0 Shares 59 Views

Word, Excel , PDF ဖိုင္မ်ား ျပဳလုပ္ႏုိင္တဲ့ OfficeSuite

Apr 11, 2019
0 59

Android Phone, Tablet မ်ားမွာ အလုပ္ကိစၥမ်ား ျပဳလုပ္ခ်င္သူမ်ားအတြက္ Microsoft Office Suite အစား အျခား တစ္ခုကို စမ္းသပ္ အသံုးျပဳခ်င္ရင္ေတာ့ OfficeSuite ကို ေရြးခ်ယ္ႏုိင္ပါတယ္။ OfficeSuite ကို Google Play Store ကေန အခမဲ့ ေဒါင္းလုပ္လုပ္ႏုိင္ပါတယ္။ MobiSystems က ဖန္တီးထားတာျဖစ္ၿပီး Word, PowerPoint, Excel , PDF မ်ားကို ဖန္တီးႏုိင္ပါတယ္။ ရံုးသြား၊ ရံုးျပန္ခ်ိန္မ်ားမွာ စမတ္ဖုန္းကေန အလုပ္မ်ား ျပဳလုပ္ခ်င္သူမ်ားအတြက္ အဆင္ေျပေကာင္းမြန္ပါတယ္။

Documents မ်ားကို ဖန္တီးႏုိင္တဲ့ အျပင္ တည္းျဖတ္ျခင္း၊ ၾကည့္ရႈျခင္းမ်ားကိုပါ ျပဳလုပ္ႏိုင္ပါတယ္။ Microsoft Office Suite ထက္ ထူးျခားတာကေတာ့ PDF ဖိုင္မ်ားကိုပါ ဖန္တီးႏုိင္တာျဖစ္ပါတယ္။ Google Play Store မွာ Office Suite မ်ားစြာ ရွိတဲ့ အထဲမွာ OfficeSuite ဟာ အသံုးျပဳမႈအမ်ားဆံုးထဲက တစ္ခုျဖစ္ပါတယ္။ ႏိုင္ငံေပါင္း ၂၀၅ ႏုိင္ငံမွာ အင္စေတာလုပ္ထားတဲ့ Device ေပါင္း သန္း ၂၀၀ ေက်ာ္ရွိပါတယ္။ PDF ဖိုင္ကေန Word, Excel, PowerPoint ဖိုင္မ်ားကို ေျပာင္းလဲႏုိင္သလို အျပန္အလွန္ ျပဳလုပ္ႏုိင္ပါေသးတယ္။ Documents မ်ားစြာကို တစ္ၿပိဳင္နက္ ဖြင့္ႏုိင္ပါတယ္။ App Settings မ်ားကို သင့္စိတ္ႀကိဳက္ ျပင္ဆင္ႏုိင္ၿပီး ပရိုဖို္င္အျဖစ္သိမ္းထားႏုိင္ပါတယ္။

Excel မွ Sheets မ်ား၊ Cells မ်ားကို အျခားလူမ်ား ဖတ္လို႔မရေအာင္ ကာကြယ္ထားႏုိင္ပါတယ္။ ပံုႏွိပ္စာရြက္မ်ားကို Scan ျပဳလုပ္ၿပီး PDF အျဖစ္ သိမ္းေပးႏုိင္တဲ့ စြမ္းေဆာင္ခ်က္လည္းပါရွိပါတယ္။ File Commander ပါရွိၿပီး ဖုန္းတြင္းမွ ဖိုင္မ်ားနဲ႔ Cloud မွ ဖိုင္မ်ားကို ရယူႏုိင္ပါတယ္။ Box, DropBox, Google Drive, OneDrive, Amazon Cloud မ်ားနဲ႔ တြဲဖက္ အသံုးျပဳႏုိင္ပါတယ္။ ဘာသာစကား ၅၆ မ်ိဳးနဲ႔ ထုတ္လုပ္ေပးထားပါတယ္။ သူဟာ Google Play Store မွာ ေဒါင္းလုပ္လုပ္မႈအမ်ားဆံုး App မ်ားထဲမွ တစ္ခု ျဖစ္ပါတယ္။ အျခား Office App မ်ားထက္လည္း လုပ္ေဆာင္ခ်က္မ်ား ပိုမိုပါ၀င္ပါတယ္။

Download

[Unicode]

Word, Excel , PDF ဖိုင်များ ပြုလုပ်နိုင်တဲ့ OfficeSuite

Android Phone, Tablet များမှာ အလုပ်ကိစ္စများ ပြုလုပ်ချင်သူများအတွက် Microsoft Office Suite အစား အခြား တစ်ခုကို စမ်းသပ် အသုံးပြုချင်ရင်တော့ OfficeSuite ကို ရွေးချယ်နိုင်ပါတယ်။ OfficeSuite ကို Google Play Store ကနေ အခမဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ MobiSystems က ဖန်တီးထားတာဖြစ်ပြီး Word, PowerPoint, Excel , PDF များကို ဖန်တီးနိုင်ပါတယ်။ ရုံးသွား၊ ရုံးပြန်ချိန်များမှာ စမတ်ဖုန်းကနေ အလုပ်များ ပြုလုပ်ချင်သူများအတွက် အဆင်ပြေကောင်းမွန်ပါတယ်။

Documents များကို ဖန်တီးနိုင်တဲ့ အပြင် တည်းဖြတ်ခြင်း၊ ကြည့်ရှုခြင်းများကိုပါ ပြုလုပ်နိုင်ပါတယ်။ Microsoft Office Suite ထက် ထူးခြားတာကတော့ PDF ဖိုင်များကိုပါ ဖန်တီးနိုင်တာဖြစ်ပါတယ်။ Google Play Store မှာ Office Suite များစွာ ရှိတဲ့ အထဲမှာ OfficeSuite ဟာ အသုံးပြုမှုအများဆုံးထဲက တစ်ခုဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၀၅ နိုင်ငံမှာ အင်စတောလုပ်ထားတဲ့ Device ပေါင်း သန်း ၂၀၀ ကျော်ရှိပါတယ်။ PDF ဖိုင်ကနေ Word, Excel, PowerPoint ဖိုင်များကို ပြောင်းလဲနိုင်သလို အပြန်အလှန် ပြုလုပ်နိုင်ပါသေးတယ်။ Documents များစွာကို တစ်ပြိုင်နက် ဖွင့်နိုင်ပါတယ်။ App Settings များကို သင့်စိတ်ကြိုက် ပြင်ဆင်နိုင်ပြီး ပရိုဖိုင်အဖြစ်သိမ်းထားနိုင်ပါတယ်။

Excel မှ Sheets များ၊ Cells များကို အခြားလူများ ဖတ်လို့မရအောင် ကာကွယ်ထားနိုင်ပါတယ်။ ပုံနှိပ်စာရွက်များကို Scan ပြုလုပ်ပြီး PDF အဖြစ် သိမ်းပေးနိုင်တဲ့ စွမ်းဆောင်ချက်လည်းပါရှိပါတယ်။ File Commander ပါရှိပြီး ဖုန်းတွင်းမှ ဖိုင်များနဲ့ Cloud မှ ဖိုင်များကို ရယူနိုင်ပါတယ်။ Box, DropBox, Google Drive, OneDrive, Amazon Cloud များနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ ဘာသာစကား ၅၆ မျိုးနဲ့ ထုတ်လုပ်ပေးထားပါတယ်။ သူဟာ Google Play Store မှာ ဒေါင်းလုပ်လုပ်မှုအများဆုံး App များထဲမှ တစ်ခု ဖြစ်ပါတယ်။ အခြား Office App များထက်လည်း လုပ်ဆောင်ချက်များ ပိုမိုပါဝင်ပါတယ်။

Download

You may be interested

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ
NEWS, Science, Tech Update
0 shares9 views

အမ်ိဳးသမီးမ်ားအတြက္ Viagra ကို FDA က ခြင့္ျပဳလိုက္ၿပီ

Ko Thuya - Jun 26, 2019

အေမရိကန္ အစားအစာနဲ႔ ေဆး၀ါး ကြပ္ကဲမႈဌာနက ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ အမ်ိဳးသမီးမ်ားရဲ႕ လိင္စိတ္ဆႏၵကို ျမွင့္တင္ေပးတဲ့ ေဆး၀ါး အသစ္တစ္ခုကို ခြင့္ျပဳလိုက္ပါတယ္။ ေဆးရဲ႕ အမည္က Vyleesi ျဖစ္ၿပီး Bremelanotide လို႔လည္း သိၾကပါတယ္။ လိင္စိတ္ဆႏၵ နည္းပါးေနတဲ့ အမ်ိဳးသမီးမ်ားကို ကူညီေပးႏုိင္မွာ…

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ
Android, Huawei, HUBS
0 shares7 views

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာ

Ko Thuya - Jun 26, 2019

Huawei က EMUI 9.1 ရမယ့္ Device မ်ားကို ေၾကညာလိုက္ပါတယ္။ အရင္ကလည္း ဖုန္း ၄၉ လံုးကို ေၾကညာခဲ့ၿပီးပါၿပီ။ အဲဒီ ၄၉ လံုးဟာလည္း Incremental Update ကို ရရွိမွာပါ။ EMUI 9.1 ကို…

Gaming Smartphone ဖန္တီးေနတဲ့ Samsung
Android, Gaming, HUBS
0 shares16 views

Gaming Smartphone ဖန္တီးေနတဲ့ Samsung

Ko Thuya - Jun 25, 2019

ဆမ္ေဆာင္းက Gaming Phone တစ္လံုးကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းမ်ား မၾကာခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ အခုလည္း အဲဒီ သတင္းဟာ မတူညီတဲ့ အျခား တစ္ေနရာက ထြက္ေပၚလာပါတယ္။ Ice Universe က ၀ီဘိုမွာ ဒီသတင္းကို ဖြလိုက္တာ ျဖစ္ပါတယ္။ ဆမ္ေဆာင္းက…

Leave a Comment

Most from this category