0 Shares 251 Views


Apr 13, 2019
0 251




Ref : gsmarena

[Unicode]

Huawei P30 နဲ့ P30 Pro တို့ တရုတ်မှာ ၁၀ စက္ကန့်အတွင်း ရောင်းကုန်သွား

Huawei က တရုတ်မှာ P30 နဲ့ P30 Pro တို့ကို ကြိုတင်မှာယူခွင့်ပြုလိုက်ပါတယ်။ ပထမဆုံး Flash Sale မှာ ၁၀ စက္ကန့်အတွင်းတွင် ရောင်းကုန်သွားတယ်လို့ သိရပါတယ်။ ကုမ္ပဏီက ပထမဆုံး Flash Sale မှာ ယွမ် သန်း ၂၀၀ ဖိုးရောင်းရတယ်လို့ ပြောပါတယ်။ ဒီငွေပမာဏဟာ Memory Configuration အလိုက် အလုံးရေ ၃၀ ၀၀၀ နဲ့ ၅၀ ၀၀၀ အကြားမှာ ရှိပါတယ်။

Huawei P30 ရဲ့ အခြေခံ မော်ဒယ်ဖြစ်တဲ့ 8/64GB ကို ယွမ် ၃၉၈၈ နဲ့ 8/256GB ကို ယွမ် ၄၇၈၈ သတ်မှတ်ထားပါတယ်။ P30 Pro ရဲ့ဈေးက ယွမ် ၅၄၈၈ နဲ့ ၆၇၈၈ အကြားမှာ ရှိပါတယ်။ တရုတ်မှာ Vmall နဲ့ ဟွာဝေးရဲ့ အွန်လိုင်းစတိုးများမှာ ဝယ်ယူနိုင်ပါတယ်။ ကြိုတင်မှာယူတဲ့ ပထမဆုံး လူ ၃၀၀၀ ကို Tripod Selfie Stick တစ်ချောင်းစီ လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။

တရုတ်ရဲ့ အွန်လိုင်းစတိုး တစ်ခု ဖြစ်တဲ့ Tmall ကလည်း ရောင်းချပေးမှာ ဖြစ်ပါတယ်။ Huawei P30 ကို စတင် မိတ်ဆက်တဲ့ နေ့ကတည်းက သူ့ကို အွန်လိုင်းမှာ ရှာဖွေသူများဟာ ၃.၂ သန်းကျော်တောင် ရှိပါတယ်။ အဲဒီအထဲက ၆၀ ရာခိုင်နှုန်းဟာ အမျိုးသမီးများ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

Triple Rear Cameras များပါမယ့် Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras များပါမယ့် Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ့ Exynos Chipset ပါတာ One Vision တစ်လုံးထဲ မဟုတ်တော့ပါဘူး။ Motorola ရဲ့ နောက်ထုတ်မယ့် One Action မှာလည်း ပါလာတော့မှာပါ။ အဲဒီ One Phone ၂ လုံးမှာ တူညီချက်များစွာ…

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
NEWS, Science, Softwares & Application
0 shares0 views

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်

Ko Thuya - Jun 16, 2019

ဂျပန်မှ Advanced Industrial Science and Technology, or AIST က နေအိမ် တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သူဟာ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုမှာ သူဟာ နံရံများကို…

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Jun 16, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို စုစည်းပေးလိုက်ပါတယ်။ 10/6/2019 Huawei က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ဖို့ စာချုပ်ချုပ်ပြီးပြီ အမေရိကန်နဲ့ ပူးပေါင်းတဲ့ နည်းပညာ ကုမ္ပဏီများအား နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ တရုတ် သတိပေး 11/6/2019 “Honor က ဒီနှစ်မှာ…

Leave a Comment

Most from this category