0 Shares 255 Views

Samsung က ေနာက္ ၁၀ ႏွစ္အထိ စမတ္ဖုန္း ေစ်းကြက္ကို ဦးေဆာင္မယ္လို႔ ေျပာ

Apr 11, 2019
0 255

ကမာၻ႕ ေရာင္းအား အေကာင္းဆံုး စမတ္ဖုန္း ကုမၸဏီ ဘြဲ႕ကို လုယူဖို႔ Huawei က ႀကိဳးစားေနပါတယ္။ Samsung က ထိပ္ဆံုးမွာ ဦးေဆာင္ေနတယ္ ဆိုေပမယ့္ ဟြာေ၀းကလည္း ဆမ္ေဆာင္းရဲ႕ ေစ်းကြက္ေ၀စုမ်ားကို ဖဲ့ယူေနပါတယ္။ ဟြာေ၀းက ဆမ္ေဆာင္းကို ေက်ာ္တက္မယ္လို႔လည္း ၾကံဳး၀ါးေနပါတယ္။ အခုေတာ့ ဆမ္ေဆာင္းက ျပန္တုန္႔ျပန္လိုက္ပါတယ္။ ကုမၸဏီရဲ႕ စီအီးအို DJ Koh က Samsung က ေနာက္ ၁၀ ႏွစ္အထိ စမတ္ဖုန္း ေစ်းကြက္ကို ဦးေဆာင္မယ္လို႔ ေျပာလိုက္ပါတယ္။

ထိပ္ဆံုးေနရာကို ဖယ္ေပးရႏုိင္လားလို႔ ေမးတဲ့ အခါမွာ Koh က စမတ္ဖုန္း ေစ်းကြက္ကို ဦးေဆာင္ေနတာ ျဖစ္တဲ့ အတြက္ ဆမ္ေဆာင္းဟာ သူ႔ရဲ႕ ထုတ္ကုန္မ်ားကို အၿမဲ ဆန္းသစ္ တိုးတက္ေအာင္ ျပဳလုပ္ေနတယ္လို႔ ေျပာပါတယ္။ ေနာက္ထပ္ ဆယ္စုႏွစ္ကို ဦးေဆာင္ဦးမယ္လို႔ သူက ေျပာပါတယ္။

ကမာၻမွာ စမတ္ဖုန္း ေရာင္းအား က်ဆင္းေနေပမယ့္ ဆမ္ေဆာင္းက ေခါက္ခ်ိဳး ဖုန္းမ်ားနဲ႔ ေစ်းကြက္ ျပန္ေကာင္းေအာင္ ခ်ဥ္းကပ္ေနပါတယ္။ စီအီးအိုက ထူးျခား ဆန္းသစ္တဲ့ အေတြ႕အၾကံဳမ်ားကို ေခါက္ခ်ိဳးဖုန္းမ်ားက ေပးႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ သူက Galaxy Fold ရဲ႕ စကရင္ကို တိုးတက္ေအာင္ ျပဳလုပ္ေနတယ္လို႔ ေျပာပါတယ္။

စီအီးအိုက ဆမ္ေဆာင္းဟာ ေခါက္ခ်ိဳးဖုန္းမ်ားကို တိုးခ်ဲ႕ထုတ္လုပ္မယ္လို႔ ေျပာပါတယ္။ ေရာင္းခ်မယ့္ အခ်ိန္နဲ႔ ေစ်းႏႈန္းမ်ားကိုေတာ့ မေျပာေသးပါဘူး။

Ref : gsmarena

[Unicode]

Samsung က နောက် ၁၀ နှစ်အထိ စမတ်ဖုန်း ဈေးကွက်ကို ဦးဆောင်မယ်လို့ ပြော

ကမ္ဘာ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ကုမ္ပဏီ ဘွဲ့ကို လုယူဖို့ Huawei က ကြိုးစားနေပါတယ်။ Samsung က ထိပ်ဆုံးမှာ ဦးဆောင်နေတယ် ဆိုပေမယ့် ဟွာဝေးကလည်း ဆမ်ဆောင်းရဲ့ ဈေးကွက်ဝေစုများကို ဖဲ့ယူနေပါတယ်။ ဟွာဝေးက ဆမ်ဆောင်းကို ကျော်တက်မယ်လို့လည်း ကြုံးဝါးနေပါတယ်။ အခုတော့ ဆမ်ဆောင်းက ပြန်တုန့်ပြန်လိုက်ပါတယ်။ ကုမ္ပဏီရဲ့ စီအီးအို DJ Koh က Samsung က နောက် ၁၀ နှစ်အထိ စမတ်ဖုန်း ဈေးကွက်ကို ဦးဆောင်မယ်လို့ ပြောလိုက်ပါတယ်။

ထိပ်ဆုံးနေရာကို ဖယ်ပေးရနိုင်လားလို့ မေးတဲ့ အခါမှာ Koh က စမတ်ဖုန်း ဈေးကွက်ကို ဦးဆောင်နေတာ ဖြစ်တဲ့ အတွက် ဆမ်ဆောင်းဟာ သူ့ရဲ့ ထုတ်ကုန်များကို အမြဲ ဆန်းသစ် တိုးတက်အောင် ပြုလုပ်နေတယ်လို့ ပြောပါတယ်။ နောက်ထပ် ဆယ်စုနှစ်ကို ဦးဆောင်ဦးမယ်လို့ သူက ပြောပါတယ်။

ကမ္ဘာမှာ စမတ်ဖုန်း ရောင်းအား ကျဆင်းနေပေမယ့် ဆမ်ဆောင်းက ခေါက်ချိုး ဖုန်းများနဲ့ ဈေးကွက် ပြန်ကောင်းအောင် ချဉ်းကပ်နေပါတယ်။ စီအီးအိုက ထူးခြား ဆန်းသစ်တဲ့ အတွေ့အကြုံများကို ခေါက်ချိုးဖုန်းများက ပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ သူက Galaxy Fold ရဲ့ စကရင်ကို တိုးတက်အောင် ပြုလုပ်နေတယ်လို့ ပြောပါတယ်။

စီအီးအိုက ဆမ်ဆောင်းဟာ ခေါက်ချိုးဖုန်းများကို တိုးချဲ့ထုတ်လုပ်မယ်လို့ ပြောပါတယ်။ ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းများကိုတော့ မပြောသေးပါဘူး။

Ref : gsmarena

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category