0 Shares 73 Views

ဓာတ္ပုံ ခိုးသုံးလို႔ မရတဲ့ Tools အသစ္ေတြကို Flickr ထည့္ေပး

Apr 10, 2019
0 73

ဓာတ္ပုံမွ်ေဝေရး ဝဘ္ဆိုဒ္တခုျဖစ္တဲ့ Flciker က Subscribers ေတြကို မူပိုင္ခြင့္ကာကြယ္ေရး Tools ေတြ ထုတ္ေပးေတာ့မာ ျဖစ္ပါတယ္။ ခြင့္ျပဳခ်က္မရဘဲ ကိုယ့္ ဓာတ္ပုံကို ယူသုံးထားသလားဆိုတာ စစ္ေဆးေပးမယ့္ Tools ေတြပါ။

ဒီ Tools ေတြကိုေတာ့ Flicker Pro ဝယ္သုံးသူေတြပဲ ရမွာ ျဖစ္ပါတယ္။ ဓာတ္ပုံေပါင္း ၁,၀၀၀ ေက်ာ္ကို ေစာင့္ၾကည့္ေပးႏိုင္ၿပီး၊ ဓာတ္ပုံ ယူသုံးထားတဲ့ လူေတြ ကုမၸဏီေတြကို အလိုအေလ်ာက္ မူပိုင္ခြင့္ဆိုင္ရာ အေၾကာင္းၾကားစာ ပို႔ေပးမွာလည္း ျဖစ္ပါတယ္။

“ဓာတ္ပုံဆရာေတြအေနနဲ႔ သူတို႔ လက္ရာေတြကို အြန္လိုင္းမွာ Share တဲ့အခါ စိတ္ခ်မ္းသာေစခ်င္ပါတယ္” လို႔ Flickr ရဲ႕ Andrew Stadlen က ဆိုပါတယ္။

Verizon ရဲ႕ ပိုင္ဆိုင္မႈ ေအာက္မွာ Flickr ဟာ အဖြဲ႕ဝင္မန္ဘာတိုင္းကို ဓာတ္ပုံ သိမ္းဆည္းႏိုင္မႈ ေဒတာပမာဏ 1TB အထိ အလကားေပးခဲ့ပါတယ္။ ဒါေပမယ့္ ၂၀၁၈ မွာေတာ့ SmugMug က ပိုင္ရွင္အသစ္ ဖစ္သြားၿပီး ေပၚလစီ ေျပာင္းလဲလိုက္တာေၾကာင့္ ပိုက္ဆံမေပးတဲ့လူေတြဆို ဓာတ္ပုံ ၁,၀၀၀ ပဲ သိမ္းထားႏိုင္ပါေတာ့တယ္။

Flickr သုံးမယ့္ မူပိုင္ခြင့္ကာကြယ္ေရး Tools ေတြကိုေတာ့ အေမရိကန္အေျခစိုက္ တက္သစ္စကုမၸဏီတခုျဖစ္တဲ့ Pixsy က ထုတ္ေပးမွာပါ။

DMCA ဥပေဒအရ Facebook, Twitter အပါအဝင္ ကုမၸဏီေတာ္ေတာ္မ်ားမ်ားဟာ သိရွိသမွ် မူပိုင္ခြင့္ခ်ိဳးေဖာက္ထားတာေတြကို ဖယ္ရွားဖို႔ ႀကိဳးပမ္းေဆာင္႐ြက္ေနၾကပါတယ္။

Fickr Tools အသစ္ေတြကို BBC က စမ္းသပ္ၾကည့္ခဲ့ရာမွာ BBC သတင္းေထာက္ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံတခုကို အျခား သတင္းဝဘ္ဆိုဒ္ေပါင္း ၂၆ ခုမွာ ေတြ႕ရွိခဲ့ရၿပီး၊ ရလဒ္ ထိုက္သင့္သေလာက္ ေကာင္းမြန္တာ ေတြ႕ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။

Ref: BBC

(Unicode)

ဓာတ်ပုံ ခိုးသုံးလို့ မရတဲ့ Tools အသစ်တွေကို Flickr ထည့်ပေး

ဓာတ်ပုံမျှဝေရေး ဝဘ်ဆိုဒ်တခုဖြစ်တဲ့ Flciker က Subscribers တွေကို မူပိုင်ခွင့်ကာကွယ်ရေး Tools တွေ ထုတ်ပေးတော့မာ ဖြစ်ပါတယ်။ ခွင့်ပြုချက်မရဘဲ ကိုယ့် ဓာတ်ပုံကို ယူသုံးထားသလားဆိုတာ စစ်ဆေးပေးမယ့် Tools တွေပါ။

ဒီ Tools တွေကိုတော့ Flicker Pro ဝယ်သုံးသူတွေပဲ ရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံပေါင်း ၁,၀၀၀ ကျော်ကို စောင့်ကြည့်ပေးနိုင်ပြီး၊ ဓာတ်ပုံ ယူသုံးထားတဲ့ လူတွေ ကုမ္ပဏီတွေကို အလိုအလျောက် မူပိုင်ခွင့်ဆိုင်ရာ အကြောင်းကြားစာ ပို့ပေးမှာလည်း ဖြစ်ပါတယ်။

“ဓာတ်ပုံဆရာတွေအနေနဲ့ သူတို့ လက်ရာတွေကို အွန်လိုင်းမှာ Share တဲ့အခါ စိတ်ချမ်းသာစေချင်ပါတယ်” လို့ Flickr ရဲ့ Andrew Stadlen က ဆိုပါတယ်။

Verizon ရဲ့ ပိုင်ဆိုင်မှု အောက်မှာ Flickr ဟာ အဖွဲ့ဝင်မန်ဘာတိုင်းကို ဓာတ်ပုံ သိမ်းဆည်းနိုင်မှု ဒေတာပမာဏ 1TB အထိ အလကားပေးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၈ မှာတော့ SmugMug က ပိုင်ရှင်အသစ် ဖစ်သွားပြီး ပေါ်လစီ ပြောင်းလဲလိုက်တာကြောင့် ပိုက်ဆံမပေးတဲ့လူတွေဆို ဓာတ်ပုံ ၁,၀၀၀ ပဲ သိမ်းထားနိုင်ပါတော့တယ်။

Flickr သုံးမယ့် မူပိုင်ခွင့်ကာကွယ်ရေး Tools တွေကိုတော့ အမေရိကန်အခြေစိုက် တက်သစ်စကုမ္ပဏီတခုဖြစ်တဲ့ Pixsy က ထုတ်ပေးမှာပါ။

DMCA ဥပဒေအရ Facebook, Twitter အပါအဝင် ကုမ္ပဏီတော်တော်များများဟာ သိရှိသမျှ မူပိုင်ခွင့်ချိုးဖောက်ထားတာတွေကို ဖယ်ရှားဖို့ ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။

Fickr Tools အသစ်တွေကို BBC က စမ်းသပ်ကြည့်ခဲ့ရာမှာ BBC သတင်းထောက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတခုကို အခြား သတင်းဝဘ်ဆိုဒ်ပေါင်း ၂၆ ခုမှာ တွေ့ရှိခဲ့ရပြီး၊ ရလဒ် ထိုက်သင့်သလောက် ကောင်းမွန်တာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

Ref: BBC

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category