Slow Motion Video များကို ရိုက်ကူးနိုင်တဲ့ စွမ်းဆောင်ချက်ကို တန်ဖိုးကြီး Android Device များမှာသာ ထည့်သွင်းပေးထားကြပါတယ်။ ဒါပေမယ့် အနှေးဗီဒီယိုများ ရိုက်ကူးပေးနိုင်တဲ့ စွမ်းဆောင်ရည်မြင့် Apps များစွာ ထွက်ပေါ်လာပါပြီ။
၁။ Reaction Slow Motion Pro
သူက အရည်အသွေး လျော့ကျခြင်း မရှိဘဲ အနှေးဗီဒီယိုများကို ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့အပြင် Blur ဖြစ်ခြင်း မရှိပါဘူး။ သူ့မှာ အနှေး ဗီဒီယိုရိုက်ကူးနိုင်တဲ့ ပရိုဖိုင်များစွာ ရှိပြီး တစ်ခုကို အခမဲ့ ပံ့ပိုးပေးထားပါတယ်။ အခြား ပရိုဖိုင်များကို သုံးချင်ရင်တော့ အခပေးရမှာ ဖြစ်ပါတယ်။ သင့် ဗီဒီယိုမှ အနှေးပြကွက် ဖန်တီးမယ့် နေရာကို သတ်မှတ်နိုင်ပါတယ်။ မဖန်တီးခင်မှာလည်း အကြိုကြည့်လို့ရတဲ့အတွက် အဆင်ပြေပါတယ်။
၂။ Slow Motion Video FX
သူက အနှေး ဗီဒီယို အပြင် အမြန် ဗီဒီယိုများကိုပါ ဖန်တီးပေးနိုင်ပါတယ်။ ဖန်တီးထားတဲ့ ဗီဒီယိုများကို YouTube or Instagram တို့မှာ မျှဝေနိုင်ပါတယ်။ ဗီဒီယိုတစ်ခုရဲ့ အနှေး သို့မဟုတ် အမြန်နှုန်းကိုလည်း သူ့မှာ သင့် စိတ်ကြိုက် ချိန်ညှိနိုင်ပါတယ်။ အရာဝတ္ထုများ၊ တိရိစ္ဆာန်များရဲ့ အနှေး၊ အမြန် ဗီဒီယိုများကို ဖန်တီးခြင်းဖြင့် ပျော်ရွှင်စေမှာဖြစ်ပါတယ်။
၃။ SloPro
Slow Motion Video များကို ရိုက်ကူး၊ တည်းဖြည်ပြီး သူငယ်ချင်းများနဲ့ မျှဝေဖို့အတွက် SloPro က အကောင်းဆုံးများထဲမှ တစ်ခု ဖြစ်ပါတယ်။ ဗီဒီယိုတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုကိုသာ အနှေးပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် အမြန်ဗီဒီယိုများကိုလည်း သူက ဖန်တီးပေးနိုင်ပါတယ်။
၄။ Slow Motion Free
Slow Motion Free က အနှေး ဗီဒီယိုများကို ရိုက်ကူးပေးနိုင်တဲ့ အပြင် သင့်ဖုန်းမှ ဗီဒီယိုများရဲ့ အနှေးဗီဒီယိုများကို ကြည့်ရှုနိုင်ပါတယ်။ ဗီဒီယိုများရဲ့ အနှေးနှုန်းကိုလည်း စိတ်ကြိုက်သတ်မှတ်နိုင်ပါတယ်။ အခမဲ့ အသုံးပြုနိုင်ပြီး ကြော်ညာများလည်း မပါပါဘူး။
Download
ref : techviral
အနှေး ဗီဒီယိုတွေကို Android မှာ ရိုက်ကူးပေးမယ့် App များ