0 Shares 115 Views

Snapdragon 850 နဲ႔ Windows 10 အသုံးျပဳထားတဲ့ Huawei Matebook E 2019

Apr 12, 2019
0 115

Huawei ဟာ Matebook laptop အသစ္တလုံးကို ရွန္ဟိုင္းမွာ ျပဳလုပ္ေနတဲ့ ပြဲမွာ မိတ္ဆက္လိုက္ပါတယ္။

Matebook E 2019 လို႔ နာမည္ေပးထားၿပီး၊ Windows 10 အသုံးျပဳထားၿပီး၊ လွန္ခ်ိဳးလို႔ရတဲ့ 2-in-1 ႏွစ္မ်ိဳးသုံး Laptop ျဖစ္ပါတယ္။ ထူးျခားခ်က္တခုကေတာ့ Intel ရဲ႕ Processor မသုံးဘဲ Snapdragon 850 Chipset ကို အသုံးျပဳထားတာပါ။ Snapdragon 850 ဆိုတာကေတာ့ Snapdragon 845 ကိုမွ Windows 10 သုံး Device ေတြအတြက္ ျပဳလုပ္ေပးထားတဲ့ overclocked chipset ျဖစ္ပါတယ္။

Mateboook E 2019 ဟာ iPad Pro နဲ႔ Microsoft Surface တို႔နဲ႔ တူညီမႈ ရွိပါတယ္။ Tablet ကို ေထာင္ၿပီး သုံးဖို႔ ဒါမွမဟုတ္ ကြန္ပ်ဴတာအျဖစ္ သုံးဖို႔အတြက္ ကီးဘုတ္တြဲလ်က္ ေဒါက္တခု ပါဝင္ပါတယ္။ Snapdragon 850 ကို သုံးထားတဲ့ ေကာင္းက်ိဳးတခ်က္ကေတာ့ အၿမဲတမ္း LTE ခ်ိတ္ဆက္ထားႏိုင္တာပါ။ ဆယ္လူလာလိုင္း ခ်ိတ္ဆက္အသုံးျပဳႏိုင္တဲ့ Huawei ရဲ႕ ပထမဆုံး always-connect PC ျဖစ္ပါတယ္။ ႐ိုး႐ိုး SIM နဲ႔ေတာ့ မဟုတ္ဘဲ eSIM နဲ႔ ျဖစ္တာေၾကာင့္ Carrier support ရွိမွ ရမွာပါ။ ေဘးဘက္မွာလည္း လက္ေဗြရာ ဆန္ဆာပါဝင္ပါေသးတယ္။ (Edit: eSIM မဟုတ္ဘဲ Nano-SIM နဲ႔ အသုံးျပဳႏိုင္မွာ ျဖစ္တယ္လို႔ တျခား Website ေတြမွာ ဆိုထားပါတယ္။ GSM Arena တခုပဲ eSIM လို႔ ေရးထားတာ ေတြ႕ရပါတယ္။)

တျခား Specs ေတြကေတာ့ အရင္မ်ိဳးဆက္ Matebook E နဲ႔ သိပ္မကြာပါဘူး။ 12-inch QHD Display နဲ႔ ျဖစ္ၿပီး၊ Huawei laptop ေတြမွာ ေတြ႕ေနၾက 3:2 aspect ratio နဲ႔ ပါ။ 4GB LPDDR4x RAM + 128GB Storage ပါတဲ့ ေမာ္ဒယ္နဲ႔ 8GB + 256GB ႏွစ္မ်ိဳး ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ကီးဘုတ္ကို ျဖဳတ္တပ္ႏိုင္ၿပီး၊ ခလုတ္ေတြေအာက္မွာ ေအာက္ခံမီး မပါဝင္ပါဘူး။ ဖိအားအဆင့္ေပါင္း ၂,၀၄၈ အထိ သိရွိႏိုင္တဲ့ Huawei’s M-Pen လည္း အသုံးျပဳႏိုင္မွာပါ။
Huawei က အခု Matebook E ကို တ႐ုတ္ႏိုင္ငံမွာ အနိမ့္ဆုံးေမာ္ဒယ္ကို ၃,၉၉၉ ယြမ္ (၅၉၅ ေဒၚလာ) နဲ႔ စတင္ ေရာင္းခ်သြားမယ္လို႔ ဆိုပါတယ္။ ဥေရာပ၊ အေမရိကန္နဲ႔ တျခားေစ်းကြက္ေတြအတြက္ေတာ့ မသိရေသးပါဘူး။ ဝယ္ခ်င္ရင္ေတာ့ တ႐ုတ္ႏိုင္ငံ Huawei Mall website ကေန ဝယ္ယူႏိုင္ေနၿပီ ျဖစ္ပါတယ္။

Snapdragon 850 သုံးထားတဲ့ Laptop တလုံးကို ဝယ္ယူမလားဆိုတာကေတာ့ အသုံးျပဳနဲ႔ပဲ ဆိုင္မွာပါ။ စြမ္းေဆာင္ရည္အျမင့္မလိုဘဲ ဘက္ထရီသက္တမ္းကို ပိုဦးစားေပးတဲ့သူေတြေတာ့ အႀကိဳက္ေတြ႕မွာ ျဖစ္ပါတယ္။ ပေရာ္ဖက္ရွင္နယ္ေဆာ့ဖ္ဝဲ အမ်ားအျပားနဲ႔ ARM CPU မဟုတ္တဲ့ desktop-class CPU သုံးထားတဲ့ စက္ေတြမွာ သုံးလို႔ရတဲ့ 64-bit Applications ေတြကိုေတာ့ ဒီ Laptop မွာ တိုက္႐ိုက္ အသုံးျပဳႏိုင္မွာ မဟုတ္ပါဘူး။

Ref: GSM Arena

(Unicode)

Snapdragon 850 နဲ့ Windows 10 အသုံးပြုထားတဲ့ Huawei Matebook E 2019

Huawei ဟာ Matebook laptop အသစ်တလုံးကို ရှန်ဟိုင်းမှာ ပြုလုပ်နေတဲ့ ပွဲမှာ မိတ်ဆက်လိုက်ပါတယ်။

Matebook E 2019 လို့ နာမည်ပေးထားပြီး၊ Windows 10 အသုံးပြုထားပြီး၊ လှန်ချိုးလို့ရတဲ့ 2-in-1 နှစ်မျိုးသုံး Laptop ဖြစ်ပါတယ်။ ထူးခြားချက်တခုကတော့ Intel ရဲ့ Processor မသုံးဘဲ Snapdragon 850 Chipset ကို အသုံးပြုထားတာပါ။ Snapdragon 850 ဆိုတာကတော့ Snapdragon 845 ကိုမှ Windows 10 သုံး Device တွေအတွက် ပြုလုပ်ပေးထားတဲ့ overclocked chipset ဖြစ်ပါတယ်။

Mateboook E 2019 ဟာ iPad Pro နဲ့ Microsoft Surface တို့နဲ့ တူညီမှု ရှိပါတယ်။ Tablet ကို ထောင်ပြီး သုံးဖို့ ဒါမှမဟုတ် ကွန်ပျူတာအဖြစ် သုံးဖို့အတွက် ကီးဘုတ်တွဲလျက် ဒေါက်တခု ပါဝင်ပါတယ်။ Snapdragon 850 ကို သုံးထားတဲ့ ကောင်းကျိုးတချက်ကတော့ အမြဲတမ်း LTE ချိတ်ဆက်ထားနိုင်တာပါ။ ဆယ်လူလာလိုင်း ချိတ်ဆက်အသုံးပြုနိုင်တဲ့ Huawei ရဲ့ ပထမဆုံး always-connect PC ဖြစ်ပါတယ်။ ရိုးရိုး SIM နဲ့တော့ မဟုတ်ဘဲ eSIM နဲ့ ဖြစ်တာကြောင့် Carrier support ရှိမှ ရမှာပါ။ ဘေးဘက်မှာလည်း လက်ဗွေရာ ဆန်ဆာပါဝင်ပါသေးတယ်။ (Edit: eSIM မဟုတ်ဘဲ Nano-SIM နဲ့ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ တခြား Website တွေမှာ ဆိုထားပါတယ်။ GSM Arena တခုပဲ eSIM လို့ ရေးထားတာ တွေ့ရပါတယ်။)

တခြား Specs တွေကတော့ အရင်မျိုးဆက် Matebook E နဲ့ သိပ်မကွာပါဘူး။ 12-inch QHD Display နဲ့ ဖြစ်ပြီး၊ Huawei laptop တွေမှာ တွေ့နေကြ 3:2 aspect ratio နဲ့ ပါ။ 4GB LPDDR4x RAM + 128GB Storage ပါတဲ့ မော်ဒယ်နဲ့ 8GB + 256GB နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ ကီးဘုတ်ကို ဖြုတ်တပ်နိုင်ပြီး၊ ခလုတ်တွေအောက်မှာ အောက်ခံမီး မပါဝင်ပါဘူး။ ဖိအားအဆင့်ပေါင်း ၂,၀၄၈ အထိ သိရှိနိုင်တဲ့ Huawei’s M-Pen လည်း အသုံးပြုနိုင်မှာပါ။
Huawei က အခု Matebook E ကို တရုတ်နိုင်ငံမှာ အနိမ့်ဆုံးမော်ဒယ်ကို ၃,၉၉၉ ယွမ် (၅၉၅ ဒေါ်လာ) နဲ့ စတင် ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဥရောပ၊ အမေရိကန်နဲ့ တခြားဈေးကွက်တွေအတွက်တော့ မသိရသေးပါဘူး။ ဝယ်ချင်ရင်တော့ တရုတ်နိုင်ငံ Huawei Mall website ကနေ ဝယ်ယူနိုင်နေပြီ ဖြစ်ပါတယ်။

Snapdragon 850 သုံးထားတဲ့ Laptop တလုံးကို ဝယ်ယူမလားဆိုတာကတော့ အသုံးပြုနဲ့ပဲ ဆိုင်မှာပါ။ စွမ်းဆောင်ရည်အမြင့်မလိုဘဲ ဘက်ထရီသက်တမ်းကို ပိုဦးစားပေးတဲ့သူတွေတော့ အကြိုက်တွေ့မှာ ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ဆော့ဖ်ဝဲ အများအပြားနဲ့ ARM CPU မဟုတ်တဲ့ desktop-class CPU သုံးထားတဲ့ စက်တွေမှာ သုံးလို့ရတဲ့ 64-bit Applications တွေကိုတော့ ဒီ Laptop မှာ တိုက်ရိုက် အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။

Ref: GSM Arena

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category