0 Shares 71 Views


Apr 12, 2019
0 71






Ref : gsmarena

[Unicode]

OnePlus 7 Model ၃ ခု ထွက်လာနိုင်

OnePlus က ၂၀၁၆ ခုနှစ်ကတည်းက တစ်နှစ်ကို ဖုန်း ၂ လုံးထုတ်ခဲ့ပါတယ်။ တစ်လုံးသာ သာမာန်နဲ့ နောက်တစ်လုံးက T Model ပါ။ အခုတော့ ကုမ္ပဏီက ဒီနှစ်ထဲမှာ OnePlus 7 ဖုန်း ၃ လုံးထုတ်မယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။ အဲဒီ သတင်းကို Leakster Ishan Agarwal က ပြောတာ ဖြစ်ပြီး သူက OnePlus 7 , OnePlus 7 Pro နဲ့ OnePlus 7 Pro 5G လို့ အမည်ပေးထားမယ်လို့ ပြောပါတယ်။

OnePlus 7 Pro မှာ Snapdragon 855 , 8GB RAM , 6.67” Display , Triple Camera Setup (48MP+16MP+8MP) များ ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ဘေးဘက်ကွေး မျက်နှာပြင် ဖြစ်ပြီး Notch မပါပါဘူး။ OnePlus 7 5G ရဲ့ ကေ့စ်ဓါတ်ပုံများလည်း ထွက်ပေါ်လာပါတယ်။ သူဟာ ယခင်နှစ်ထုတ် 6T နဲ့ အတော်တူပါတယ်။ LED Flash ထားတဲ့ နေရာသာ ကွာပါတယ်။ 6T မှာ ကင်မရာ ၂ လုံးအောက်နဲ့ 7 Pro 5G မှာ ကင်မရာ ၂ လုံးကြားမှာ ထည့်ထားပါတယ်။

OnePlus 7 ကိုလည်း အရောင်းဆိုင်က စာရင်းတင်ခဲ့ဖူးပါတယ်။ အရောင်းဆိုင်က ဖော်ပြထားတဲ့ Specs များကို အောက်မှာ လေ့လာပါ။

• 6.5-inch AMOLED screen, world’s fastest screen unlock.
• Qualcomm Snapdragon 855 Soc, up to 2.84GHz, with Adreno 640 GPU.
• Rear triple cameras: 48MP+20MP+5MP, 16MP pop up selfie camera.
• 8GB/12GB RAM, 128GB/256GB storage.
• 4000mAh battery, 44W super fast Dash charging.
• Oxygen OS 9 base on Android 9.0 Pie.

သူ့မှာ ကြိုးမဲ့ အားသွင်း နည်းပညာ မပါဘူးလို့ ကုမ္ပဏီရဲ့ စီအီးအို Carl Pei က အတည်ပြုထားပါတယ်။ OnePlus 7 ကို တရားဝင် မြင်ရဖို့ သိပ်မလိုတော့ပါဘူး။ အဲဒီ အချိန်ကျမှ သတင်းအချက်အလက် အသေးစိတ်ကို သိရမှာပါ။

Ref : gsmarena

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category