0 Shares 119 Views

ကီးဘုတ္ကို အျပင္ ဆြဲထုတ္ႏိုင္တဲ့ Acer Predator Helios 700 ထြက္ရွိ

Apr 12, 2019
0 119

Acer က မေန႔က က်င္းပျပဳလုပ္ခဲ့တဲ့ ပြဲမွာ Laptop နဲ႔ PC ေမာ္ဒယ္သစ္ အမ်ားအျပားကို မိတ္ဆက္သြားခဲ့ပါတယ္။ ဒီထဲမွာ Creators ေတြ Designers ေတြအတြက္ ရည္႐ြယ္ထုတ္လုပ္ထားတဲ့ ConceptD စီးရီး အသစ္လည္း ပါဝင္ပါတယ္။ အားလုံးထဲမွာ စိတ္ဝင္စားဖို႔ အေကာင္းဆုံး ေမာ္ဒယ္တခုကေတာ့ Acer Predator Helios 700 ေမာ္ဒယ္ပါ။ Helios စီးရီးရဲ႕ ေမာ္ဒယ္အသစ္ ျဖစ္ပါတယ္။

Intel ရဲ႕ စြမ္းေဆာင္ရည္ျမင့္ 9th Gen Core i9 Processors ေတြကို အသုံးျပဳထားၿပီး၊ 64GB RAM နဲ႔ Nvidia GeForce RTX 2080 ဂရပ္ဖစ္ကတ္ေတြ ပါဝင္ပါတယ္။ မ်က္ႏွာျပင္က 17-inch FHD IPS Display ျဖစ္ပါတယ္။ 144Hz နဲ႔ 3ms response time ရွိတဲ့ G-Sync ပါ Display ျဖစ္ပါတယ္။ စပီကာ ငါးလုံးနဲ႔ subwoofer တလုံးလည္း ပါဝင္ၿပီး၊ 5.1 ပတ္လည္အသံေျပးစနစ္ ရမွာပါ။ Killer Wi-Fi AX150 နဲ႔ Killer E3000 Ethernet port ေတြလည္း ထည့္သြင္းထားပါေသးတယ္။

အေပၚက အခ်က္ေတြ အားလုံးက Gaming Laptop ဝယ္ခ်င္သူတိုင္း မက္ေမာေလာက္တဲ့ အခ်က္ေတြပါ။ ဒါေပမယ့္ တကယ့္ ထူးျခားတဲ့အခ်က္ကေတာ့ ဒီ Laptop ရဲ႕ “HyperDrift” ကီးဘုတ္မွာ ရွိပါတယ္။ ခလုတ္နဲ႔ Trackpad ေတြ ပါတဲ့ ကီးဘုတ္ကိုယ္ထည္တခုလုံးကို လက္ပ္ေတာ့ အျပင္ဘက္ ဆြဲထုတ္ႏိုင္ၿပီး၊ trackpad အပိုင္းကို လက္တင္ဖို႔ အသုံးျပဳႏိုင္ပါတယ္။

ဆြဲထုတ္လိုက္ရင္ ကိုယ္ထည္မွာ ထည့္ထားတဲ့ ပန္ကာေတြနဲ႔ အပူထုတ္ ပိုက္ေခ်ာင္းေတြကို ျမင္ရမွာပါ။ ကိုယ္ထည္အေပၚဘက္မွာ ေနာက္ထပ္ ေလဝင္ေပါက္ ႏွစ္ေပါက္လည္း ေပၚလာမွာ ျဖစ္ၿပီး၊ ဂိမ္းေဆာ့တဲ့အခါ လက္ပ္ေတာ့ရဲ႕ အပူကို ပိုမို ေလ်ာ့ခ်ေပးႏိုင္မွာ ျဖစ္တယ္လို႔ Acer က ဆိုပါတယ္။

ကီးဘုတ္ခလုတ္တခုခ်င္းစီက RGB backlight နဲ႔ ျဖစ္ၿပီး၊ MagForce key လို႔ အမည္ေပးထားပါတယ္။ Linear switches ဒီဇိုင္းနဲ႔ပါ။ ပိုမိုတိက်မႈ ရွိတယ္လို႔ Acer က ဆိုပါတယ္။ Gaming Laptop ဆိုတဲ့အတိုင္း ခ်က္ခ်င္း Overclock လုပ္ဖို႔ Turbo hotkey နဲ႔ GPU, CPU အသုံးျပဳမႈေတြ၊ ပန္ကာလည္ႏႈန္းေတြ၊ အပူခ်ိန္ေတြ ၾကည့္ႏိုင္မယ့္ Predator Sense ေဆာ့ဖ္ဝဲလည္း ပါဝင္မွာ ျဖစ္ပါတယ္။

Acer Predator Helios 700 ကို ေဒၚလာ ၂,၇၀၀ ေစ်းနဲ႔ ဧၿပီလမွာ စတင္ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၉.၉ ေပါင္ရွိတာေၾကာင့္ အျပင္သယ္သြားဖို႔ေတာ့ ေတာ္ေတာ္စဥ္းစားရမွာပါ။ အခုေခတ္မွာ LAN Party ေတြလည္း သိပ္မေဆာ့ၾကေတာ့တဲ့အတြက္ လက္ပ္ေတာ့အေလးခ်ိန္ကေတာ့ Gaming သမားေတြအတြက္ သိပ္ကိစၥမရွိဘူးလို႔ ထင္ပါတယ္။

Ref: PC Gamer

(Unicode)

ကီးဘုတ်ကို အပြင် ဆွဲထုတ်နိုင်တဲ့ Acer Predator Helios 700 ထွက်ရှိ

Acer က မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပွဲမှာ Laptop နဲ့ PC မော်ဒယ်သစ် အများအပြားကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒီထဲမှာ Creators တွေ Designers တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ConceptD စီးရီး အသစ်လည်း ပါဝင်ပါတယ်။ အားလုံးထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး မော်ဒယ်တခုကတော့ Acer Predator Helios 700 မော်ဒယ်ပါ။ Helios စီးရီးရဲ့ မော်ဒယ်အသစ် ဖြစ်ပါတယ်။

Intel ရဲ့ စွမ်းဆောင်ရည်မြင့် 9th Gen Core i9 Processors တွေကို အသုံးပြုထားပြီး၊ 64GB RAM နဲ့ Nvidia GeForce RTX 2080 ဂရပ်ဖစ်ကတ်တွေ ပါဝင်ပါတယ်။ မျက်နှာပြင်က 17-inch FHD IPS Display ဖြစ်ပါတယ်။ 144Hz နဲ့ 3ms response time ရှိတဲ့ G-Sync ပါ Display ဖြစ်ပါတယ်။ စပီကာ ငါးလုံးနဲ့ subwoofer တလုံးလည်း ပါဝင်ပြီး၊ 5.1 ပတ်လည်အသံပြေးစနစ် ရမှာပါ။ Killer Wi-Fi AX150 နဲ့ Killer E3000 Ethernet port တွေလည်း ထည့်သွင်းထားပါသေးတယ်။

အပေါ်က အချက်တွေ အားလုံးက Gaming Laptop ဝယ်ချင်သူတိုင်း မက်မောလောက်တဲ့ အချက်တွေပါ။ ဒါပေမယ့် တကယ့် ထူးခြားတဲ့အချက်ကတော့ ဒီ Laptop ရဲ့ “HyperDrift” ကီးဘုတ်မှာ ရှိပါတယ်။ ခလုတ်နဲ့ Trackpad တွေ ပါတဲ့ ကီးဘုတ်ကိုယ်ထည်တခုလုံးကို လက်ပ်တော့ အပြင်ဘက် ဆွဲထုတ်နိုင်ပြီး၊ trackpad အပိုင်းကို လက်တင်ဖို့ အသုံးပြုနိုင်ပါတယ်။

ဆွဲထုတ်လိုက်ရင် ကိုယ်ထည်မှာ ထည့်ထားတဲ့ ပန်ကာတွေနဲ့ အပူထုတ် ပိုက်ချောင်းတွေကို မြင်ရမှာပါ။ ကိုယ်ထည်အပေါ်ဘက်မှာ နောက်ထပ် လေဝင်ပေါက် နှစ်ပေါက်လည်း ပေါ်လာမှာ ဖြစ်ပြီး၊ ဂိမ်းဆော့တဲ့အခါ လက်ပ်တော့ရဲ့ အပူကို ပိုမို လျော့ချပေးနိုင်မှာ ဖြစ်တယ်လို့ Acer က ဆိုပါတယ်။

ကီးဘုတ်ခလုတ်တခုချင်းစီက RGB backlight နဲ့ ဖြစ်ပြီး၊ MagForce key လို့ အမည်ပေးထားပါတယ်။ Linear switches ဒီဇိုင်းနဲ့ပါ။ ပိုမိုတိကျမှု ရှိတယ်လို့ Acer က ဆိုပါတယ်။ Gaming Laptop ဆိုတဲ့အတိုင်း ချက်ချင်း Overclock လုပ်ဖို့ Turbo hotkey နဲ့ GPU, CPU အသုံးပြုမှုတွေ၊ ပန်ကာလည်နှုန်းတွေ၊ အပူချိန်တွေ ကြည့်နိုင်မယ့် Predator Sense ဆော့ဖ်ဝဲလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Acer Predator Helios 700 ကို ဒေါ်လာ ၂,၇၀၀ ဈေးနဲ့ ဧပြီလမှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၉.၉ ပေါင်ရှိတာကြောင့် အပြင်သယ်သွားဖို့တော့ တော်တော်စဉ်းစားရမှာပါ။ အခုခေတ်မှာ LAN Party တွေလည်း သိပ်မဆော့ကြတော့တဲ့အတွက် လက်ပ်တော့အလေးချိန်ကတော့ Gaming သမားတွေအတွက် သိပ်ကိစ္စမရှိဘူးလို့ ထင်ပါတယ်။

Ref: PC Gamer

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category