0 Shares 997 Views

4K ထက္ ႐ုပ္ထြက္ ၁၆ ဆ ျမင့္ၿပီး ဘတ္စ္ကားတစီးထက္ ႀကီးတဲ့ 16K တီဗီကို Sony ထုတ္လုပ္

Apr 10, 2019
0 997

4K တင္မက 8K ကိုပါ ေမ့လိုက္လို႔ ရပါၿပီ။ Sony က 16K တီဗီစခရင္တခုကို ယေန႔ျပသလိုက္ပါတယ္။ အ႐ြယ္အစား ႀကီးမားလြန္းတာေၾကာင့္ ဧည့္ခန္းက်ယ္က်ယ္ဝန္းဝန္းရွိတဲ့ အိမ္တလုံးပိုင္မွ ဝယ္ႏိုင္မွာပါ။

Sony 16K တီဗီမွာ အရွည္အားျဖင့္ ၆၃ ေပရွိၿပီး၊ အျမင့္က ၁၇ ေပ ရွိပါတယ္။ ယိုကိုးဟားမားၿမိဳ႕က ရွီရွဲဒိုးရဲ႕ သုေတသနစင္တာ အသစ္ႀကီးမွာ လက္ရွိ တပ္ဆင္ေနပါတယ္။ ႀကီးမားလြန္းတဲ့အတြက္ ပထမထပ္နဲ႔ ဒုတိယထပ္ အၾကားမွာ တပ္ဆင္ထားမွာ ျဖစ္ပါတယ္။

အ႐ြယ္အႀကီးဆုံး 16K တီဗီအျဖစ္ ေႂကြးေၾကာ္ထားတဲ့ Sony TV အသစ္ကို လာမယ့္ႏွစ္ ဂ်ပန္အိုလံပစ္ ၿပိဳင္ပြဲမွာ အသုံးျပဳသြားဖို႔ ရွိတယ္လို႔ သိရပါတယ္။ အ႐ြယ္အစားက ဘတ္စ္ကားတစီးထက္ ႀကီးသလို ႐ုပ္ထြက္အရည္အေသြးကလည္း အျမင့္ဆုံး 16K ပါ။ 15,360 x 8,640 pixels ရွိပါတယ္။ လက္ရွိ 4K UHD တီဗီ ေတြထက္ pixels ၁၆ ဆ မ်ားၿပီး၊ 1080p ထက္ဆို ၆၄ ဆ ပိုမို မ်ားျပားပါတယ္။ အနားကပ္ၾကည့္ရင္ေတာင္ ပုံရိပ္ေတြ ဝါးမွာ မဟုတ္ပါဘူး။

လက္ရွိမွာ 8K ကို သြားေနဆဲပဲ ရွိေသးတာေၾကာင့္ 16K က သုံးစြဲသူေတြ လက္ထဲကို ေတာ္ေတာ္နဲ႔ေတာ့ ေရာက္လာဦးမွာ မဟုတ္ပါဘူး။ ေကာ္ပိုေရးရွင္းႀကီးေတြအတြက္ပဲ ျဖစ္ေနဦးမွာပါ။ သၾကၤန္တြင္း ထြက္လာေတာ့မယ့္ Game of Thrones ေနာက္ဆုံး Season ကို ဒီ TV ႀကီးနဲ႔ သာ ၾကည့္လိုက္ရလို႔ကေတာ့ အႏွစ္ပါပဲ။ 16K ဗီဒီယိုေတြ မရွိေသးေပမယ့္  ဒီ TV အတြက္ 16K ဗီဒီယိုတခုကို Sony ကိုယ္တိုင္ ဖန္တီးခဲ့တယ္လို႔ သိရပါတယ္။

Ref: Channel News, BBC

4K ထက် ရုပ်ထွက် ၁၆ ဆ မြင့်ပြီး ဘတ်စ်ကားတစီးထက် ကြီးတဲ့ 16K တီဗီကို Sony ထုတ်လုပ်

4K တင်မက 8K ကိုပါ မေ့လိုက်လို့ ရပါပြီ။ Sony က 16K တီဗီစခရင်တခုကို ယနေ့ပြသလိုက်ပါတယ်။ အရွယ်အစား ကြီးမားလွန်းတာကြောင့် ဧည့်ခန်းကျယ်ကျယ်ဝန်းဝန်းရှိတဲ့ အိမ်တလုံးပိုင်မှ ဝယ်နိုင်မှာပါ။

Sony 16K တီဗီမှာ အရှည်အားဖြင့် ၆၃ ပေရှိပြီး၊ အမြင့်က ၁၇ ပေ ရှိပါတယ်။ ယိုကိုးဟားမားမြို့က ရှီရှဲဒိုးရဲ့ သုတေသနစင်တာ အသစ်ကြီးမှာ လက်ရှိ တပ်ဆင်နေပါတယ်။ ကြီးမားလွန်းတဲ့အတွက် ပထမထပ်နဲ့ ဒုတိယထပ် အကြားမှာ တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

အရွယ်အကြီးဆုံး 16K တီဗီအဖြစ် ကြွေးကြော်ထားတဲ့ Sony TV အသစ်ကို လာမယ့်နှစ် ဂျပန်အိုလံပစ် ပြိုင်ပွဲမှာ အသုံးပြုသွားဖို့ ရှိတယ်လို့ သိရပါတယ်။ အရွယ်အစားက ဘတ်စ်ကားတစီးထက် ကြီးသလို ရုပ်ထွက်အရည်အသွေးကလည်း အမြင့်ဆုံး 16K ပါ။ 15,360 x 8,640 pixels ရှိပါတယ်။ လက်ရှိ 4K UHD တီဗီ တွေထက် pixels ၁၆ ဆ များပြီး၊ 1080p ထက်ဆို ၆၄ ဆ ပိုမို များပြားပါတယ်။ အနားကပ်ကြည့်ရင်တောင် ပုံရိပ်တွေ ဝါးမှာ မဟုတ်ပါဘူး။

လက်ရှိမှာ 8K ကို သွားနေဆဲပဲ ရှိသေးတာကြောင့် 16K က သုံးစွဲသူတွေ လက်ထဲကို တော်တော်နဲ့တော့ ရောက်လာဦးမှာ မဟုတ်ပါဘူး။ ကော်ပိုရေးရှင်းကြီးတွေအတွက်ပဲ ဖြစ်နေဦးမှာပါ။ သြင်္ကန်တွင်း ထွက်လာတော့မယ့် Game of Thrones နောက်ဆုံး Season ကို ဒီ TV ကြီးနဲ့ သာ ကြည့်လိုက်ရလို့ကတော့ အနှစ်ပါပဲ။ 16K ဗီဒီယိုတွေ မရှိသေးပေမယ့်  ဒီ TV အတွက် 16K ဗီဒီယိုတခုကို Sony ကိုယ်တိုင် ဖန်တီးခဲ့တယ်လို့ သိရပါတယ်။

Ref: Channel News, BBC

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category