Sharp က ခေါက်ချိုးဖုန်း နမူနာမော်ဒယ်ကို ပြသ

Sharp က ၆.၁၈ လက်မ 1440×3040 Foldable AMOLED Prototype ကို ပြသလိုက်ပါတယ်။ ကုမ္ပဏီက အကြိမ်ပေါင်း ၃၀၀ ၀၀၀ ခေါက်ချိုးတာကို ခံနိုင်တယ်လို့ ပြောပါတယ်။ ဖုန်းကို ဒေါင်လိုက် အတွင်းဘက် ခေါက်ချိုး အသုံးပြုနိုင်ပါတယ်။ အပြင်ဘက်ကိုလည်း ခေါက်ချိုးနိုင်တယ်လို့ ကုမ္ပဏီက ပြောပါသေးတယ်။ အဲဒီ ဖုန်းရဲ့ ခေါက်ချိုး ဒီဇိုင်းကို အောက်က ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လမှာ Sharp က ခေါက်ချိုး OLED Display များကို အနည်းငယ် စထုတ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ကုမ္ပဏီက ကိုယ်တိုင်ထုတ်ထားတဲ့ မျက်နှာပြင်ပါတဲ့ ပထမဆုံး ဖုန်းကို ရောင်းချခဲ့ပါတယ်။ အဲဒီ ဖုန်းက Aquos Zero Smartphone ဖြစ်ပြီး ၆.၂ လက်မ 1440×2992 Display ပါပါတယ်။ Notch ထည့်သွင်းထားပါတယ်။

ကုမ္ပဏီများက ခေါက်ချိုး မျက်နှာပြင်များကို အရှိန်မြှင့် ထုတ်လုပ်နေကြပါတယ်။ Samsung Display က သူ့ရဲ့ Galaxy Fold အတွက် ၇.၃ လက်မ 1536×2152 Foldable OLEDs များကို အမြောက်အများ စတင် ထုတ်လုပ်နေပါတယ်။ BOE နဲ့ Visionox တို့ကလည်း အလားတူ မျက်နှာပြင်များကို ထုတ်လုပ်နေပါတယ်။ ထိုင်ဝမ်က AU Optronics နဲ့ Sharp တို့ကလည်း ထုတ်လုပ်ဖို့ အရှိန်မြှင့်နေပါပြီ။ ဒါပေမယ့် သူတို့ဟာ Samsung, BOE , Visionox တို့လောက် ထုတ်လုပ်နိုင်မှာ မဟုတ်သေးပါဘူး။

၂၀၁၉ ခုနှစ်မှာ ခေါက်ချိုး OLED များရဲ့ ခေတ်ဖြစ်လာမှာပါ။ ဈေးကွက် သုတေသန အဖွဲ့အစည်း DSCC က ၂၀၂၂ ခုနှစ်မှာ ခေါက်ချိုး OLED ပေါင်း ၆၃ သန်း ထုတ်လုပ်မယ်လို့ တွက်ချက်ထားပါတယ်။ ၂၀၁၉ ခုနှစ်ကထက် ၃ သန်း ပိုများလာမှာပါ။

Ref : oled-info

Sharp က ခေါက်ချိုးဖုန်း နမူနာမော်ဒယ်ကို ပြသ

%d bloggers like this: