မင်္ဂလာဆောင်မှာ ဓါတ်ဖမ်းပေးနေတဲ့ စက်ရုပ်

စက်ရုပ်တွေဟာ လူသားတွေရဲ့ လူနေမှုဘဝများကို ကဏ္ဍမျိုးစုံကနေ ကူညီနေပါတယ်။ ကုန်ထုတ်လုပ်ပေးတဲ့ စက်ရုပ်များ၊ ဟင်းချက်ပေးတဲ့ စက်ရုပ်များ၊ အဆောက်အဦး ဆောက်လုပ်ပေးတဲ့ စက်ရုပ် ၊ သယ်ယူပို့ဆောင်ရေး စက်ရုပ် စသဖြင့် စက်ရုပ်များစွာကို မြင်ခဲ့ကြပြီးပါပြီ။

အခုတော့ ဓါတ်ဖမ်းပေးတဲ့ ဓါတ်ပုံ ဆရာမ စက်ရုပ်ပေါ်လာပါပြီ။ သူ့ရဲ့ အမည်က Eva ဖြစ်ပြီး ဗြိတိန် အခြေစိုက် Service Robots က ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီဟာ ပရော်ဖက်ရှင်နယ် စက်ရုပ်များကို ငှားရမ်း သို့မဟုတ် ရောင်းချပေးနေပါတယ်။ Eva ကို အခုနှစ် အစောပိုင်းကတည်းက ငှားရမ်းပေးထားတာပါ။ ဧပြီလ ၇ ရက်နေ့မှာတော့ သူဟာ မင်္ဂလာဆောင်မှာ ပထမဆုံး အကြိမ် ဓါတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။

Eva ကို ဓါတ်ဖမ်းဖို့ ငှားရမ်းခဲ့ကြတဲ့ မင်္ဂလာမောင်နှံက Gary နဲ့ Megan Barker တို့ ဖြစ်ပါတယ်။ Gary က Eva ကြောင့် ပိုပျော်စရာကောင်းတဲ့ မင်္ဂလာပွဲ ဖြစ်ခဲ့ပြီး ဧည့်သည်တွေက စက်ရုပ် အကြောင်းကိုပဲ ပြောနေကြပါတယ်။ “ လို့ ပြောပါတယ်။ Service Robots က မင်္ဂလာပွဲမှာ Printing Station တစ်ခုကို တည်ဆောက်ပေးထားတဲ့ အတွက် ဓါတ်ပုံ ရိုက်ပြီးတာနဲ့ ချက်ချင်းထုတ်ဖို့ အဆင်ပြေပါတယ်။ မင်္ဂလာမောင်နှံ အပြင် ဧည့်သည်များကလည်း သူတို့ရဲ့ ပုံများကို ထုတ်သွားနိုင်ပါတယ်။ မထုတ်ဘဲ Facebook, Instagram မှာ တန်းရှဲလည်း အိုကေပါတယ်။

Eva ဟာ လူတူ စက်ရုပ် ဖြစ်ပြီး သူက လူတွေရဲ့ မျက်နှာများကို အာရုံခံနိုင်တဲ့ နည်းပညာ ပါပါတယ်။ သူက ဓါတ်ပုံ မရိုက်ခင်မှာ ခွင့်ပြုချက်ကိုလည်း တောင်းခံတတ်ပါတယ်။ Eva ရဲ့ အရှေ့မှာ စကရင် တစ်ခု ထည့်ထားပြီး ဧည့်သည်များက သူတို့ရိုက်ချင်တဲ့ ပုံများကို စကရင်မှာ ရွေးချယ်နိုင်ပါတယ်။

ref : techradar

မင်္ဂလာဆောင်မှာ ဓါတ်ဖမ်းပေးနေတဲ့ စက်ရုပ်

%d bloggers like this: