0 Shares 157 Views

၂၀၂၁ ခုႏွစ္မွာ ေခါက္ခ်ိဳးဖုန္းေတြ ေစ်းသက္သာလာမယ္လို႔ BOE ေျပာ

Apr 10, 2019
0 157

Samsung Galaxy Fold နဲ႔ Huawei Mate X ေခါက္ခ်ိဳး ဖုန္းမ်ားဟာ စြမ္းရည္ေရာ၊ ဒီဇိုင္းပါ အလန္းစား ဖုန္းေတြပါ။ ဒါေပမယ့္ ေစ်းက အရမ္းကို ႀကီးပါတယ္။ Fold ကို ေဒၚလာ ၂၀၀၀ ၀န္းက်င္နဲ႔ Mate X ကို ေဒၚလာ ၂၆၀၀ နဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ေခါက္ခ်ိဳးဖုန္း နည္းပညာဟာ အသစ္ ျဖစ္တဲ့ အတြက္ ကုန္က်စားရိတ္မ်ား ႀကီးျမင့္ေနျခင္း ျဖစ္ပါတယ္။

BOE ဟာ ကမာၻ႕ အႀကီးမားဆံုး မ်က္ႏွာျပင္ ထုတ္လုပ္သူ တစ္ဦး ျဖစ္ၿပီး ဟြာေ၀းအတြက္ ေခါက္ခ်ိဳး မ်က္ႏွာျပင္မ်ားကို အဓိက ထုတ္လုပ္ေပးေနတာ ျဖစ္ပါတယ္။ အနာဂတ္မွာေတာ့ ေခါက္ခ်ိဳး မ်က္ႏွာျပင္မ်ားရဲ႕ ထုတ္လုပ္မႈ ကုန္က်စားရိတ္ကသက္သာလာေတာ့မွာ ျဖစ္ပါတယ္။ BOE ရဲ႕ အႀကီးတန္း ဒုတိယ ဥကၠဌ ျဖစ္သူ Zhang Yu က လာမယ့္ ၂ ႏွစ္အတြင္းမွာ ေခါက္ခ်ိဳးဖုန္းမ်ားဟာ ေဒၚလာ ၁၅၀၀ ေလာက္ပဲ ရွိေတာ့မယ္လို႔ အင္တာဗ်ဴး တစ္ခုမွာ ေျပာပါတယ္။ ဒီေစ်းဟာ BOE ရဲ႕ ေခါက္ခ်ိဳး မ်က္ႏွာျပင္မ်ား သံုးထားတဲ့ ဟြာေ၀းရဲ႕ ေခါက္ခ်ိဳး ဖုန္းမ်ားအတြက္ ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္လည္း အျခား ကုမၸဏီမ်ားရဲ႕ ေခါက္ခ်ိဳး ဖုန္း ေစ်းမ်ားဟာလည္း က်သြားႏုိင္ပါတယ္။

ေခါက္ခ်ိဳး ဖုန္မ်ားရဲ႕ အလုပ္လုပ္ပံုကို ေလ့လာခ်င္ရင္ေတာ့ GSMArena က Huawei Mate X ကို စမ္းသပ္ အသံုးျပဳထားတဲ့ ဗီဒီယိုကို ေအာက္မွာ တင္ျပလိုက္ပါတယ္။

Ref : gsmarena

[Unicode]

၂၀၂၁ ခုနှစ်မှာ ခေါက်ချိုးဖုန်းတွေ ဈေးသက်သာလာမယ်လို့ BOE ပြော

Samsung Galaxy Fold နဲ့ Huawei Mate X ခေါက်ချိုး ဖုန်းများဟာ စွမ်းရည်ရော၊ ဒီဇိုင်းပါ အလန်းစား ဖုန်းတွေပါ။ ဒါပေမယ့် ဈေးက အရမ်းကို ကြီးပါတယ်။ Fold ကို ဒေါ်လာ ၂၀၀၀ ဝန်းကျင်နဲ့ Mate X ကို ဒေါ်လာ ၂၆၀၀ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ ခေါက်ချိုးဖုန်း နည်းပညာဟာ အသစ် ဖြစ်တဲ့ အတွက် ကုန်ကျစားရိတ်များ ကြီးမြင့်နေခြင်း ဖြစ်ပါတယ်။

BOE ဟာ ကမ္ဘာ့ အကြီးမားဆုံး မျက်နှာပြင် ထုတ်လုပ်သူ တစ်ဦး ဖြစ်ပြီး ဟွာဝေးအတွက် ခေါက်ချိုး မျက်နှာပြင်များကို အဓိက ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ ခေါက်ချိုး မျက်နှာပြင်များရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ကသက်သာလာတော့မှာ ဖြစ်ပါတယ်။ BOE ရဲ့ အကြီးတန်း ဒုတိယ ဥက္ကဌ ဖြစ်သူ Zhang Yu က လာမယ့် ၂ နှစ်အတွင်းမှာ ခေါက်ချိုးဖုန်းများဟာ ဒေါ်လာ ၁၅၀၀ လောက်ပဲ ရှိတော့မယ်လို့ အင်တာဗျူး တစ်ခုမှာ ပြောပါတယ်။ ဒီဈေးဟာ BOE ရဲ့ ခေါက်ချိုး မျက်နှာပြင်များ သုံးထားတဲ့ ဟွာဝေးရဲ့ ခေါက်ချိုး ဖုန်းများအတွက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အခြား ကုမ္ပဏီများရဲ့ ခေါက်ချိုး ဖုန်း ဈေးများဟာလည်း ကျသွားနိုင်ပါတယ်။

ခေါက်ချိုး ဖုန်များရဲ့ အလုပ်လုပ်ပုံကို လေ့လာချင်ရင်တော့ GSMArena က Huawei Mate X ကို စမ်းသပ် အသုံးပြုထားတဲ့ ဗီဒီယိုကို အောက်မှာ တင်ပြလိုက်ပါတယ်။

Ref : gsmarena

You may be interested

Triple Rear Cameras မ်ားပါမယ့္ Motorola One Action
Android, HUBS, Mobiles & Tablets
0 shares0 views

Triple Rear Cameras မ်ားပါမယ့္ Motorola One Action

Ko Thuya - Jun 16, 2019

21:9 Display နဲ႔ Exynos Chipset ပါတာ One Vision တစ္လံုးထဲ မဟုတ္ေတာ့ပါဘူး။ Motorola ရဲ႕ ေနာက္ထုတ္မယ့္ One Action မွာလည္း ပါလာေတာ့မွာပါ။ အဲဒီ One Phone ၂ လံုးမွာ တူညီခ်က္မ်ားစြာ…

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္
NEWS, Science, Softwares & Application
0 shares0 views

လက္သမား စက္ရုပ္ကို ျပသလိုက္တဲ့ ဂ်ပန္

Ko Thuya - Jun 16, 2019

ဂ်ပန္မွ Advanced Industrial Science and Technology, or AIST က ေနအိမ္ တည္ေဆာက္ႏိုင္တဲ့ စက္ရုပ္ကို တီထြင္လိုက္ပါတယ္။ သူဟာ လူတူ စက္ရုပ္ ျဖစ္ပါတယ္။ သူ႔ရဲ႕ အလုပ္လုပ္ပံုကို ျပသထားတဲ့ ဗီဒီယိုမွာ သူဟာ နံရံမ်ားကို…

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား
Gadgets, Mobiles & Tablets, NEWS
0 shares0 views

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ား

Ko Thuya - Jun 16, 2019

ဒီတစ္ပတ္အတြက္ အေဟာ့ဆံုး သတင္းမ်ားကို စုစည္းေပးလိုက္ပါတယ္။ 10/6/2019 Huawei က ရုရွားမွာ 5G ကြန္ရက္ တည္ေဆာက္ဖို႔ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ အေမရိကန္နဲ႔ ပူးေပါင္းတဲ့ နည္းပညာ ကုမၸဏီမ်ားအား ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားခံရမယ္လို႔ တရုတ္ သတိေပး 11/6/2019 “Honor က ဒီႏွစ္မွာ…

Leave a Comment

Most from this category