0 Shares 326 Views

သင့္ Android ဖုန္းကို Security Key အျဖစ္ အသုံးျပဳႏိုင္ၿပီ

Apr 12, 2019
0 326

သင့္ Android ဖုန္းမွာ Android 7.0 Nougat နဲ႔ အထက္ ရွိတယ္ဆိုရင္ ဖုန္းကို Security Key အသြင္ အသုံးျပဳႏိုင္ၿပီ ျဖစ္ပါတယ္။

Security Key ဆိုတာကေတာ့ အားလုံး သိၿပီးျဖစ္ၾကမွာပါ။ အေကာင့္ပိုင္ရွင္ စစ္မွန္ေၾကာင္း အတည္ျပဳေပးရတဲ့ လႈိ႕ဝွက္ကုဒ္ေတြ ျဖစ္ပါတယ္။ စစ္မွန္ေၾကာင္း အတည္ျပဳရာမွာ (Verification) မွာ နည္းလမ္း အသြယ္သြယ္ ရွိပါတယ္။ ဖုန္းနံပါတ္ကို SMS ပို႔ေပးတာ၊ အေကာင့္ဖြင့္ထားတဲ့ Email ကို ကုဒ္ ပို႔ေပးတာ နဲ႔ Autenticator App တခု ခံၿပီး၊ အဲ့က စကၠန႔္ ၃၀ တခါ ထုတ္ေပးတဲ့ ကုဒ္နဲ႔ ဝင္တာ စသျဖင့္ အမ်ိဳးမ်ိဳးပါပဲ။ ဒါေတြအျပင္ တကယ့္ Security Key လည္း ရွိပါတယ္။ Google ရဲ႕ Titan လို ဟာမ်ိဳးပါ။ ကိုယ္သုံးမယ့္ Device နဲ႔ USB ဒါမွမဟုတ္ Bluetooth နဲ႔ ခ်ိတ္ဆက္ကာ Verify လုပ္ေပးတဲ့ ကီးေတြ ျဖစ္ပါတယ္။

ယခုအခါ သင့္စမတ္ဖုန္းကိုလည္း တကယ့္ physical Security Key အသြင္ အသုံးျပဳႏိုင္ပါၿပီ။

– အသုံးျပဳခ်င္တယ္ဆိုရင္ Android 7.0 နဲ႔ အထက္ ရွိတဲ့ သင့္ဖုန္းမွာ အသုံးျပဳမယ့္ Google account ကို ထည့္ေပးပါ။
– 2-step Verification ခံထားၿပီးသား ျဖစ္ဖို႔ လိုပါတယ္။
– ၿပီးရင္ ကြန္ပ်ဴတာကေန သင့္ Google အေကာင့္ကို ဝင္ၿပီး၊ 2-step Verification ကို သြားကာ ေအာက္နားက ‘Add secuirty key’ ဆိုတာကို ႏွိပ္လိုက္ပါ။
– ေပၚလာတဲ့ Android ဖုန္းေတြထဲက တခုကို ေ႐ြးေပးလိုက္႐ုံပါပဲ။

Sign-in ဝင္တဲ့အခါ သင့္ဖုန္းကို Security Key အျဖစ္ သုံးခ်င္ရင္ ဖုန္းနဲ႔ Sign-in ဝင္တဲ့ စက္တို႔မွာ Bluetooth ဖြင့္ထားေပးဖို႔ လိုအပ္ပါတယ္။

Security Key ရဲ႕ အလုပ္လုပ္ပုံက အခု က်ေနာ္တို႔ အမ်ားစု သုံးေနၾကတဲ့ Google Prompt အလုပ္လုပ္ပုံနဲ႔ ဆင္ပါတယ္။ ကြန္ပ်ဴတာကေန ကိုယ့္အေကာင့္ကို ဝင္လိုက္တဲ့အခါ ဖုန္းမွာ Prompt တခု ေပၚလာတဲ့ ပုံစံပါပဲ။ Yes ႏွိပ္ေပးလိုက္႐ုံနဲ႔ အေကာင့္ ဝင္သြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီစနစ္က အင္တာနက္ကေန သင့္ Device တခုနဲ႔ တခုကို ဆက္သြယ္ ခ်ိတ္ဆက္ေပးတာပါ။

အခု Security Key ကေတာ့ အင္တာနက္ မလိုပါဘူး။ ဒါေပမယ့္ ဖုန္းက ကိုယ့္အနားမွာ ရွိမွ ရမွာ ျဖစ္ပါတယ္။ လုံၿခဳံေရး ပိုမို စိတ္ခ်ရမႈ ရွိသြားတာပါ။ Pixel 3 ကိုင္ထားတဲ့လူေတြက Volume တိုးတဲ့ ခလုတ္ကို ႏွိပ္ၿပီး Security Key ကို အသုံးျပဳႏိုင္ပါတယ္။ Pixel ထဲမွာ လုံၿခဳံေရးအတြက္ သီးသန႔္ Titan M chip ပါဝင္တဲ့အတြက္ေၾကာင့္ FIDO credentials ေတြကို အဆိုပါ Chip မွာ သိမ္းထားကာ ခလုတ္ႏွိပ္လိုက္တာ အစစ္ျဖစ္ေၾကာင္း အတည္ျပဳေပးႏိုင္ပါတယ္။ တျခား ဖုန္းေတြမွာေတာ့ Google Prompt လိုပဲ Tap လုပ္ေပးရမွာပါ။

ေလာေလာဆည္ အခု ဝန္ေဆာင္မႈကို Chrome browser နဲ႔ Google အပိုင္ Services ေတြမွာပဲ သုံးႏိုင္ပါေသးတယ္။ တျခား Third-party sites ေတြ ဝင္ဖို႔အတြက္ေတာ့ မသုံးႏိုင္ေသးပါဘူး။ FIDO စံႏႈန္း လိုက္နာနဲ႔ တျခား website ေတြမွာလည္း ေနာက္ဆို ရလာမွာပါ။ ဒါ့အျပင္ တျခား Browsers ေတြမွာလည္း ရလာႏိုင္တယ္လို႔ ဆိုပါတယ္။ အခုေတာ့ Android ဖုန္းေတြနဲ႔ Chrome, Google Services ေတြမွာပဲ သုံးႏိုင္ဦးမွာပါ။ လုံၿခဳံေရး အေလးထားသူေတြ ႀကိဳက္ႏွစ္သက္မယ့္ Feature အသစ္ ျဖစ္ပါတယ္။

Ref: The Verge, Google, GSM Arena

(Unicode)

သင့် Android ဖုန်းကို Security Key အဖြစ် အသုံးပြုနိုင်ပြီ

သင့် Android ဖုန်းမှာ Android 7.0 Nougat နဲ့ အထက် ရှိတယ်ဆိုရင် ဖုန်းကို Security Key အသွင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Security Key ဆိုတာကတော့ အားလုံး သိပြီးဖြစ်ကြမှာပါ။ အကောင့်ပိုင်ရှင် စစ်မှန်ကြောင်း အတည်ပြုပေးရတဲ့ လှို့ဝှက်ကုဒ်တွေ ဖြစ်ပါတယ်။ စစ်မှန်ကြောင်း အတည်ပြုရာမှာ (Verification) မှာ နည်းလမ်း အသွယ်သွယ် ရှိပါတယ်။ ဖုန်းနံပါတ်ကို SMS ပို့ပေးတာ၊ အကောင့်ဖွင့်ထားတဲ့ Email ကို ကုဒ် ပို့ပေးတာ နဲ့ Autenticator App တခု ခံပြီး၊ အဲ့က စက္ကန့် ၃၀ တခါ ထုတ်ပေးတဲ့ ကုဒ်နဲ့ ဝင်တာ စသဖြင့် အမျိုးမျိုးပါပဲ။ ဒါတွေအပြင် တကယ့် Security Key လည်း ရှိပါတယ်။ Google ရဲ့ Titan လို ဟာမျိုးပါ။ ကိုယ်သုံးမယ့် Device နဲ့ USB ဒါမှမဟုတ် Bluetooth နဲ့ ချိတ်ဆက်ကာ Verify လုပ်ပေးတဲ့ ကီးတွေ ဖြစ်ပါတယ်။

ယခုအခါ သင့်စမတ်ဖုန်းကိုလည်း တကယ့် physical Security Key အသွင် အသုံးပြုနိုင်ပါပြီ။

– အသုံးပြုချင်တယ်ဆိုရင် Android 7.0 နဲ့ အထက် ရှိတဲ့ သင့်ဖုန်းမှာ အသုံးပြုမယ့် Google account ကို ထည့်ပေးပါ။
– 2-step Verification ခံထားပြီးသား ဖြစ်ဖို့ လိုပါတယ်။
– ပြီးရင် ကွန်ပျူတာကနေ သင့် Google အကောင့်ကို ဝင်ပြီး၊ 2-step Verification ကို သွားကာ အောက်နားက ‘Add secuirty key’ ဆိုတာကို နှိပ်လိုက်ပါ။
– ပေါ်လာတဲ့ Android ဖုန်းတွေထဲက တခုကို ရွေးပေးလိုက်ရုံပါပဲ။

Sign-in ဝင်တဲ့အခါ သင့်ဖုန်းကို Security Key အဖြစ် သုံးချင်ရင် ဖုန်းနဲ့ Sign-in ဝင်တဲ့ စက်တို့မှာ Bluetooth ဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။

Security Key ရဲ့ အလုပ်လုပ်ပုံက အခု ကျနော်တို့ အများစု သုံးနေကြတဲ့ Google Prompt အလုပ်လုပ်ပုံနဲ့ ဆင်ပါတယ်။ ကွန်ပျူတာကနေ ကိုယ့်အကောင့်ကို ဝင်လိုက်တဲ့အခါ ဖုန်းမှာ Prompt တခု ပေါ်လာတဲ့ ပုံစံပါပဲ။ Yes နှိပ်ပေးလိုက်ရုံနဲ့ အကောင့် ဝင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစနစ်က အင်တာနက်ကနေ သင့် Device တခုနဲ့ တခုကို ဆက်သွယ် ချိတ်ဆက်ပေးတာပါ။

အခု Security Key ကတော့ အင်တာနက် မလိုပါဘူး။ ဒါပေမယ့် ဖုန်းက ကိုယ့်အနားမှာ ရှိမှ ရမှာ ဖြစ်ပါတယ်။ လုံခြုံရေး ပိုမို စိတ်ချရမှု ရှိသွားတာပါ။ Pixel 3 ကိုင်ထားတဲ့လူတွေက Volume တိုးတဲ့ ခလုတ်ကို နှိပ်ပြီး Security Key ကို အသုံးပြုနိုင်ပါတယ်။ Pixel ထဲမှာ လုံခြုံရေးအတွက် သီးသန့် Titan M chip ပါဝင်တဲ့အတွက်ကြောင့် FIDO credentials တွေကို အဆိုပါ Chip မှာ သိမ်းထားကာ ခလုတ်နှိပ်လိုက်တာ အစစ်ဖြစ်ကြောင်း အတည်ပြုပေးနိုင်ပါတယ်။ တခြား ဖုန်းတွေမှာတော့ Google Prompt လိုပဲ Tap လုပ်ပေးရမှာပါ။

လောလောဆည် အခု ဝန်ဆောင်မှုကို Chrome browser နဲ့ Google အပိုင် Services တွေမှာပဲ သုံးနိုင်ပါသေးတယ်။ တခြား Third-party sites တွေ ဝင်ဖို့အတွက်တော့ မသုံးနိုင်သေးပါဘူး။ FIDO စံနှုန်း လိုက်နာနဲ့ တခြား website တွေမှာလည်း နောက်ဆို ရလာမှာပါ။ ဒါ့အပြင် တခြား Browsers တွေမှာလည်း ရလာနိုင်တယ်လို့ ဆိုပါတယ်။ အခုတော့ Android ဖုန်းတွေနဲ့ Chrome, Google Services တွေမှာပဲ သုံးနိုင်ဦးမှာပါ။ လုံခြုံရေး အလေးထားသူတွေ ကြိုက်နှစ်သက်မယ့် Feature အသစ် ဖြစ်ပါတယ်။

Ref: The Verge, Google, GSM Arena

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category