0 Shares 66 Views

Fortnite ကစားနေတဲ့ Realme 3 Pro ကို ပြသလိုက်တဲ့ စီအီးအို

Apr 12, 2019
0 66





Ref : gsmarena

[Unicode]

Fortnite ကစားနတေဲ့ Realme 3 Pro ကို ပွသလိုကျတဲ့ စီအီးအို

Realme ရဲ့ စီအီးအို Madhav Sheth က Fortnite ကစားနေတဲ့ Realme 3 Pro ရဲ့ ဓါတ်ပုံကို ပြသလိုက်ပါတယ်။ သူ့ရဲ့ Tweet မှာ စွမ်းရည်မြင့် Chipset ပါမယ်လို့ အရိပ်အမြွက် ပြောထားပါတယ်။ 60fps Mode နဲ့ ဂိမ်းများ ကစားနိုင်မယ်လို့ ထင်ရပါတယ်။

ဂိမ်းကစားနေတဲ့ Realme 3 Pro ရဲ့ ဘေးမှ အခြား ဖုန်းတစ်လုံးမှာ အဲဒီ ဂိမ်းကို ကစားလို့ မရဘူးဆိုတဲ့ စာသားကို ပြထားပါတယ်။ ဒါဟာ Realme လိုက်ဖိုက်နေတဲ့ Redmi Note 7 Pro ဆိုတာ သေချာပါတယ်။ Redmi ကို နှိပ်ကွပ်ချင်လို့ ဒီလို ယှဉ်ပြထားတာပါ။

Realme 3 Pro ကို ကြေညာမယ့်နေ့ကိုလည်း ကုမ္ပဏီက အတည်ပြုလိုက်ပါပြီ။ ဖိတ်စာမှာ Speed Awakens စာသားကို ရေးသားထားပါတယ်။ အိန္ဒိယမှ Delhi University Stadium မှာ ပွဲ ကျင်းပမှာပါ။ ဒီလ ၂၂ ရက်နေ့မှာ ကြေညာမှာပါ။

Realme 3 Pro ဟာ Realme 3 ထက် စွမ်းရည်မြင့်မားမှာ ဖြစ်ပါတယ်။ သူဟာ Redmi Note 7 Pro ကို လိုက်ဖိုက်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ Specs များကိုတော့ မသိရသေးပါဘူး။ ၂၂ ရက်နေ့မှာတော့ သူ့ရဲ့ သတင်းအချက်အလက်များကို တရားဝင် သိရတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena

You may be interested

Triple Rear Cameras များပါမယ့် Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras များပါမယ့် Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ့ Exynos Chipset ပါတာ One Vision တစ်လုံးထဲ မဟုတ်တော့ပါဘူး။ Motorola ရဲ့ နောက်ထုတ်မယ့် One Action မှာလည်း ပါလာတော့မှာပါ။ အဲဒီ One Phone ၂ လုံးမှာ တူညီချက်များစွာ…

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်
NEWS, Science, Softwares & Application
0 shares0 views

လက်သမား စက်ရုပ်ကို ပြသလိုက်တဲ့ ဂျပန်

Ko Thuya - Jun 16, 2019

ဂျပန်မှ Advanced Industrial Science and Technology, or AIST က နေအိမ် တည်ဆောက်နိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ သူဟာ လူတူ စက်ရုပ် ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုမှာ သူဟာ နံရံများကို…

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများ

Ko Thuya - Jun 16, 2019

ဒီတစ်ပတ်အတွက် အဟော့ဆုံး သတင်းများကို စုစည်းပေးလိုက်ပါတယ်။ 10/6/2019 Huawei က ရုရှားမှာ 5G ကွန်ရက် တည်ဆောက်ဖို့ စာချုပ်ချုပ်ပြီးပြီ အမေရိကန်နဲ့ ပူးပေါင်းတဲ့ နည်းပညာ ကုမ္ပဏီများအား နောက်ဆက်တွဲဆိုးကျိုးများခံရမယ်လို့ တရုတ် သတိပေး 11/6/2019 “Honor က ဒီနှစ်မှာ…

Leave a Comment

Most from this category