0 Shares 377 Views

10x Zoom နဲ႔ ငါးမန္းေတာင္ Pop-up ကင္မရာတို႔ ပါဝင္တဲ့ OPPO Reno ဖုန္းကို မိတ္ဆက္

Apr 10, 2019
0 377

OPPO ရဲ႕ စမတ္ဖုန္းစီးရီးအသစ္ Reno ကေတာ့ တရားဝင္ ထြက္ရွိလာပါၿပီ။ ေကာလာဟလေတြအတိုင္း တေစာင္းပုံစံ Pop-up ေရွ႕ကင္မရာကို အသုံးျပဳထားတာ ေတြ႕ရပါတယ္။ Snapdragon 855, 48-megapixel ကင္မရာ၊ 10x Zoom ဆြဲႏိုင္တဲ့ Lens စတဲ့ Flagship specs ေတြ သုံးထားတဲ့ OPPO Flagship ဖုန္းတလုံး ျဖစ္ပါတယ္။

OPPO Reno ကို ႐ိုး႐ိုး ဗားရွင္းနဲ႔ 10x Zoom ဗားရွင္းဆိုၿပီး ႏွစ္မ်ိဳး ထုတ္သြားမွာပါ။ ႐ိုး႐ိုး Reno မွာက 10x Zoom Lens မပါဘဲ ေက်ာကင္မရာႏွစ္လုံးနဲ႔ ျဖစ္ပါတယ္။ Chipset ကလည္း Snapdragon 710 SoC နဲ႔ ျဖစ္သြားမွာပါ။

OPPO Reno 10x Zoom မွာ ေက်ာဘက္ဖန္သား ကိုယ္ထည္နဲ႔ အလူမီနမ္ဖရိန္တို႔ကို အသုံးျပဳထားပါတယ္။ FHD+ အရည္အေသြးရွိတဲ့ 6.65-inch AMOLED Display နဲ႔ ျဖစ္ၿပီး၊ Notch ပါဝင္မွာ မဟုတ္ပါဘူး။ HDR10+ ေဖာ္ျပႏိုင္တဲ့ Display ျဖစ္ၿပီး၊ ဆဌမမ်ိဳးဆက္ In-display Fingerprint Reader ပါဝင္ပါတယ္။ Gorilla Glass 6 အုပ္ေပးထားမွာပါ။ Snapdragon 855 နဲ႔ ျဖစ္ကာ 6GB RAM နဲ႔ 8GB RAM ႏွစ္မ်ိဳး ထုတ္သြားမွာပါ။ Storage ကိုေတာ့ 128GB နဲ႔ 256GB ေ႐ြးႏိုင္မွာ ျဖစ္ပါတယ္။ microSD ကတ္လည္း ထပ္စိုက္ႏိုင္ဦးမွာပါ။ 4,065mAh ဘက္ထရီ ပါဝင္ၿပီး၊ VOOC 3.0 အားအျမန္သြင္းစနစ္ သုံးႏိုင္ပါတယ္။

ေက်ာကင္မရာက သုံးလုံး ပါဝင္ၿပီး၊ အဓိက ကင္မရာက OIS ပါတဲ့ 48-megapixel Sony IMX585 f/.17 ကင္မရာ၊ ဒုတိယအလုံးက f/2.2 8-megapixel ကင္မရာနဲ႔ တတိယအလုံးကေတာ့ OIS ပါတဲ့ ပယ္ရီစကုပ္ပုံစံ Telescope ကင္မရာတို႔ ျဖစ္ပါတယ္။ အဓိက ကင္မရာနဲ႔ Telescope ကင္မရာတို႔ကို ေပါင္းစပ္ကာ 10x အထိ Hybrid Optical Zoom ဆြဲ႐ိုက္ႏိုငမွာ ျဖစ္ပါတယ္။

OPPO Reno ဖုန္းႏွစ္ခုလုံးမွာ ထူးျခားတဲ့ “ငါးမန္းေတာင္ပုံ” Pop-up ကင္မရာ ဒီဇိုင္းကို အသုံးျပဳထားပါတယ္။ အဆိုပါ ကင္မရာအစိတ္အပိုင္းအတြင္းမွာ f/2.0 အပါခ်ာရွိ 16-megapixel ကင္မရာနဲ႔ LED Flash တို႔ ပါမွာပါ။

႐ိုး႐ိုး ေမာ္ဒယ္ OPPO Reno Standard Edition မွာေတာ့ မ်က္ႏွာျပင္က 6.4-inch ျဖစ္သြားပါတယ္။ AMOLED Dispaly ပါပဲ။ In-display Fingerprint Reader လည္း ပါဝင္ၿပီး Gorilla Glass 6 နဲ႔ပဲ ျဖစ္ပါတယ္။ 10x Zoom Edition နဲ႔ ေနာက္ထပ္ ကြာသြားတာက Chipset နဲ႔ ေက်ာကင္မရာနဲ႔ ဘက္ထရီ တို႔ ျဖစ္ပါတယ္။ ေက်ာကင္မရာက 48-megapixel + 5-megapxiel ႏွစ္လုံးတြဲပါ။ ဘက္ထရီကေတာ့ 3,765mAh ဘက္ထရီ ျဖစ္ပါတယ္။ VOOC 3.0 ေတာ့ ပါဝင္ဦးမွာ ျဖစ္ပါတယ္။

OPPO Reno Standard Edition ကို အေရာင္းေလးေရာင္ ထုတ္သြားမွာပါ။ ေစ်းႏႈန္းေတြကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

6 GB RAM + 128GB storage – 2,999 Yuan (~$446)
6 GB RAM + 256 GB storage – 3,299 Yuan (~$491)
8 GB RAM + 256 GB storage – 3,599 Yuan (~$536)

OPPO Reno 10x Zoom Edition ကိုေတာ့ Fog Sea Green နဲ႔ Extreme Night Black ဆိုၿပီး ႏွစ္ေရာင္ပဲ ထုတ္သြားမွာပါ။ ေစ်းႏႈန္းကေတာ့ ေအာက္ပါအတိုင္းပါ။

6 GB RAM + 128GB storage – 3,999 Yuan (~$595)
6 GB RAM + 256 GB storage 4,499 Yuan (~$670)
8 GB RAM + 256 GB storage – 4,799 Yuan (~$715).

OPPO Reno ကို တကမာၻလုံးမွာ ဧၿပီ ၂၄ ရက္ ထပ္မံ မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ အဆိုပါပြဲမွာ 5G သုံးႏိုင္မယ့္ Reno ေမာ္ဒယ္ကိုပါ ျမင္ေတြ႕ရဖို႔ ရွိပါတယ္။

Ref: Gizmo China

10x Zoom နဲ့ ငါးမန်းတောင် Pop-up ကင်မရာတို့ ပါဝင်တဲ့ OPPO Reno ဖုန်းကို မိတ်ဆက်

OPPO ရဲ့ စမတ်ဖုန်းစီးရီးအသစ် Reno ကတော့ တရားဝင် ထွက်ရှိလာပါပြီ။ ကောလာဟလတွေအတိုင်း တစောင်းပုံစံ Pop-up ရှေ့ကင်မရာကို အသုံးပြုထားတာ တွေ့ရပါတယ်။ Snapdragon 855, 48-megapixel ကင်မရာ၊ 10x Zoom ဆွဲနိုင်တဲ့ Lens စတဲ့ Flagship specs တွေ သုံးထားတဲ့ OPPO Flagship ဖုန်းတလုံး ဖြစ်ပါတယ်။

OPPO Reno ကို ရိုးရိုး ဗားရှင်းနဲ့ 10x Zoom ဗားရှင်းဆိုပြီး နှစ်မျိုး ထုတ်သွားမှာပါ။ ရိုးရိုး Reno မှာက 10x Zoom Lens မပါဘဲ ကျောကင်မရာနှစ်လုံးနဲ့ ဖြစ်ပါတယ်။ Chipset ကလည်း Snapdragon 710 SoC နဲ့ ဖြစ်သွားမှာပါ။

OPPO Reno 10x Zoom မှာ ကျောဘက်ဖန်သား ကိုယ်ထည်နဲ့ အလူမီနမ်ဖရိန်တို့ကို အသုံးပြုထားပါတယ်။ FHD+ အရည်အသွေးရှိတဲ့ 6.65-inch AMOLED Display နဲ့ ဖြစ်ပြီး၊ Notch ပါဝင်မှာ မဟုတ်ပါဘူး။ HDR10+ ဖော်ပြနိုင်တဲ့ Display ဖြစ်ပြီး၊ ဆဌမမျိုးဆက် In-display Fingerprint Reader ပါဝင်ပါတယ်။ Gorilla Glass 6 အုပ်ပေးထားမှာပါ။ Snapdragon 855 နဲ့ ဖြစ်ကာ 6GB RAM နဲ့ 8GB RAM နှစ်မျိုး ထုတ်သွားမှာပါ။ Storage ကိုတော့ 128GB နဲ့ 256GB ရွေးနိုင်မှာ ဖြစ်ပါတယ်။ microSD ကတ်လည်း ထပ်စိုက်နိုင်ဦးမှာပါ။ 4,065mAh ဘက်ထရီ ပါဝင်ပြီး၊ VOOC 3.0 အားအမြန်သွင်းစနစ် သုံးနိုင်ပါတယ်။

ကျောကင်မရာက သုံးလုံး ပါဝင်ပြီး၊ အဓိက ကင်မရာက OIS ပါတဲ့ 48-megapixel Sony IMX585 f/.17 ကင်မရာ၊ ဒုတိယအလုံးက f/2.2 8-megapixel ကင်မရာနဲ့ တတိယအလုံးကတော့ OIS ပါတဲ့ ပယ်ရီစကုပ်ပုံစံ Telescope ကင်မရာတို့ ဖြစ်ပါတယ်။ အဓိက ကင်မရာနဲ့ Telescope ကင်မရာတို့ကို ပေါင်းစပ်ကာ 10x အထိ Hybrid Optical Zoom ဆွဲရိုက်နိုငမှာ ဖြစ်ပါတယ်။

OPPO Reno ဖုန်းနှစ်ခုလုံးမှာ ထူးခြားတဲ့ “ငါးမန်းတောင်ပုံ” Pop-up ကင်မရာ ဒီဇိုင်းကို အသုံးပြုထားပါတယ်။ အဆိုပါ ကင်မရာအစိတ်အပိုင်းအတွင်းမှာ f/2.0 အပါချာရှိ 16-megapixel ကင်မရာနဲ့ LED Flash တို့ ပါမှာပါ။

ရိုးရိုး မော်ဒယ် OPPO Reno Standard Edition မှာတော့ မျက်နှာပြင်က 6.4-inch ဖြစ်သွားပါတယ်။ AMOLED Dispaly ပါပဲ။ In-display Fingerprint Reader လည်း ပါဝင်ပြီး Gorilla Glass 6 နဲ့ပဲ ဖြစ်ပါတယ်။ 10x Zoom Edition နဲ့ နောက်ထပ် ကွာသွားတာက Chipset နဲ့ ကျောကင်မရာနဲ့ ဘက်ထရီ တို့ ဖြစ်ပါတယ်။ ကျောကင်မရာက 48-megapixel + 5-megapxiel နှစ်လုံးတွဲပါ။ ဘက်ထရီကတော့ 3,765mAh ဘက်ထရီ ဖြစ်ပါတယ်။ VOOC 3.0 တော့ ပါဝင်ဦးမှာ ဖြစ်ပါတယ်။

OPPO Reno Standard Edition ကို အရောင်းလေးရောင် ထုတ်သွားမှာပါ။ ဈေးနှုန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

6 GB RAM + 128GB storage – 2,999 Yuan (~$446)
6 GB RAM + 256 GB storage – 3,299 Yuan (~$491)
8 GB RAM + 256 GB storage – 3,599 Yuan (~$536)

OPPO Reno 10x Zoom Edition ကိုတော့ Fog Sea Green နဲ့ Extreme Night Black ဆိုပြီး နှစ်ရောင်ပဲ ထုတ်သွားမှာပါ။ ဈေးနှုန်းကတော့ အောက်ပါအတိုင်းပါ။

6 GB RAM + 128GB storage – 3,999 Yuan (~$595)
6 GB RAM + 256 GB storage 4,499 Yuan (~$670)
8 GB RAM + 256 GB storage – 4,799 Yuan (~$715).

OPPO Reno ကို တကမ္ဘာလုံးမှာ ဧပြီ ၂၄ ရက် ထပ်မံ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ 5G သုံးနိုင်မယ့် Reno မော်ဒယ်ကိုပါ မြင်တွေ့ရဖို့ ရှိပါတယ်။

Ref: Gizmo China

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category