Fitness ဟန်းချိန်းများကို Samsung ဖြန့်ချိ

Samsung ဟာ ပြီးခဲ့တဲ့ MWC ပွဲမှာ သူတို့ရဲ့ Fitness Charm လို့ခေါ်တဲ့ စမတ်ဟန်ချိန်းအမျိုးအစားတွေကို ထပ်မံမိတ်ဆက်ပေးခဲ့ပြီး ယခုတော့ တရားဝင်ရရှိနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ တောင်ကိုးရီးယားနည်းပညာကုမ္ပဏီအနေနဲ့ ဒီပစ္စည်းတွေဟာ ကနဦးရောင်းချမှုမှာ ကိုးရီးယား၊ အီတလီ၊ ပြင်သစ် နဲ့ ရုရှားနိုင်ငံတို့မှာ ရရှိနိုင်မှာဖြစ်ပြီး တခြားဈေးကွက်ကိုလည်း မကြာမှီအချိန်အတွင်းမှာ ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။

samusng fitness charm1

ဒါပေမယ့် ဘယ်နေရာတွေမှာ ရရှိနိုင်မယ်ဆိုတာကိုတော့ပြောကြားခြင်းမရှိခဲ့ပေမယ့် အဓိကဖြန့်ချိနေကျ အမေရိကန်၊ တရုတ်၊ ဗြိတိန်နဲ့ ဂျပန်နိုင်ငံတွေမှာ ရရှိနိုင်ဖွယ်ရှိနေပါတယ်။ ထုတ်ပြန်ခဲ့ဖူးတဲ့ ပုံရိပ်တွေအရ Samsung ရဲ့ စမတ်ဟန်းချိန်ဟာ အရောင်အနေနဲ့ ရွှေရောင်၊ အနက်ရောင်နဲ့ ပန်းဆီရောင်ဆိုပြီး အရောင်စုံနဲ့ လာမှာဖြစ်ပြီး အမျိုးသမီးတွေကို အဓိကရည်ရွယ်ထုတ်လုပ်ထားတာပါ။ ဟန်းချိန်းဟာ Android Version 4.4 နဲ့အထက် ဖုန်းတွေ၊ S Health version 4.6 နဲ့ အထက်ဖုန်းတွေနဲ့ တွဲဖက်အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

samusng fitness charm4

Ref: GSM Arena

%d bloggers like this: