0 Shares 68 Views

Infinity V Notch ပါတဲ့ Samsung Galaxy A20e

Apr 12, 2019
0 68




Ref : gsmarena

[Unicode]

Infinity V Notch ပါတဲ့ Samsung Galaxy A20e

Samsung က A20 ရဲ့ အရွယ်သေး မော်ဒယ်ကွဲတစ်ခုကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Samsung Galaxy A20e ဖြစ်ပြီး A20 ရဲ့ ၆.၄ လက်မ Super AMOLED Display အစား ၅.၈ လက်မ LCD 720x1560p Display ထည့်သွင်းထားပါတယ်။ Infinity V Notch မှာ 8MP Selfie Camera မြှပ်နှံထားပါတယ်။

အနောက်ဘက်မှာ 13MP Main Camera နဲ့ 5MP Ultra-wide Camera များ ပါပါတယ်။ ကင်မရာများက A20 နဲ့ အတူတူပါပဲ။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပါတယ်။ သူ့ကို Octa-core Exynos 7884 Chipset မောင်းနှင်ထားပါတယ်။ 3GB RAM , 32GB Storage များ ပါပါတယ်။ 512GB microSD Card စိုက်နိုင်ပါတယ်။ Android Go မဟုတ်ဘဲ Full Android မောင်းနှင်ထားပါတယ်။

အရွယ်သေး စမတ်ဖုန်း ဖြစ်တဲ့ အတွက် အရွယ်သေး 3000mAh Battery သာ ထည့်ထားပါတယ်။ 15W Fast Charge ပါတဲ့ အတွက် အားသွင်းမြန်ပါတယ်။ Samsung Galaxy A20e အတွက် အနက်နဲ့ အဖြူရောင်များ ထုတ်လုပ်ထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category