အခြား သူများ ပြန်ရှာမရအောင် သင့် Android မှ ဒေတာများကို ဖျက်ဆီးနည်း

သင့် Android ကို ပြန်ရောင်းချင်လို့ပဲ ဖြစ်ဖြစ်၊ အခြားလူကို ပေးချင်လို့ပဲ ဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေး ကိုယ်တာ ဒေတာများကို ရှင်းလင်းပြီး Factory Reset ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် Factory Reset ချလိုက်ရုံနဲ့ သင့် ဒေတာများကို ရာခိုင်နှုန်းပြည့် မပျက်ဆီးစေပါဘူး။ အဲဒီအတွက် သင့်ဒေတာများကို Recover မလုပ်နိုင်အောင် Android Device ကို Wipe ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

Storage ရဲ့ အလုပ်လုပ်ပုံကို နားလည်ပါ။

စမတ်ဖုန်း၊ တက်ဘလက်၊ ပီစီများမှ ဒေတာများကို ပြန်ရှာပေးနိုင်တဲ့ Apps or Software များစွာ ရှိနေပါတယ်။ Android အပါအဝင် OS အများစုမှာ ဖိုင်တစ်ခုကို ဖျက်လိုက်တာနဲ့ ပျောက်ကွယ်သွားခြင်း မရှိပါဘူး။ အဲဒီဖိုင်ကို ကိုယ်ယောင်ဖျောက်ထားပြီး သူ့နေရာကို Free Space အဖြစ် သတ်မှတ်လိုက်တာပါ။ ဖိုင်အသစ်များ အဲဒီနေရာ ရောက်လာမှသာ ဖျက်ထားတဲ့ ဖိုင်ဟာ တကယ် ပျက်သွားတာ ဖြစ်ပါတယ်။

Android Device ကို မှန်ကန်စွာ Wipe ပြုလုပ်နည်း

Android Device မှ ဒေတာများကို လုံး၀ ပျောက်ပျက်သွားအောင် ပြုလုပ်နိုင်တဲ့ တိုက်ရိုက် နည်းလမ်းတော့ မရှိသေးပါဘူး။ ဒါပေမယ့် သင့်ရဲ့ ဒေတာများကို Recover ပြုလုပ်လို့ မရနိုင်မယ့် နည်းလမ်းတော့ ရှိပါတယ်။

Encrypt လုပ်ပါ။

သင့်ရဲ့ ဖုန်းကို Factory Reset ပြုလုပ်ပြီးရင်တောင် သင့်ရဲ့ ဒေတာများဟာ အမှန်တကယ် ပျောက်ကွယ်သွားခြင်း မရှိပါဘူး။ အဲဒီအတွက် သင့်ရဲ့ ဒေတာများကို အခြားလူများ Recover မလုပ်နိုင်အောင် အရင်ဆုံး Encrypt လုပ်ရမှာပါ။ Settings> Security ထဲသွားပြီး Encrypt ကို နှိပ်ပေးပါ။ ဖုန်းထုတ်လုပ်သူအပေါ် မူတည်ပြီး Encrypt ပြုလုပ်ရတဲ့ နေရာဟာ အနည်းငယ် ကွာခြားနိုင်ပါတယ်။ ပြီးရင်တော့ Factory Reset ပြုလုပ်ပေးပါ။

အရေးမကြီးတဲ့ ဖိုင်များကို ဖုန်းထဲ ထည့်ပေးပါ။

Factory Reset ပြုလုပ်ပြီးတဲ့ နောက်မှာမှ သင့်ရဲ့ ဒေတာများကို ဖျက်ဆီးချင်ရင်တော့ အရေးမကြီးတဲ့ ဖိုင်များကို ဖုန်းထဲထည့်ပေးပါ။ အဲဒီဖိုင်များဟာ သင့်ရဲ့ အရေးကြီးတဲ့ ဖိုင်များ နေရာကို အစားထိုး ဝင်ရောက်ခြင်းဖြင့် ဖျက်ဆီးပေးမှာ ဖြစ်ပါတယ်။

ref : androidauthority

အခြား သူများ ပြန်ရှာမရအောင် သင့် Android မှ ဒေတာများကို ဖျက်ဆီးနည်း

%d bloggers like this: