကို ၿပီးခဲ့တဲ့ အပတ္က ေတာင္ကိုရီးယားမွာ ေရာင္းခ်ေပးခဲ့ပါတယ္။ အခုေတာ့ အဲဒီ ဖုန္းမ်ားဟာ ဆက္သြယ္မႈ ျပႆနာမ်ား ျဖစ္ပြားေနတယ္လို႔ သိရပါတယ္။ Samsung Galaxy S10 5G ကို အေစာဆံုး ၀ယ္ယူထားသူမ်ားက ထင္သေလာက္ လိုင္းမေကာင္းေၾကာင္း၊ ေနရာတိုင္းမွာလည္း လိုင္းမမိေၾကာင္းနဲ႔ LTE နဲ႔ 5G ေျပာင္းရာမွာလည္း ျပႆနာ ျဖစ္ေနေၾကာင္း ေျပာၾကပါတယ္။

အခ်ိဳ႕ကလည္း သူတို႔ရဲ႕ ဖုန္မ်ားကို Restart လုပ္ၿပီးရင္ 4G ကြန္ရက္ကို ခ်ိတ္ဆက္လို႔ မရဘူးလို႔ ေျပာပါတယ္။ ျဖစ္နုိင္တာက 5G ဆက္သြယ္မႈ မရတဲ့ ေနရာမ်ားမွာ 4G ကိုလည္း ခ်ိတ္မရတာပါ။ 5G ကို ၀န္ေဆာင္မႈေပးေနတဲ့ ကိုရီးယား Carrier ၃ ခုစလံုးမွာ ဒီျပႆနာ ျဖစ္ေနတာပါ။

ဆမ္ေဆာင္းက ဧၿပီလ ၆ ရက္ေန႔မွာ သူ႔ရဲ႕ 5G Phone အသစ္မ်ားအတြက္ Software Update ကို ျဖန္႔ခ်ီျခင္းျဖင့္ ဒီျပႆနာကို ေျဖရွင္းဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ 5G ကြန္ရက္ ျပႆနာကို ေျဖရွင္းေပးႏိုင္ျခင္း မရွိေသးပါဘူး။ ဆမ္ေဆာင္းက Carrier မ်ားဟာ သူတို႔ရဲ႕ ကြန္ရက္မ်ားကို ေကာင္းမြန္ေအာင္ မလုပ္ထားဘူးလို႔ အျပစ္တင္ပါတယ္။ Carrier မ်ားကေတာ့ သူတို႔ အျပစ္ မဟုတ္ဘူးလို႔ေျပာပါတယ္။

ကြ်မ္းက်င္သူမ်ားက ဒီျပႆနာဟာ Carrier မ်ားရဲ႕ 5G Stations မ်ားနဲ႔ မသက္ဆိုင္ဘဲ ကြန္ရက္ အဆင့္ျမွင့္တင္မႈမွာ ျပႆနာ ျဖစ္ေနတာလို႔ သံုးသပ္ပါတယ္။ ယခင္မ်ိဳးဆက္ ကြန္ရက္မ်ားကို ၀န္ေဆာင္မႈေပးရာမွာလည္း အေစာပိုင္းမွာ ဒီလို ျပႆနာမ်ား ျဖစ္ပြားခဲ့ဖူးပါတယ္။ အဲဒီအတြက္ မၾကာခင္မွာေတာ့ ေတာင္ကိုရီးယားရဲ႕ 5G ကြန္ရက္ကလည္း အဆင္ေျပသြားမွာပါ။

Ref : gsmarena

[Unicode]

Samsung Galaxy S10 5G များ ဆက်သွယ်မှု ပြဿနာများ ဖြစ်ပွား

Samsung Galaxy S10 5G ကို ပြီးခဲ့တဲ့ အပတ်က တောင်ကိုရီးယားမှာ ရောင်းချပေးခဲ့ပါတယ်။ အခုတော့ အဲဒီ ဖုန်းများဟာ ဆက်သွယ်မှု ပြဿနာများ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ Samsung Galaxy S10 5G ကို အစောဆုံး ဝယ်ယူထားသူများက ထင်သလောက် လိုင်းမကောင်းကြောင်း၊ နေရာတိုင်းမှာလည်း လိုင်းမမိကြောင်းနဲ့ LTE နဲ့ 5G ပြောင်းရာမှာလည်း ပြဿနာ ဖြစ်နေကြောင်း ပြောကြပါတယ်။

အချို့ကလည်း သူတို့ရဲ့ ဖုန်များကို Restart လုပ်ပြီးရင် 4G ကွန်ရက်ကို ချိတ်ဆက်လို့ မရဘူးလို့ ပြောပါတယ်။ ဖြစ်နိုင်တာက 5G ဆက်သွယ်မှု မရတဲ့ နေရာများမှာ 4G ကိုလည်း ချိတ်မရတာပါ။ 5G ကို ဝန်ဆောင်မှုပေးနေတဲ့ ကိုရီးယား Carrier ၃ ခုစလုံးမှာ ဒီပြဿနာ ဖြစ်နေတာပါ။

ဆမ်ဆောင်းက ဧပြီလ ၆ ရက်နေ့မှာ သူ့ရဲ့ 5G Phone အသစ်များအတွက် Software Update ကို ဖြန့်ချီခြင်းဖြင့် ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် 5G ကွန်ရက် ပြဿနာကို ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပါဘူး။ ဆမ်ဆောင်းက Carrier များဟာ သူတို့ရဲ့ ကွန်ရက်များကို ကောင်းမွန်အောင် မလုပ်ထားဘူးလို့ အပြစ်တင်ပါတယ်။ Carrier များကတော့ သူတို့ အပြစ် မဟုတ်ဘူးလို့ပြောပါတယ်။

ကျွမ်းကျင်သူများက ဒီပြဿနာဟာ Carrier များရဲ့ 5G Stations များနဲ့ မသက်ဆိုင်ဘဲ ကွန်ရက် အဆင့်မြှင့်တင်မှုမှာ ပြဿနာ ဖြစ်နေတာလို့ သုံးသပ်ပါတယ်။ ယခင်မျိုးဆက် ကွန်ရက်များကို ဝန်ဆောင်မှုပေးရာမှာလည်း အစောပိုင်းမှာ ဒီလို ပြဿနာများ ဖြစ်ပွားခဲ့ဖူးပါတယ်။ အဲဒီအတွက် မကြာခင်မှာတော့ တောင်ကိုရီးယားရဲ့ 5G ကွန်ရက်ကလည်း အဆင်ပြေသွားမှာပါ။

Ref : gsmarena

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category