0 Shares 224 Views

တရုတ္က ၆ ဆပိုပူတဲ့ ေနအတုကို ဖန္တီး

Apr 12, 2019
0 224

ရုပ္ၾကြင္းေလာင္စာမ်ားအစား ေနအတုကေန စြမ္းအင္ ထုတ္လုပ္ႏိုင္မယ္ဆိုရင္ေတာ့ ရုပ္ၾကြင္းေလာင္စာ ကုန္ဆံုးသြားမွာကို စိတ္ပူစရာ မလိုေတာ့ပါဘူး။ တရုတ္က စြမ္းအင္မ်ားစြာ ထုတ္လုပ္ေပးႏိုင္မယ့္ ေနအတုကို ဖန္တီးထားပါတယ္။ Experimental Advanced Superconducting Tokamak, or EAST အမည္ရ Nuclear Fusion Reactor ကို တရုတ္ႏိုင္ငံ ဟီဖိုင္မွာ တည္ေဆာက္ထားပါတယ္။

သူဟာ ေနထက္ ၆ ဆ ပိုပူပါတယ္။ သူဟာ 10 Megawatts စြမ္းအင္ကို ထုတ္လုပ္ေပးႏုိင္ပါတယ္။ ဒီစြမ္းအင္ဟာ အေမရိကန္မွ ေနအိမ္ ၁၆၄၀ လံုးကို တစ္ႏွစ္ၾကာ လွ်ပ္စစ္စြမ္းအင္ထုတ္လုပ္ေပးႏုိင္ေအာင္ လံုေလာက္ပါတယ္။

တရုတ္ အျပင္ ဂ်ာမနီက သိပၸံပညာရွင္မ်ားကလည္း ေနအတုကို ဖန္တီးေနတဲ့ သတင္းဟာ ၂၀၁၇ ခုႏွစ္ မတ္လကလည္း ထြက္ခဲ့ဖူးပါတယ္။ ဂ်ာမနီႏုိင္ငံမွ သိပၸံပညာရွင္မ်ားက ရုပ္ရွင္ရိုက္ကူးရာမွာ အသံုးျပဳတဲ့ Spotlights မ်ားစြာကို အခန္းတစ္ခုထဲမွာ တပ္ဆင္္၍ ကမာၻ႕ အႀကီးဆံုး ေန အတုကို ဖန္တီးခဲ့ၾကပါတယ္။ ကိုလံုးၿမိဳ႕ရဲ႕ အေနာက္ဘက္ ကီလိုမီီတာ ၃၀ အကြာရွိ Julich မွာ ေနအတုကို ဖန္တီးထားတာ ျဖစ္ၿပီး German Aerospace Cente (DLR) က ဒီဇိုင္းထုတ္ထားတာ ျဖစ္ပါတယ္။

ေနအတုမွာ Industrial-Grade Film Projector Spotlights ေပါင္း ၁၄၉ ခုကို စုေပါင္း တပ္ဆင္ထားၿပီး မီးလံုး တစ္ခုစီက ထုတ္လုပ္ေပးတဲ့ Watt ဟာ သာမာန္ မီးလံုးတစ္ခုထက္ အဆေပါင္း ၄၀၀၀ ပိုမို ထုတ္လုပ္ေပးႏုိင္ၾကပါတယ္။ ေနအတုကို ဖြင့္ထားရင္ ေနက ကမာၻသို႔ က်ေရာက္တဲ့ အလင္းထက္ အဆ ၁၀၀၀ ပိုမို ထုတ္လုပ္ေပးႏုိင္ပါတယ္။

ပညာရွင္မ်ားက အနာဂတ္မွာ ေလယာဥ္မ်ား၊ ကားမ်ားမွာ အသံုးျပဳတဲ့ သန္႔ရွင္းတဲ့ ေလာင္စာျဖစ္တဲ့ Hydrogen Fuel မ်ားကို သူတို႔ရဲ႕ နည္းပညာမွာ အသံုးျပဳဖို႔ ရည္ရြယ္ထားပါတယ္။ ရာသီဥတုဟာ အရွိန္အဟုန္ျဖင့္ ေျပာင္းလဲေနတဲ့အတြက္ တီထြင္မႈကိုလည္း အလွ်င္ျမန္ဆံုး ျပဳလုပ္ရမယ္လို႔ တီထြင္သူမ်ားက ေျပာပါတယ္။

Ref : businessinsider

[Unicode]

တရုတ်က ၆ ဆပိုပူတဲ့ နေအတုကို ဖန်တီး

ရုပ်ကြွင်းလောင်စာများအစား နေအတုကနေ စွမ်းအင် ထုတ်လုပ်နိုင်မယ်ဆိုရင်တော့ ရုပ်ကြွင်းလောင်စာ ကုန်ဆုံးသွားမှာကို စိတ်ပူစရာ မလိုတော့ပါဘူး။ တရုတ်က စွမ်းအင်များစွာ ထုတ်လုပ်ပေးနိုင်မယ့် နေအတုကို ဖန်တီးထားပါတယ်။ Experimental Advanced Superconducting Tokamak, or EAST အမည်ရ Nuclear Fusion Reactor ကို တရုတ်နိုင်ငံ ဟီဖိုင်မှာ တည်ဆောက်ထားပါတယ်။

သူဟာ နေထက် ၆ ဆ ပိုပူပါတယ်။ သူဟာ 10 Megawatts စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒီစွမ်းအင်ဟာ အမေရိကန်မှ နေအိမ် ၁၆၄၀ လုံးကို တစ်နှစ်ကြာ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ပေးနိုင်အောင် လုံလောက်ပါတယ်။

တရုတ် အပြင် ဂျာမနီက သိပ္ပံပညာရှင်များကလည်း နေအတုကို ဖန်တီးနေတဲ့ သတင်းဟာ ၂၀၁၇ ခုနှစ် မတ်လကလည်း ထွက်ခဲ့ဖူးပါတယ်။ ဂျာမနီနိုင်ငံမှ သိပ္ပံပညာရှင်များက ရုပ်ရှင်ရိုက်ကူးရာမှာ အသုံးပြုတဲ့ Spotlights များစွာကို အခန်းတစ်ခုထဲမှာ တပ်ဆင်၍ ကမ္ဘာ့ အကြီးဆုံး နေ အတုကို ဖန်တီးခဲ့ကြပါတယ်။ ကိုလုံးမြို့ရဲ့ အနောက်ဘက် ကီလိုမီတာ ၃၀ အကွာရှိ Julich မှာ နေအတုကို ဖန်တီးထားတာ ဖြစ်ပြီး German Aerospace Cente (DLR) က ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

နေအတုမှာ Industrial-Grade Film Projector Spotlights ပေါင်း ၁၄၉ ခုကို စုပေါင်း တပ်ဆင်ထားပြီး မီးလုံး တစ်ခုစီက ထုတ်လုပ်ပေးတဲ့ Watt ဟာ သာမာန် မီးလုံးတစ်ခုထက် အဆပေါင်း ၄၀၀၀ ပိုမို ထုတ်လုပ်ပေးနိုင်ကြပါတယ်။ နေအတုကို ဖွင့်ထားရင် နေက ကမ္ဘာသို့ ကျရောက်တဲ့ အလင်းထက် အဆ ၁၀၀၀ ပိုမို ထုတ်လုပ်ပေးနိုင်ပါတယ်။

ပညာရှင်များက အနာဂတ်မှာ လေယာဉ်များ၊ ကားများမှာ အသုံးပြုတဲ့ သန့်ရှင်းတဲ့ လောင်စာဖြစ်တဲ့ Hydrogen Fuel များကို သူတို့ရဲ့ နည်းပညာမှာ အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ ရာသီဥတုဟာ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေတဲ့အတွက် တီထွင်မှုကိုလည်း အလျှင်မြန်ဆုံး ပြုလုပ်ရမယ်လို့ တီထွင်သူများက ပြောပါတယ်။

Ref : businessinsider

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category