0 Shares 179 Views

အလိုအေလ်ာက္ ဆလိုက္ဒါနဲ႔ ႏွစ္ဖက္လွည့္ ကင္မရာ ဒီဇိုင္းသုံး Samsung Galaxy A80 ကို မိတ္ဆက္

Apr 11, 2019
0 179

Samsung ကေန အသစ္မိတ္ဆက္လိုက္တဲ့ Galaxy A80 ဟာ ၂၀၁၉ ခုႏွစ္ရဲ႕ အထူးျခားဆုံးဖုန္းေတြထဲက တလုံး ျဖစ္ပါတယ္။ ေက်ာကင္မရာသုံးလုံးကို ေမာ္တာတပ္ ဆလိုက္ဒါ အစိတ္အပိုင္းမွာ ထည့္သြင္းထားတဲ့အျပင္၊ Selfie ႐ိုက္လိုတဲ့အခါ ကင္မရာက အလိုအေလ်ာက္ ေျပာင္းျပန္လွန္ေပးသြားမယ့္ ဒီဇိုင္း ျဖစ္ပါတယ္။ ေက်ာကင္မရာနဲ႔ အေကာင္းဆုံး Selfie ပုံေတြ၊ ဗီဒီယိုေတြ ႐ိုက္ႏိုင္မယ့္ဖုန္းလို႔ ဆိုပါတယ္။

အေကာင္းဆုံး ပုံရိပ္ေတြ ေပးစြမ္းဖို႔အတြက္ Galaxy ဖုန္းေတြထဲမွာ resolution အျမင့္ဆုံးျဖစ္တဲ့ 48MP sensor ကို အသုံးျပဳထားပါတယ္။ ဗီဒီယို႐ိုက္ဖို႔အတြက္ Galaxy S10 က Super Steady mode လည္း ပါဝင္မွာပါ။ ဒုတိယဆန္ဆာကေတာ့ 8MP Ultrawwide sensor ျဖစ္ပါတယ္။ ျမင္ကြင္းက်ယ္ ၁၂၃ ဒီဂရီအထိ ႐ိုက္ႏိုင္ပါတယ္။ တတိယအလုံးကေတာ့ 3D ToF ဆန္ဆာပါ။ အေရွ႕ကင္မရာအတြက္လည္း အဆိုပါ ကင္မရာသုံးလုံးကိုပဲ အသုံးျပဳထားတဲ့အတြက္ ဖုန္းေရွ႕ဘက္မွာ ကင္မရာထားဖို႔ Notch ေတြ Hole ေတြ ပါလာမွာ မဟုတ္ပါဘူး။ စခရင္အျပည့္ ျဖစ္ေနမွာပါ။ FHD+ ႐ုပ္ထြက္အရည္အေသြးရွိတဲ့ 6.7-inch Super AMOLED Display ျဖစ္ပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာဆန္ဆာလည္း ပါဝင္မွာပါ။

Samsung Galaxy A80 ကို သတၱဳဖရိန္၊ ေဘးႏွစ္ဖက္ေကြးေနတဲ့ ဖန္သားကိုယ္ထည္တို႔နဲ႔ ျပဳလုပ္ထားပါတယ္။ 25W Super Fast Charging ရတဲ့ 3,700mAh ဘက္ထရီလည္း ပါဝင္မွာပါ။ 8GB RAM နဲ႔ 128GB Storage တို႔နဲ႔ ထြက္ရွိလာမွာ ျဖစ္ပါတယ္။ Android 9 Pie-based One UI နဲ႔ပါ။ Processor ကေတာ့ Octa-core Processor လို႔ပဲ ေျပာထားပါတယ္။ AnTuTu အရေတာ့ Snpadragon 730 အသစ္နဲ႔ ျဖစ္တယ္လို႔ သိရပါတယ္။

Galaxy A80 ကို Phantom Black, Angel Gold နဲ႔ Ghost White သုံးေရာင္ ရရွိပါမယ္။ ေစ်းႏႈန္းကေတာ့ ေဒၚလာ ၇၃၀ ျဖစ္ၿပီး၊ ေမလ ၂၉ ရက္မွာ ေရာင္းခ်သြားမွာပါ။

Ref: GSM Arena, Tech Radar

(Unicode)

အလိုအလျောက် ဆလိုက်ဒါနဲ့ နှစ်ဖက်လှည့် ကင်မရာ ဒီဇိုင်းသုံး Samsung Galaxy A80 ကို မိတ်ဆက်

Samsung ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Galaxy A80 ဟာ ၂၀၁၉ ခုနှစ်ရဲ့ အထူးခြားဆုံးဖုန်းတွေထဲက တလုံး ဖြစ်ပါတယ်။ ကျောကင်မရာသုံးလုံးကို မော်တာတပ် ဆလိုက်ဒါ အစိတ်အပိုင်းမှာ ထည့်သွင်းထားတဲ့အပြင်၊ Selfie ရိုက်လိုတဲ့အခါ ကင်မရာက အလိုအလျောက် ပြောင်းပြန်လှန်ပေးသွားမယ့် ဒီဇိုင်း ဖြစ်ပါတယ်။ ကျောကင်မရာနဲ့ အကောင်းဆုံး Selfie ပုံတွေ၊ ဗီဒီယိုတွေ ရိုက်နိုင်မယ့်ဖုန်းလို့ ဆိုပါတယ်။

အကောင်းဆုံး ပုံရိပ်တွေ ပေးစွမ်းဖို့အတွက် Galaxy ဖုန်းတွေထဲမှာ resolution အမြင့်ဆုံးဖြစ်တဲ့ 48MP sensor ကို အသုံးပြုထားပါတယ်။ ဗီဒီယိုရိုက်ဖို့အတွက် Galaxy S10 က Super Steady mode လည်း ပါဝင်မှာပါ။ ဒုတိယဆန်ဆာကတော့ 8MP Ultrawwide sensor ဖြစ်ပါတယ်။ မြင်ကွင်းကျယ် ၁၂၃ ဒီဂရီအထိ ရိုက်နိုင်ပါတယ်။ တတိယအလုံးကတော့ 3D ToF ဆန်ဆာပါ။ အရှေ့ကင်မရာအတွက်လည်း အဆိုပါ ကင်မရာသုံးလုံးကိုပဲ အသုံးပြုထားတဲ့အတွက် ဖုန်းရှေ့ဘက်မှာ ကင်မရာထားဖို့ Notch တွေ Hole တွေ ပါလာမှာ မဟုတ်ပါဘူး။ စခရင်အပြည့် ဖြစ်နေမှာပါ။ FHD+ ရုပ်ထွက်အရည်အသွေးရှိတဲ့ 6.7-inch Super AMOLED Display ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာလည်း ပါဝင်မှာပါ။

Samsung Galaxy A80 ကို သတ္တုဖရိန်၊ ဘေးနှစ်ဖက်ကွေးနေတဲ့ ဖန်သားကိုယ်ထည်တို့နဲ့ ပြုလုပ်ထားပါတယ်။ 25W Super Fast Charging ရတဲ့ 3,700mAh ဘက်ထရီလည်း ပါဝင်မှာပါ။ 8GB RAM နဲ့ 128GB Storage တို့နဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ Android 9 Pie-based One UI နဲ့ပါ။ Processor ကတော့ Octa-core Processor လို့ပဲ ပြောထားပါတယ်။ AnTuTu အရတော့ Snpadragon 730 အသစ်နဲ့ ဖြစ်တယ်လို့ သိရပါတယ်။

Galaxy A80 ကို Phantom Black, Angel Gold နဲ့ Ghost White သုံးရောင် ရရှိပါမယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၃၀ ဖြစ်ပြီး၊ မေလ ၂၉ ရက်မှာ ရောင်းချသွားမှာပါ။

Ref: GSM Arena, Tech Radar

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category