0 Shares 575 Views

ေလေၾကာင္းလိုင္းမ်ားက Boeing 737 Max ကို မ၀ယ္ေတာ့

Apr 11, 2019
0 575

Boeing က ပထမ ကြာတားရဲ႕ ေဒတာမ်ားကို အဂၤါေန႔က ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ အဲဒီ ေဒတာမ်ားအရ မတ္လမွာ 737 Max ကို မွာယူမႈမ်ား မရွိေတာ့တာကို ေတြ႕ရပါတယ္။ ေမာ္ဒယ္ အေဟာင္းမ်ား ျဖစ္တဲ့ 737-800 မ်ား အပါအ၀င္ 737 Model အားလံုးရဲ႕ ၀ယ္လိုအားဟာ က်ဆင္းသြားပါတယ္။ ယခင္ႏွစ္ ပထမ ကြာတားမွာ အစီးေရ ၁၃၂ စီး ေရာင္းခ်ခဲ့ရာကေန ဒီႏွစ္မွာ ၈၉ စီးအထိ က်ဆင္းသြားပါတယ္။

Boeing က လံုျခံဳေရး စနစ္မ်ား ေျပာင္းလဲမွာ ျဖစ္တဲ့ အတြက္ 737 Max ထုတ္လုပ္မႈကို ေလွ်ာ့ခ်မယ္လို႔ ေသာၾကာေန႔က ေျပာခဲ့ပါတယ္။ ေလယာဥ္ ၂ စီး ပ်က္က်ခဲ့တဲ့ ေလယာဥ္ ထိန္းခ်ဳပ္မႈ ေဆာ့ဖ္၀ဲကိုလည္း ျပင္ဆင္မွာ ျဖစ္ပါတယ္။

ပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး ေသဆံုးသြားခဲ့ပါတယ္။ မၾကာခင္က အီသီယိုးပီးယား ေလေၾကာင္းလိုင္းရဲ႕ ေလယာဥ္ပ်က္က်ၿပီး လူ ၁၅၇ ဦး ေသဆံုးခဲ့ပါတယ္။ အခုေတာ့ အင္ဒိုနီးရွားမွ Garuda Indonesia ေလေၾကာင္းလိုင္းက Boeing 737 Max 8 ေလယာဥ္ ၄၉ စီးမွာယူထားမႈကို ဖ်က္သိမ္းဖို႔ Boeing ကို ေျပာလိုက္ၿပီလို႔ မတ္လက ေၾကညာလိုက္ပါတယ္။

၂၀၁၄ ခုႏွစ္မွာ အဲဒီေလယာဥ္ အစီး ၅၀ ကို မွာယူထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ၂၀၁၇ ခုႏွစ္မွာ ၁ စီးသာ ရရွိခဲ့ပါတယ္။ ယခုဖ်က္သိမ္းမႈေၾကာင့္ Boeing ဟာ ေဒၚလာ ၄.၉ ဘီလီယမ္ေလာက္ နစ္နာသြားပါတယ္။ Boeing ကေတာ့ ဒီသတင္းကို ေျပာၾကားျခင္း မရွိေသးပါဘူး။ ေလေၾကာင္းလိုင္းမွ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက “လူေတြက Boeing 737 Max 8 ကို အယံုအၾကည္ မရွိေတာ့ပါဘူး။ သူတို႔ ဘယ္ေလယာဥ္စီးရမလဲ ဆိုတာ အၿမဲေမးေနပါတယ္။ “ လို႔ ေျပာပါတယ္။

Ref : businessinsider

[Unicode]

လေကြောင်းလိုင်းများက Boeing 737 Max ကို မဝယ်တော့

Boeing က ပထမ ကွာတားရဲ့ ဒေတာများကို အင်္ဂါနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဲဒီ ဒေတာများအရ မတ်လမှာ 737 Max ကို မှာယူမှုများ မရှိတော့တာကို တွေ့ရပါတယ်။ မော်ဒယ် အဟောင်းများ ဖြစ်တဲ့ 737-800 များ အပါအဝင် 737 Model အားလုံးရဲ့ ဝယ်လိုအားဟာ ကျဆင်းသွားပါတယ်။ ယခင်နှစ် ပထမ ကွာတားမှာ အစီးရေ ၁၃၂ စီး ရောင်းချခဲ့ရာကနေ ဒီနှစ်မှာ ၈၉ စီးအထိ ကျဆင်းသွားပါတယ်။

Boeing က လုံခြုံရေး စနစ်များ ပြောင်းလဲမှာ ဖြစ်တဲ့ အတွက် 737 Max ထုတ်လုပ်မှုကို လျှော့ချမယ်လို့ သောကြာနေ့က ပြောခဲ့ပါတယ်။ လေယာဉ် ၂ စီး ပျက်ကျခဲ့တဲ့ လေယာဉ် ထိန်းချုပ်မှု ဆော့ဖ်ဝဲကိုလည်း ပြင်ဆင်မှာ ဖြစ်ပါတယ်။

ပီးခဲ့တဲ့ ၆ လအတွင်းမှာ Boeing 737 Max 8 လေယာဉ် ၂ စီး ပျက်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ လက အဲဒီ လေယာဉ်အမျိုးအစား တစ်စီးဟာ အင်ဒိုနီးရှား ကမ်းရိုးတန်းမှာ ပျက်ကျခဲ့ပြီး လူပေါင်း ၁၈၉ ဦး သေဆုံးသွားခဲ့ပါတယ်။ မကြာခင်က အီသီယိုးပီးယား လေကြောင်းလိုင်းရဲ့ လေယာဉ်ပျက်ကျပြီး လူ ၁၅၇ ဦး သေဆုံးခဲ့ပါတယ်။ အခုတော့ အင်ဒိုနီးရှားမှ Garuda Indonesia လေကြောင်းလိုင်းက Boeing 737 Max 8 လေယာဉ် ၄၉ စီးမှာယူထားမှုကို ဖျက်သိမ်းဖို့ Boeing ကို ပြောလိုက်ပြီလို့ မတ်လက ကြေညာလိုက်ပါတယ်။

၂၀၁၄ ခုနှစ်မှာ အဲဒီလေယာဉ် အစီး ၅၀ ကို မှာယူထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၇ ခုနှစ်မှာ ၁ စီးသာ ရရှိခဲ့ပါတယ်။ ယခုဖျက်သိမ်းမှုကြောင့် Boeing ဟာ ဒေါ်လာ ၄.၉ ဘီလီယမ်လောက် နစ်နာသွားပါတယ်။ Boeing ကတော့ ဒီသတင်းကို ပြောကြားခြင်း မရှိသေးပါဘူး။ လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “လူတွေက Boeing 737 Max 8 ကို အယုံအကြည် မရှိတော့ပါဘူး။ သူတို့ ဘယ်လေယာဉ်စီးရမလဲ ဆိုတာ အမြဲမေးနေပါတယ်။ “ လို့ ပြောပါတယ်။

Ref : businessinsider

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category