လေဆိပ်လိုက်ပို့ပေးပြီးနောက် ခရီးသည်ရဲ့ အိမ်ကို ဝင်ခိုးတဲ့ Uber ယာဉ်မောင်း

Uber ယာဉ်မောင်းတစ်ဦးဟာ လေဆိပ်လိုက်ပို့ပေးပြီးနောက် ခရီးသည်ရဲ့ အိမ်ကို ဝင်ခိုးဖို့ ကြိုးစားနေတာကို ကင်မရာက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားမှ San Mateo ရဲဌာနက အဲဒီ သတင်းကို ကြေညာလိုက်တာဖြစ်ပြီး Jackie Gordon Wilson အမည်ရ အူဘာ ယာဉ်မောင်းကို ဖမ်းဆီးလိုက်တယ်လို့ ပြောပါတယ်။ သူ့ကို ပစ္စည်းခိုးရန် တစ်ပါးသူရဲ့ အိမ်ကို တရားမဝင် ဝင်ရောက်တဲ့ အမှုနဲ့ အရေးယူလိုက်ပါတယ်။

ရဲက အသက် ၃၈ နှစ်အရွယ် Wilson ဟာ ခရီးသည်ကို လေဆိပ်မှာ ချအပြီး တစ်နာရီ အကြာမှာ ခရီးသည်ရဲ့ နေအိမ် လုံခြုံရေး ကင်မရာက သူ့ကို မှတ်တမ်းတင်ထားလိုက်တာလို့ ပြောပါတယ်။ နေအိမ် လုံခြုံရေး စနစ်ရဲ့ Alarm ထမြည်တော့ သူဟာ ထွက်ပြေးသွားပါတယ်။ သူဟာ အဲဒီ ဒေသမှ အခြား အိမ်တစ်လုံးကိုလည်း ဖောက်ထွင်းဖို့ ကြိုးစားခဲ့ဖူးတယ်လို့ စွပ်စွဲခံထားရပါတယ်။

အူဘာက “ အဲဒီဖြစ်ရပ်ကို သိပြီးပြီးချင်းမှာပဲ အဲဒီယာဉ်မောင်းအား App အသုံးပြုခွင့်ကို ရပ်နားလိုက်ပါတယ်။ ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုကို ကူညီမှာပါ။ “ လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ခရီးသည်ရဲ့ နေအိမ်မှာ အသုံးပြုတဲ့ လုံခြုံရေး စနစ်ဟာ Amazon ရဲ့ Ring Security System ဖြစ်ပါတယ်။ ရဲဌာနက Ring လို နေအိမ် လုံခြုံရေး စနစ်များဟာ အလွန် ကောင်းကြောင်းလည်း ချီးကျူးခဲ့ပါတယ်။ ရဲဌာနက ထောက်လှမ်းရေး ကင်မရာများ၊ လိုင်စင်ပြား စစ်ဆေးတဲ့ စနစ်များကြောင့် ရဲဝန်ထမ်းများဟာ မှုခင်းများကို ပိုမို ဖြေရှင်းနိုင်လာကြတယ်လို့ ပြောပါတယ်။

Ref : businessinsider

လေဆိပ်လိုက်ပို့ပေးပြီးနောက် ခရီးသည်ရဲ့ အိမ်ကို ဝင်ခိုးတဲ့ Uber ယာဉ်မောင်း

%d bloggers like this: